News

Galaxy Z Fold 4 နဲ့ Z Flip 4 တို့ကို ဘယ်လိုဝယ်နိုင်မလဲ

Galaxy Z Fold 4 နှင့် Z Flip 4 ခေါက်ဖုန်းစမတ်ဖုန်းအသစ်များအား ကြိုတင်မှာယူလိုသူများအနေနှင့် Samsung Myanmar တွင် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက် မှ  စက်တင်ဘာလ ၁ ရက်နေ့ အထိ ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ မြန်မာငွေ ၄,၇၅၉,၀၀၀ ကျပ် တန်ဖိုးရှိသော Samsung Galaxy Z Fold4 စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Phantom Black၊ Graygreen နှင့် Beige) အနက် ကြိုက်နှစ်သက်ရာ ကြိုတင်မှာယူနိုင်မည် ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးခြားဆန်းသစ်သော အရောင် ၄ မျိုး (Bora Purple၊ Gray၊ Pink Gold နှင့် Blue) ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည့် Galaxy Z Flip4 စမတ်ဖုန်းအား မြန်မာငွေ ၂,၉၅၉,၀၀၀ ကျပ်ဖြင့် ကြိုတင်မှာယူသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်း ၂ မျိုးလုံးအား အခြား‌သောနိုင်ငံတကာ စျေးကွက်များနည်းတူ  5G version ဖြင့် ဝယ်ယူရနိုင်မည့်အပြင် ကြိုတင်မှာယူမည့်သူများ ပိုမို အဆင်ပြေလွယ်ကူမှူ ရှိစေရန်အတွက် Samsung Myanmar မှ Mobile Banking ငွေပေးချေမှုစနစ်အား အပြည့်အဝလက်ခံပေးသွားရန် နှင့် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ SES/IPP Store အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။ 

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများ၌ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည့်အပြင် Samsung Myanmar မှနေ၍ အထူးလက်ဆောင်များ အဖြစ်

–         Galaxy Z Flip4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၄ သိန်းဝန်းကျင်ရှိ 1 x Flap Leather Cover နှင့်  1 x 45W Travel Adapter

–     Galaxy Z Fold4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၅ သိန်းဝန်းကျင်ရှိ 1 x Standing Cover with Spen၊ 1 x 45W Travel Adapter နှင့် 1 x 40W Car Charger

တို့အားပေးအပ်သွားမည် ဖြစ်သည်။

အလားတူပင် သုံးစွဲသူများအနေနှင့် အသစ်မိတ်ဆက်ခဲ့သည့် Galaxy Watch5, Watch5 Pro နှင့် Galaxy Buds2 Pro တို့ကိုလည်း မြန်မာနိုင်ငံတဝန်းရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် မိုဘိုင်းအရောင်းဆိုင်ကြီးများတွင် ယနေ့မှစတင်၍ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဈေးနှုန်းများအနေနှင့် Galaxy Watch5 (40 mm), (44 mm) နှင့် Galaxy Watch5 Pro (45 mm)  တို့အား မြန်မာငွေကျပ် ၆၆၉,၀၀၀ ၊ ၇၃၉,၀၀၀ နှင့် ၁,၀၇၉,၀၀၀ တို့ဖြင့် အသီးသီးဝယ်ယူသွားနိုင်မည် ဖြစ်ပြီး Galaxy Buds2 Pro ကိုလည်း မြန်မာငွေကျပ် ၄၇၅,၀၀၀ ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Flip4 သို့မဟုတ် Z Fold4 စမတ်ဖုန်းများအား ကြိုတင်မှာယူသူများအနေဖြင့် အထက်ဖော်ပြပါ အထူးခံစားခွင့် လက်ဆောင်များအပြင် Galaxy Watch5 / Pro နှင့် Galaxy Buds2 Pro တို့အား ထပ်မံဝယ်ယူပါက ၂၀ % – ၃၀ % အထိ အထူးလျှော့ဈေး ခံစားခွင့်ကိုလည်း Eco Bundle Promotion အစီအစဉ်မှ တဆင့် ထပ်ဆောင်း ခံစားရရှိသွားနိုင်မည် ဖြစ်သည်။

Samsung Care+ အထူးဝန်ဆောင်မှု

ထို့အပြင် ကြိုတင်မှာယူသူများအနေနှင့် အထူးဝန်ဆောင်မှုများအား တစ်နှစ်တိတိ ခံစားခွင့် (အသေးစိတ်အား https://www.samsung.com/mm/ အား ကြည့်ရှုရန်) တို့အပြင် No Worry Crack ဝန်ဆောင်မှုအဖြစ် Galaxy Z Flip4 နှင့် Galaxy Z Fold4 စမတ်ဖုန်းများ၏ အတွင်းမျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အပြင် အပြင်မျက်နှာပြင်အား ၁၀၀% အထိ သက်သာခွင့်တစ်ကြိမ်စီအား (ဝယ်ယူသည့်နေ့မှ တစ်နှစ်အထိ) ခံစားသွားနိုင်မည် ဖြစ်သည်။ 

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့်လဲလှယ်ခြင်း အစီအစဉ်

အထက်ဖော်ပြပါ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များအပြင်  Samsung Myanmar မှ ကြိုတင်မှာယူသူများအား Galaxy S Series နှင့် Note Series စမတ်ဖုန်းမော်ဒယ်များ (Samsung Galaxy S10, Note 8 နှင့်အထက် စမတ်ဖုန်းမော်ဒယ်များ) အပြင် iPhone X စမတ်ဖုန်းမော်ဒယ်နှင့်အထက် ကိုင်ဆောင်ထားသူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား နောက်ဆုံးပေါ် ခေါက်ဖုန်းအသစ်များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ ထို့အပြင် ထပ်ဆောင်း အပိုလက်ဆောင်အနေနှင့် Galaxy Z Flip4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Fold4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၄၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published.

Back to top button