Articles

2022 မှာ စမတ်ဖုန်း Trend က ဘယ်ကိုသွားနေလဲ

စမတ်ဖုန်းတွေဟာ နှစ်စဉ်နှစ်တိုင်း အသစ်အသစ်တွေနဲ့ ဆန်းသစ်ပြီး ဈေးကွက်ထဲကို ဝင်လာတတ်ပါတယ်။ သာမန်လူတွေအနေနဲ့ကတော့ မသိသာပေမဲ့ စမတ်ဖုန်းတွေအပေါ်မှာ လေ့လာနေတဲ့သူတွေအနေနဲ့ကတော့ စမတ်ဖုန်းတစ်လုံးကို ဘယ်လိုနည်းပညာတွေ ပေါင်းစပ်ထားပြီး ဘယ်လို Trend တွေဘက်ကိုသွားနေတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် အခု ဆောင်းပါးမှာ ၂၀၂၂ ခုနှစ်မှာ Midyear မှာ သွားနေတဲ့ စမတ်ဖုန်း Trend အကြောင်းအရာအချို့ကို ရေးသားပေးသွားပါမယ်။

ဒီဇိုင်းပိုင်းတိုးတက်ပြောင်းလဲမှု

၂၀၂၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်းကို ပြောင်းလဲမှုက မသိမသာ နဲ့ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ အရှေ့ဘက်သွင်ပြင်ဒီဇိုင်းက မကွဲပြားလှပေမယ့် အနောက်ဘက် ဒီဇိုင်းတွေပြောင်းလဲ လာတာကို ပိုပြီးသိသာလာခဲ့တယ်။ Flagship ဖုန်းတွေမှာဆိုရင် အရင်က Glass တွေကို ဖုံးအုပ်ထားပြီး တောက်ပမှုကို ပိုကောင်းအောင် ဖန်တီးခဲ့ကြပေမဲ့ လက်ရာထင်တာ အကြမ်းမခံတာတွေကြောင့် သုံးတဲ့ Material တွေနဲ့ ပုံစံဒီဇိုင်းကို ပြောင်းလဲလိုက်ကြပြီး ပိုပြီး အကြမ်းခံအောင်၊ ပိုပြီး ကိုင်လို့ကောင်းအောင် ဖန်တီးလာတာ တွေ့ရတယ်။

Flagship ဖုန်းတွေမှ မဟုတ်ဘူး Midrange ဖုန်းတွေမှာဆိုရင်တောင်မှ ပိုပြီး အကြမ်းခံတဲ့၊ ပိုပြီး ကိုင်လို့ကောင်းတဲ့ အနေအထားတွေကို ဖန်တီးကြတာ တွေ့ရတယ်။ နောက်ပိုင်း ဖုန်းတော်တော်များများမှာ ဖုန်းကို ခပ်ပြားပြားပုံစံဖြစ်အောင် ဖန်တီးကြတယ်။ အကြမ်းခံတာရော၊ Flat ဖြစ်တာရော၊ ပေါ့ပေါ့ပါးပါး ရှိတာရောအတွက် OPPO ရဲ့ F21 Pro က Trend တွေ အကုန်လုံးနဲ့ ကိုက်ညီအောင် ဖန်တီးပေးထားပါတယ်။ Fiberglass-leather Material ကို သုံးထားတာနဲ့ ပါးလွှာတဲ့ သွင်ပြင်နဲ့ ပေါ့ပေါ့ပါးပါးဖန်တီးထားတယ်။ နောက်ပြီး လက်ရာတွေ ခြစ်ရာတွေ မထင်အောင်ဖန်တီးထားသလို Black Color ရဲ့ Glow Design ကလည်း ကိုင်ရတာ Premium အရည်အသွေးဖြစ်နေတာကို တွေ့ရတယ်။ Color ပိုင်းအနေအထားကို ကြည့်မယ်ဆိုရင်လည်း Mono Color ဒီဇိုင်းကနေ Gradient Color ကိုသုံးလာကြတာ တွေ့ရတယ်။ F21 Pro မှာ Mono Color ကိုသုံးထားတယ်ဆိုပေမဲ့လဲ သူရဲ့ အရောင်ရွေးချယ်မှုတွေ တောက်ပမှုတွေဖြစ်အောင် Glow Design ကို ဖန်တီးထားပြီးတော့ Gradient color အနေနဲ့ဆို ဒီနှစ်ပိုင်းမှာ ထွက်တဲ့ A55 မှာ ရောင်ပြေးကာလာဒီဇိုင်းက တော်တော်လေး လှပတဲ့ရောင်ပြေးနဲ့ ဖန်တီးထားတယ်။

နောက်ပြီးတော့ ဖုန်းတိုင်းက Flat ကြီးပဲတော့ မဟုတ်ကြသေးပါဘူး။ အရင်က 3D Curve Design လို့ ခေါ်တဲ့ 3D Sleek Design တွေကိုလည်း ၂၀၂၂ အထိသယ်ဆောင်လာသေးတာကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ Flat ဖြစ်ပြီး လေးထောင့်ကျကျဖြစ်နေတာကြောင့် ကိုင်ရတာအဆင်မပြေဘဲ ချောချောမွေ့မွေ့ကိုင်ချင်တဲ့သူတွေ၊ လက်ထဲမှာ သက်သောင့်သက်သာရှိချင်တဲ့သူတွေအတွက် 3D Sleek Design က အထောက်အကူဖြစ်တယ်။ OPPO ရဲ့ A16k မှာ အဲ့ဒီဇိုင်းကိုတွေ့ရတယ်။ ခုလက်ရှိ OPPO ကပြုလုပ်နေတဲ့ Monsoon promotion မှာ A16k ကို ၂၉၉,၉၀၀ နဲ့လျှော့ပေးထားတယ်လို့လဲ သိရပါတယ်။

Fast Charging စနစ်

ဖုန်းတစ်လုံးမှာ ဘက်ထရီကြာရှည်အားခံတာက စမတ်ဖုန်းသုံးစွဲသူတိုင်းရဲ့ တောင်းဆိုမှုဖြစ်လာပါတယ်။ 5000 mAh လောက်ရှိတဲ့ ဘက်ထရီတစ်လုံးကို သာမန် Charing စနစ်နဲ့ သွင်းဖို့ ဘယ်လိုမှ အလုပ်မဖြစ်တော့ပါဘူး။ ဖုန်းကို မြန်မြန်အားသွင်းပြီး မြန်မြန်ပြန်သုံးချင်လာကြပါပြီ။ ဒါကြောင့်မို့ အခု ၂၀၂၂ ခုနှစ်မှာ ထွက်တဲ့ ဖုန်းတွေတိုင်းမှာ Fast Charging စနစ်ကို ထည့်သွင်းလာခဲ့ကြတယ်။ Watt တွေများများနဲ့ အားအဝင်မြန်အောင်ဖန်တီး လာကြတယ်။ OPPO မှာဆိုရင် 240 W နဲ့ SUPERVOOC ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ 150 W SUPERVOOC ကိုတော့ oneplus 10 pro မှာ ပါလာဖို့ရှိတယ်လို့ သိရတယ်။

လက်ရှိ ၂၀၂၂ ခုနှစ်မှာ Watt အများဆုံးနဲ့ ဈေးကွက်ဝင်လာတာက GT neo 3 ဖြစ်ပြီးတော့ 150 W Fast Charger ပါဝင်လာတာပဲဖြစ်ပါတယ်။ Watt များတာဟာ ဖုန်းဘက်ထရီရဲ့ သက်တမ်းပေါ်မှာ သက်ရောက်မှု ရှိ မရှိကတော့ မသိနိုင်သေးပါဘူး။ Midrange ဖုန်းတွေထဲမှာဆိုရင် 33Watt, 64 Watt ဆိုပြီး Fast Charging တွေအနေနဲ့ ရှိနေပြီး OPPO မှာဆိုရင် F21 Pro နဲ့ A76 ဖုန်းတွေဟာ SUPERVOOC နဲ့ အထောက်အပံ့ ကောင်းကောင်းပေးထားပါတယ်။ သူတို့မှာ သုံးထားတဲ့ Fast Charging တွေဟာ ၀ ကနေ ၁၀၀ ပြည့်ဖို့အတွက် အချိန် မိနစ် ၇၀ ဝန်းကျင်လောက်ပဲကြာလို့ တော်တော်လေး မြန်ဆန်ရုံသာမကပဲ ဘက်ထရီသက်တမ်းကိုလည်း မထိခိုက်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင်မှ အားသွင်းနေရင်းနဲ့တောင် ဖုန်းသုံးလို့ရပြီး ဖုန်းကို တစ်စုံတစ်ရာမထိခိုက်အောင် ဖန်တီးထားတဲ့အတွက် တော်တော်အဆင်ပြေတဲ့ Fast Charging စနစ်ပဲဖြစ်ပါတယ်။

ကင်မရာ တိုးတက်အဆင့်မြင့်လာမှု

၂၀၂၂ ခုနှစ်မှာ စမတ်ဖုန်းကင်မရာတွေရဲ့ အဆင့်အတန်းက တိုးတက်ပြောင်းလဲလာခဲ့တယ်။ ပြောရရင် လိုအပ်ချက်နဲ့ ပိုကိုက်တဲ့ ကင်မရာ စနစ်တွေကိုပဲ ပိုပြီး အသားပေးလာကြတဲ့ သဘောပါပဲ။ ကျန်ခဲ့တဲ့ နှစ်တွေက ကင်မရာတွေကို ပြွတ်သိပ်ထည့်ပြီး ပိုကောင်းလာမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ့်တကယ်မှာ ထင်သလောက် မဟုတ်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီနှစ်ပိုင်း ထွက်သမျှဖုန်းတော်တော်များများမှာ ကင်မရာ ၃ လုံးကိုပဲ အများဆုံး သုံးလာကြတယ်။

ကင်မရာရဲ့ Sensor တွေကလဲ ပိုကောင်းလာခဲ့ပြီး အလင်းကို ပိုမို သိရှိအောင် ဖန်တီးလာတဲ့အတွက် အလင်းအားနည်းတဲ့အနေအထားတွေမှာတောင် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ကင်မရာနည်းပညာတွေထဲမှာလည်း ထူးခြားတဲ့ နည်းပညာတွေပါဝင်လာပြီး OPPO ရဲ့ F21 Pro မှာဆိုရင် Micro နည်းပညာကို အကောင်းဆုံးပုံဖော်ပြနိုင်တဲ့အတွက် လူစိတ်ဝင်စားမှု များပြားခဲ့ပါတယ်။ Micro ဓာတ်ပုံတွေဟာလည်း ရင်သပ် မောစရာပါပဲ။ နောက်ပြီး Portrait Photography နည်းပညာတွေ Pro camera တွေရဲ့ နည်းပညာတွေဟာလည်း တစ်ဆင့်မြင့်လာခဲ့ပါတယ်။

Display နည်းပညာ

၂၀၂၂ ခုနှစ်မှာ ဖုန်းတော်တော်များများ ရဲ့ Display တွေက ပိုကောင်းလာပါတယ်။ IPS LCD ပဲဖြစ်ဖြစ် AMOLED ပဲဖြစ်ဖြစ် ပိုကောင်းလာခဲ့ပြီး အရောင်ထွက် ရုပ်ထွက်တွေလဲ ကောင်းမွန်လာတယ်။ Flagship တွေကတော့ OLED Display တွေကို သုံးလာပြီး Foldable Display တွေကြောင့်ပဲ Foldable ဖုန်းတွေ အများအပြား ပေါ်လာခဲ့ပါတယ်။

Z Fold 3, Zflip 3 နဲ့ OPPO မှာဆိုရင် Find N စမတ်ဖုန်းတွေဟာဆိုရင် Foldable Display တွေ သုံးထားတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။ Punch Hole နည်းပညာကလည်း ရှေ့တန်းရောက်လာခဲ့ပြီး Notch တို့ pop up ကင်မရာတွေထက် ဒီနှစ်ပိုင်းမှာ ပိုပြီး အသုံးပြုတာများလာခဲ့တယ်။ Punch Hole က မြင်ကွင်းကိုပိုပြီး ကျယ်ကျယ်မြင်ရတာအပြင် ဖုန်းဒီဇိုင်းကိုလည်း ပိုမိုကောင်းမွန်စေ တာကြောင့် ၂၀၂၂ ခုနှစ်ရဲ့ Midrange ဖုန်းတော်တော်များများမှာ မြင်တွေ့ရတယ်။ Punch Hole ကင်မရာသုံးတဲ့ ဖုန်းတွေဟာဆိုရင် OPPO ဖုန်းတွေထဲမှာ OPPO F21 pro, A76 နဲ့ A55 တို့မှာလဲ ပါဝင်လာခဲ့ပြီး အခြားသော Midrange smart phone တွေမှာလဲ တွေ့မြင်ခဲ့ရပါတယ်။

OPPO ရဲ့ စမတ်ဖုန်းများဟာ ၂၀၂၂ ခုနှစ်ရဲ့ Trend တော်တော်များများကို လိုက်မီခဲ့ပြီး ဒီဇိုင်းပိုင်း၊ ထူးခြားတဲ့ ကင်မရာစနစ်နဲ့ Fast Charging စနစ်တွေဟာ ၂၀၂၂ ခုနှစ်မှာ လူစိတ်ဝင်စားအောင်ဖန်တီးခဲ့ တာမို့ ဈေးကွက်ထဲမှာ လူကြိုက်များခဲ့ပါတယ်။ OPPO ဟာ အခုဆိုရင် Million Winners ဆိုတဲ့ Monsoon Promotion ကို26 ရက် ဇွန်လကနေ 31 ရက် ဇူလိုင်လအထိပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရ ပါတယ်။ အသေးစိတ်သိရှိလိုပါက OPPO page ရဲ့ Million winners campaign Post မှာ သွားရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

Back to top button