NewsUncategorized

Mi 10 မှာ 65 W charger ပါဝင်မှာ မဟုတ်ဘဲ 108 MP ကင်မရာတော့ပါဝင်လာနိုင်

ပြီးခဲ့တဲ့ ရက်အနည်းငယ်က Mi 10 Pro နဲ့ ပတ်သတ်ပြီး ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒိပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ 65 W Charger ကိုပြထားတဲ့ ဓာတ်ပုံတစ်ပုံပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအသစ်ထဲမှာတော့ Mi 10 မှာ Slower charger နည်းပညာ သိုမဟုတ် အရင်က Xiaomi က ပိုင်ဆိုင်ခဲ့ဖူးတဲ့ Charger နည်းပညာအဟောင်းသာပါဝင်နိုင်တယ်လို့ သတင်းထပ်ထွက်လာခဲ့ပါတယ်။

Waibo အကောင့်တစ်ခုဖြစ်တဲ့ Technology B ရဲ့ ထပ်ထွက်လာမယ့် product သစ်အတွက် အသေအချာပြောပြချက်မှာတော့ Mi 10 မှာ 48 W fast charger စနစ်ကိုသာ သုံးစွဲထားလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါဟာဆိုရင် Mi 10 Pro မှာပါဝင်တဲ့ 65 W charger ထက်တော့ နှေးကွေးနိုင်ပြီးတော့ Mi 9 ရဲ့ 30 W charger နဲ့ Mi 9 pro 5G မှာသုံးထားတဲ့ 40 W charger တွေထက်တော့ မြန်ဆန်နိုင်မှာဖြစ်ပါတယ်။

Mi 10 ဟာ Mi 10 Pro လောက်မြန်ဆန်တဲ့ ဘက်ထရီအားသွင်းစနစ်ကို မသုံးထားပေမယ့်လည်း ကြီးမာတဲ့ ဘက်ထရီ တစ်ခုလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Wibo အကောင့်တစ်ခုဖြစ်တဲ့ Digital Station ရဲ့ တစ်လလောက်ကြာပြီဖြစ်တဲ့ ပေါက်ကြားထွက်ပေါ်မှုတွေပေါ်မှာ အခြေခံထားတဲ့ အချက်အလက်တွေအရတော့ Mi 10 pro မှာ ဘက်ထရီပမာဏ 4500 mAh ရှိနိုင်ပြီးတော့ Mi 10 မှာ ပါဝင်တဲ့ ဘက်ထရီမှာ 4800 mAh ရှိနိုင်တယ်လို့ သိရပါတယ်။ 

သူတို့ရဲ့ အချက်အလက်တွေအရ ဘက်ထရီအားသွင်းစနစ်ကို ဖုန်းနှစ်လုံးစလုံးအတွက် သိရှိရခြင်းမရှိပေမယ့် သုံးစွဲနိုင်တဲ့အားသွင်းစနစ်ဟာ Xiaomi ရဲ့ ထွက်ရှိပြီး ဖုန်းမျိုးဆက်တွေထက်တော့ သာလွန်တဲ့ အားသွင်းစနစ်ပါနိုင်တယ်လို့ သိရပါတယ်။ 

Mi 10 နဲ့ Mi 10 pro ဖုန်းမော်ဒယ် နှစ်မျိုးလုံးမှာသုံးထားတဲ့ Processor ကတော့ Snapdragon 865 processor ကိုသုံးစွဲထားကြပြီး 108 MP ကင်မရာပါဝင်လာနိင်ပါတယ်။ အစောပိုင်း ထွက်ပေါ်ချက်တွေအရ Mi 10 မှာ 64 MP ကင်မရာပါဝင်နိုင်တယ်လို့ ဖော်ပြခဲ့ကြပေမယ့် မနေ့က ထွက်ရှိတဲ့ Digital Station အကောင့်ရဲ့ အဆိုအရတော့ 108 MP ကင်မရာကိုသာ သုံးစွဲလာနိုင်တယ်လို့ သိရပါတယ်။ 

အခြားပါဝင်လာနိုင်တဲ့ Feature တွေကတော့  AMOLED Display ကို punch hole နဲ့ ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာ သုံးလာနိုင်မှာဖြစ်သလို အသံစနစ်ကလည်း Stereo speaker တွေပါဝင်ပြီး Android 10 ကိုလည်း သုံးစွဲလာနိုင်တယ်လို့ အချက်အလက်တွေအရသိရပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button