Mobile PhonesNews
Trending

ဆန်းသစ်သည့် လိုင်းစင်းအလှတရားဒီဇိုင်းနှင့် စွမ်းရည်မြင့် Unisco T612 Processor ပါဝင်သည့် realme C30 ကို မကြာမီ မိတ်ဆက်ရောင်းချပေးရန်ရှိ

realme Myanmar မှ နောက်ထပ်ထုတ်ကုန်သစ်ဖြစ်သည့် realme C30 ကို မကြာမီ မိတ်ဆက်ရောင်းချ ပေးသွားမည်ဖြစ်သည်။ “စျေးနှုန်းတန်ပြီး ဒီဇိုင်းလန်း၊ စွမ်းဆောင်ရည်မှာ ပိုပြီးကြမ်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စျေးနှုန်းသင့်တင့်ပြီး ဆန်းသစ်သည့် လိုင်းစင်းအလှတရားဒီဇိုင်းကို ထိတွေ့ခံစားနိုင်မည့်အပြင် ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်များကို အသုံးပြုနိုင်မည့် realme C30 မှာ လူငယ်များ စွဲလမ်းနှစ်သက်သည့် စမတ်ဖုန်း ဖြစ်လာရန်ဖန်တီးထားပါသည်။

realme C30 တွင် ခရီးဆောင်အိတ်ကို အခြေခံထားသည့် လိုင်းစင်းအလှတရားဒီဇိုင်း ဖန်တီးထားသဖြင့် realme C30 ကို ကိုင်ဆောင်ထားခြင်းသည် ခရီးထွက်နေသော ခံစားမှုမျိုး ရရှိစေပါမည်။ ပါးလွှာသည့် ၈.၅ မီလီမီတာ အထူရှိသည့်အတွက် ကျစ်လျစ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူနေသည့် ခံစားချက်ကို တစ်ပြိုင်တည်း ထပ်မံရရှိစေပါမည်။

realme C30 ၏ စွမ်းဆောင်ရည်ကြမ်းသည့် Octa-core အမျိုးအစားစွမ်းရည်မြင့် Unisoc T612 processor မှာ AnTuTu စစ်ဆေးရမှတ် မြင့်မားစွာရရှိထားသောကြောင့် တည်ငြိမ်ချောမွေ့သည့် ဂိမ်းဆော့ခြင်းနှင့် ဖျော်ဖြေမှု အတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။ စွမ်းဆောင်ရည်ကြမ်းသည့် နောက်တစ်ချက်မှာ UFS 2.2 သိုလှောင်မှုစနစ်ပါရှိပြီး ပိုမိုမြန်ဆန်သည့် file ပြောင်းရွေ့ခြင်း၊ app ဖွင့်ခြင်းတို့ကို ပေးစွမ်းမှာဖြစ်ပါသည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင်လည်း ပြတ်သားသည့် 8MP AI ကင်မရာကို တပ်ဆင်ပေးထားပါသည်။ ရှေ့ဘက် ကင်မရာအတွက် 5MP ရှိသောကြောင့် လှပပြတ်သားသည့် Selfie အလှပုံများကို ရှုထောင့်ပေါင်းစုံကနေ လှလှပပ ဖမ်းယူရိုက်ကူးနိုင်ပါသည်။

ကြီးမားသော ၆.၅ လက်မ မြင်ကွင်းကျယ် မျက်နှာပြင်နှင့် ကြီးမားသော 5000 mAh ဘက်ထရီပါဝင်သောကြောင့် တနေ့တာစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ realme C30 ကို 2GB+32GB နှင့် 4GB+64GB ဗားရှင်းနှစ်မျိုး ရောင်းချသွားမည်ဖြစ်ပြီး Lake Blue နှင့် Denim Black ဆိုပြီး ကြွရွလှပသည့် အရောင်နှစ်မျိုးထဲမှ ရွေးချယ်နိုင်မှာ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.

Back to top button