Mobile PhonesNews

Color Changing Glass နှင့် OIS ပါသည့် 64MP Camera သုံးထားသော VIVO V25 အား မကြာမီ မိတ်ဆက်မည်

vivo မှ Color Changing Glass နှင့် OIS အသုံးပြုထားသည့် 64MP Camera ပါဝင်မည့် V25 အား မကြာမီ မိတ်ဆက်သွားရန်ရှိနေသည်ဟုသိရသည်။

vivo သည် ပထမဦးဆုံး  အရောင်ပြောင်းလဲခြင်း နည်းပညာပါဝင်သော နောက်ကျောဖက် Color Changing Glass အား V23 Series တွင် စတင်မိတ်ဆက်ခဲ့ရာမှာ ပြည်တွင်းစမတ်ဖုန်းဈေးကွက်တွင် ပြောစမှတ်ဖြစ်ခဲ့ပါသည်။ အရောင်ပြောင်းလဲခြင်းနည်းပညာ သည်  နေရောင်အောက်တွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့သောအခါတွင် အရောင်ပြောင်းလဲကာ နေရောင်မရှိသောနေရာတွင် မူလပုံမှန်အရောင်သို့ ပြန်လည်‌ရောက်ရှိသွားသည့် ဆန်းသစ်သောဖန်တီးမှုတစ်ခုဖြစ်ပါသည်။

ယခုကဲ့သို့နည်းပညာအား အသုံးပြုသူများမှ သဘောကျနှစ်သက်ခဲ့ကြပြီး အောင်မြင်မှုနှင့် ၀ယ်လိုအား ရရှိခဲ့ခြင်းကြောင့်  vivo သည် လာမည့် V25 စမတ်ဖုန်းတွင်လည်း အရောင်ပြောင်းလဲခြင်းနည်းပညာကို ထပ်မံထည့်သွင်းလာမည်ဟု သိရသည်။

နောက်ဆုံးသိရှိချက်များ အရ  vivo မှ နောက်ဆုံးပေါ်စမတ်ဖုန်းအတွေ့အကြုံများအား  လာမယ့် V Series အသစ်တွင် ပြန်လည်အသက်သွင်းထားသောကြောင့်  V25 သည် ‌ခေတ်မီလှပဆန်းသစ်သောစမတ်ဖုန်း  တစ်လုံး ဖြစ်လာမည်ဟုယုံကြည်ရသည်။ vivo V25တွင် လူငယ်ဓာတ်ပုံဝါသနာရှင်အားလုံးအတွက်  64MP OIS Bokeh Flare Portrait ကျောဘက်ကင်မရာနှင့်အတူ 50MP AF HD Portrait Selfie  ပါရှိလာနိုင်မည့်အပြင် Performance ပိုင်းတွင်လည်း စမတ်ဖုန်းအား အချိန်တိုအတွင်း အားသွင်းနိုင်မယ့် 44W FlashCharge နည်းပညာဖြင့် ပံ့ပိုးထားသော 4500 mAh Battery ပါရှိ လာမည်ဟု မျှော်လင့်ရပါသည်။

Leave a Reply

Your email address will not be published.

Back to top button