Articles
Trending

OPPO A57 ဆိုတာ ဘယ်လိုစမတ်ဖုန်းလည်း

OPPO က A57 ကို ဈေးကွက်ထဲစရောင်းနေပါပြီ ဒါကြောင့်မို့ ဒီစမတ်ဖုန်းနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်ရဲ့  first impression အမြင်ကိုပြောပြပေးပါမယ်။

A57 ကိုလက်ထဲကိုရောက်လာပြီးကတည်းက တစ်ရက် နှစ်ရက်သုံးကြည့်ပြီးတော့ အတွေ့အကြုံအမြင်ကို ပြန်ပြန်းတော့ Sharing လုပ်ပေးပါမယ်။ OPPO A57 ကို RAM 4 GB memory 64 GB နဲ့ ဈေးနှုန် ၄ သိန်းကျော်ကျော်နဲ့ရောင်းချနေပါတယ်။ ဒါ့ကြောင့်မို့ ဒီဈေးနဲ့ ဝယ်ရမယ့်ဖုန်းက ဘယ်လိုဖုန်းဖြစ်မလဲဆိုတာ တချက်လေ့လာကြည့်ကြရအောင်

OPPO A57 မှာ အရင်ဆုံးသတိထားမိမှာက ဖုန်းရဲ့ သွင်ပြင်ဒီဇိုင်းပါ။ OPPO ဖုန်းတွေတော်တော်များများက ဒီဇိုင်းပိုင်းကောင်းမွန်ကြတယ်။ အခု A57 မှာလည်း သူတို့ရဲ့  ဒီဇိုင်း IDEA ပါလာတာကိုတွေ့ရတယ်။ OPPO Glow Design ပေါ့ ဖုန်းရဲ့အရောင်ကိုတောက်တောက်ပပနဲ့ တွေ့နိုင်ပြီးတော့ Premium Quality Look ကို ခံစားရမှာပါ။ အရောင် ၂ မျိုးနဲ့ ရောင်းချတယ် Glowing Black နဲ့ Glowing Green ဆိုပြီးတော့ ၂ မျိုးရွေးချယ်ဝယ်နိုင်တယ်။

A57 ရဲ့ သွင်ပြင်က ဘေးဘောင်တွေ ပြားပြား ဒေါင်ဝိုင်းဝိုင်းသွင်ပြင်နဲ့တွေ့ရတယ်။ အနောက်က ကင်မရာ bump ဒီဇိုင်းကလည်း ကင်မရာအဝိုင်းကြီးကြီး bump ကြီးကြီးပုံစံဖန်တီးထားတာတွေ့ရတယ်။ ဒီဇိုင်းကတော်တော်လေး မိုက်တယ်။ မြင်တာနဲ့ လိုချင်လောက်တဲ့ ဒီဇိုင်းပဲ။ အနောက်ဘက် ကာဗာက plastic material ဖြစ်ပြီးတော့ ဘေးဘောင်တွေကလည်းပလတ်စတစ်ပါပဲ။ ပြုတ်ကျတာတွေကို အကြမ်းခံအောင် ဖန်တီးထားတယ်လို့ပြောတယ်။ ခြစ်ရာစင်းရာတွေကိုလည်း ခံနိုင်အောင် လုပ်ထားတယ် လက်ရာတွေလည်း မထင်အောင်ဖန်တီးထားတယ်။ ကျွန်တော်သုံးနေတဲ့ တော်လျှောက် စိတ်ညစ်လောက်တဲ့ လက်ရာထင်မှုမျိုးမတွေ့ရဘူး။ ဘေးဘောင်တွေမှာ ထူးခြားတာက Fingerprint sensor ကို power key နဲ့ တခါတည်းတွဲထားတယ်။ အရင်ကလို Fingerprint ပါတဲ့ Powerkey ဆိုပြီးကွဲပြားနေတာမဟုတ်လို့ Fingerprint sensor မပါဘူးလို့တောင်ထင်ရတယ်။ ဒါပေမယ့် Finger print sensor ပါပါတယ်။ အခြား physical key တွေကတော့ ထုံးစံအတိုင်းပဲ ဖုန်းအောက်ဘောင်မှာ Studio jet, type C နဲ့ Speaker ပါတယ်။ အဲ့မှာ စပီကာအကြောင်းပြောရရင် သူက Studio speaker လို့ပြောတယ်။ အောက်ဘက်မှာ စပီကာ တစ်ပေါက်သာပါပေမယ့် studio အသံထွက်ထုတ်ပေးပါတယ်။ ဖုန်းရဲ့ အပေါ်ဘက်ကကော အောက်ဘက်ကကော အသံထုတ်ပေးတယ်။ အဲတော့ အပေါ်ဘက်မှာလည်း စပီကာတစ်လုံးပါမယ့်ပုံပါပဲ။ အသံလည်း တော်တော်ကျယ်တယ်။ Volume ကို အဆုံးအထိမြင့်လိုက်ရင် ultra volume ဆိုပြီးပြောင်းသွားပြီးတော့ အသံပိုပြီး ကျယ်သွားတာကို တွေ့ရတယ်။

အရှေ့ဘက်ဒီဇီုင်းကတော့ Notch ပါတဲ့ ဒီဇိုင်း ထွေထွေထူးထူးပြောစရာ ဒီဇိုင်းတော့မဟုတ်ဘူး။ နောက်ပြီ့း A57 မှာ IPX4 အဆင့်ရှိလို့ ရေစိုတာတွေ ဖုံဝင်တာတွေကို ကာကွယ်ပေးနိုင်သလို ပြုတ်ကျတဲ့အခါမှာလည်း အကြမ်းခံနိုင်အောင် ဖန်တီးပေးထားတယ်။ ပြောရမယ်ဆိုရင်တော့ A57 ရဲ့ သွင်ပြင်ဒီဇိုင်းက တော်တော်လေး လှပြီး Premium look ရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။

A57 ရဲ့ Screen size က ၆.၅၆ လက်မအရွယ်အစားရှိတယ်။ IPS LCD အမျိုးအစားဖြစ်ပြီးတော့ HD+ အရည်အသွေးရှိတယ်။ ကာလာအရောင်ထွက်တွေ ထုတ်ပေးတာကောင်းတာတွေ့ရတယ်။ အလင်းအားလည်း ထုတ်ပေးတာမဆိုးဘူးလို့ပြောရမယ်။ notch ပါတဲ့ ဒီဇိုင်းဆိုပေမယ့် ဘေးဘောင်လေးတွေကို ပါပါးလေးလုပ်ပေးထားလို့ မြင်ကွင်းကို ပိုကျယ်စေတယ်။ အပွတ်အဆွဲလည်း မဆိုးဘူး။ 60 Hz Display အမျိုးအစားဖြစ်တယ်။ ပုံမှန် Social scolling တွေအတွက်နဲ့ ပုံမှန် ဂိမ်းတွေအတွက်ကတော့ အဆင်ပြေတယ်။ အလင်းထုတ်ပေးတဲ့အနေအထားမှာဆိုရင် အလင်းအားများတဲ့ ပတ်ဝန်းကျင်မှာသုံးရင်တောင် အလင်းကို အလိုအလျောက်ချိန်ညှိပေးတယ်။ ညဘက်ဖုန်းအသုံးများတဲ့သူတွေအတွက် eye care ဆိုတဲ့စနစ်ပါလာတယ်။ အရင်က eye protection တွေထက်ဘာကွာလည်းဆိုရင် အရင်ကလို Blue filter လုပ်လိုက်တာအပြင်ကိုမှ ပိုပြီးတော့ ရွေးချယ်လို့ရတဲ့ စနစ်တွေပါဝင်လာတယ်။ Kandle fire တွေလိုမျိုး ဖုန်းကို Black and White ဖြစ်အောင်လုပ်လိုက်ပြီး မျက်လုံးကိုပိုပြီးသက်သောင့်သက်သာရှိသွားစေတယ်။ A57 ရဲ့ Display ကပုံမှန် usage တွေအတွက်ကတော့ သုံးလို့အဆင်ပြေတယ်။

OPPO A57 မှာသုံးထားတာက MediaTek Helio G35 Chipset ကိုသုံးထားတယ်။ ဒီ Chipset က Battery စားသုံးမှုကို အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ နေရာမှာ အားသာချက်ရှိတဲ့ Chip set တစ်ခုပဲ။ အခြား Performance တွေဖြစ်တဲ့ Performance ပိုင်း Gaming ပိုင်းတွေမှာတော့ ပုံမှန်လုပ်ဆောင်ချက်တွေအတိုင်းလုပ်ဆောင်ပေးတဲ့ Chipset ပါပဲ။ A57 မှာ RAM 4 GB နဲ့ ROM 64 GB ဆိုပြီးလာတယ်။ RAM 4 GB ဆိုပေမယ့် RAM 8GB အထိ ROM ကနေ expansion လုပ်နိုင်တယ်။ ဒါကြောင့်မို့ 8GB နဲ့သုံးနိုင်မယ်ပေါ့။ MicroSD ကို 1TB အထိ ထပ်တိုးနိုင်အောင်လည်း အထောက်အပံ့ပေးထားတယ်။ ကျွန်တော် တစ်ရက် ၂ ရက်သုံးကြည့်တာ ပုံမှန် Usage တွေအတွက် အဆင်ပြေတယ်။ App အပြောင်းအရွှေ့တွေလည်း အိုကေပဲ။ Game ကစားရင်တော့ PUBG တို့ Mobile Legend တို့ကို Low Quailty နဲ့ပဲ ကစားနိုင်တယ်။

Camera မှာဆို A57 မှာ အနောက်ဘက်ကင်မရာ ၂ လုံးပါတယ်။ 13 MP တစ်လုံး 2 MP တစ်လုံး။ အရှေ့ဘက်ကင်မရာကတော့ 8 MP ကင်မရာ သုံးထားတယ်။ ကင်မရာအရည်အသွေးက ထူးထူးထွေထွေကြီးမဟုတ်ဘူး။ ပုံမှန်ကင်မရာတွေရဲ့ အရည်အသွေးပဲ။ လင်းအားကောင်းတဲ့အချိန်မှာ ရိုက်တဲ့ ဓာတ်ပုံတွေက ကာလာရုပ်ထွက်ကောင်းတယ်။ Social Media တင်ဖို့အတွက်လုံလောက်တဲ့ ရုပ်ထွက်တွေ ထုတ်ပေးနိုင်တယ်။ Portrait ကလည်း မဆိုးဘူး လုံလောက်တဲ့ ကွာလတီရှိတယ်။ Selfie ရိုက်မယ်ဆိုရင် လင်းအားနည်းတဲ့အနေအထားမှာ Display light နဲ့ ကောင်းမွန်တဲ့ဓာတ်ပုံတွေထုတ်ပေးနိုင်တယ်။ Daytime တွေမှာတော့ Selfie ဓာတ်ပုံတွေ မဆိုးဘူးလို့ပြောရမယ်။ Video ရိုက်မယ်ဆိုရင် 1080p ကို 30 FPS နဲ့ ရိုက်နိုင်တယ်။ image stabilizer ဆိုပြီးသက်သက်မပါပေမယ့် အရမ်းလှုပ်ခါနေတဲ့ Video အရည်အသွေးမဟုတ်ဘူး ရိုက်လို့အဆင်ပြေတယ်။

OPPO A57 မှာပါတဲ့ ဘက်ထရီက 5000 mAh ဘက်ထရီပါတယ်။ ဘက်ထရီပမာဏက မဆိုးလိုပြောရမယ်။ Chipset ကလည်း ဘက်ထရီစားသုံးမှုကို ကောင်းကောင်း Handle လုပ်ပေးနိုင်တဲ့ Chipset ဆိုတော့ ဘက်ထရီကတော့ ကောင်းကောင်းအသုံးခံတယ်။ ပုံမှန် usage တွေအတွက် တစ်ရက်ကျော်ကျော်လောက်အထိအသုံးခံနိုင်တယ်။ နောက်ပြီး ဘက်ထရီအားသွင်းမှာက 33W SUPER VOOC နဲ့ဆိုတော့ တစ်နာရီဝန်းကျင်လောက်နဲ့ အားအမြန်ပြည့်နိုင်တယ်။ ဒါ့ကြောင့် A57 မှာ ဘက်ထရီပိုင်းအားရစရာလို့ပြောရမယ်။

OPPO A57 ဟာ Premium look ရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပြီးတော့ ပုံမှန်ဖုန်း user တွေအတွက်ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။

Leave a Reply

Your email address will not be published.

Back to top button