NewsUncategorized

IMX686 64MP ကင်မရာ ၂လုံးပါဝင်လာတဲ့ Redmi K30 Pro

Redmi ဟာ K30 Pro နဲ့ဆက်စပ်တဲ့အချက်အလက်တွေကို Weibo account ကနေ မိတ်ဆက်ခဲ့ပါတယ်။Redmi K30 Pro မှာ 64MP Sony IMX686 sensor ၂လုံးပါဝင်လာပါတယ်။ ပထမတစ်လုံး အဓိက ကင်မရာ၁ခုအဖြစ် အသုံပြုထားပြီး အခြားတစ်လုံးကိုတော့ telephoto အဖြစ်သုံးထားပါတယ်။ ကင်မရာမှာ 3x optical zoom နဲ့ digital zoom ကတော့ အဆ၃၀အထိ ဆွဲနိုင်တာကြောင့် Samsung Galaxy S20/S20+ တို့နဲ့တူပါတယ်။

Redmi K30 Pro ရဲ့ 64MP sensor မှာ 1/1.7 လက်မအရွယ် ကင်မရာ sensor ပါဝင်ပြီး 16MP 1.6μm pixel အတွက် 4-in-1 binning ကိုအသုံးပြုထားပါတယ်။ ကင်မရာက 8K ဗီဒီယိုလည်း ရိုက်ကူးနိုင်ပါတယ်။Redmi K30 Pro ကင်မရာကတော့ ဘက်စုံအသုံးပြုနိုင်ပြီး 0.6x ကနေ 30x အထိ digital zoom ထောက်ပံ့ထားပါတယ်။

ဖုန်းမှာပါဝင်တဲ့ 64MP ကင်မရာ ၂လုံးအတွက် optical image stabilization ထောက်ပံ့ထားပါတယ်။ Redmi K30 Pro မှာ accelerometer အပြင် gyroscope ကအချက်အလက်တွေ ဖော်ပြပေးဖို့ ဝင်ရိုး၄ခုကို ထိန်းချုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။

K30 Pro ကို ပန်းရောင်၊ အပြာ၊ အဖြူအပြင် အရောင်သစ်ဖြစ်တဲ့ မီးခိုးလည်း ထုတ်လုပ်မယ်လို့ မိတ်ဆက်ထားပါတယ်။

Source- GSMArena

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button