Articles
Trending

OPPO F21 Pro : ထူးခြားကွဲပြားနေတဲ့ ကင်မရာပုံရိပ်

ဒီဆောင်းပါးမှာတော့ OPPO F21 Pro နဲ့ ပတ်သက်ပြီး ကင်မရာပိုင်းဆိုင်ရာကို သီးသန့်ပြောပြလိုပါတယ်။ OPPO က ဈေးနှုန် ၆၂၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ F21 Pro ရဲ့ ကွဲပြားခြားနားတဲ့ ကင်မရာပိုင်းဆိုင်ရာအချက်အလက်အချို့ကို ပြောပြပေးပါမယ်။ OPPO က မိုဘိုင်းဖုန်းကင်မရာနဲ့ ပတ်သက် ပြီး သမိုင်းကြောင်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ F series နဲ့ Selfie ကင်မရာတွေမှာ ထိပ်တန်းရောက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်။ AI စနစ်တွေ ပေါင်းစပ်ပါဝင်မှုတွေနဲ့ မိုဘိုင်းဖုန်း ကင်မရာနဲ့ ပတ်သက်ပြီး ရှေ့တန်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်မှ Pop up ကင်မရာ နည်းပညာမှာဆိုရင် ဟိုးအရင်က OPPO N1  မှာ အရှေ့ဘက်ကင်မရာကော နောက်ဘက်ကင်မရာပါ Rotate လုပ်လို့ရတဲ့ ကင်မရာနည်းပညာကိုတောင် ဖန်တီးခဲ့ပြီး ဖုန်းကင်မရာတွေရဲ့ နည်းပညာတွေကို ရှေ့တန်းရောက်စေခဲ့ပါတယ်။ အရေအသွေးကောင်းမွန်တဲ့ ဓာတ်ပုံ တွေရရှိနိုင်အောင် Sony ရဲ့ Image Sensor တွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်ခဲ့လို့  OPPO က ကင်မရာကောင်းတဲ့ စမတ်ဖုန်းအဖြစ် နာမည်ရခဲ့ပါတယ်။ ။

အခု Camera အရည်အသွေးနဲ့ ပတ်သက်ပြီး ပြောပြမဲ့ F21 Pro ရဲ့ ကင်မရာစနစ်ဟာဆိုရင်  အရှေ့ကင်မရာကော နောက်ဘက်ကင်မရာမှာ ထူးခြားကွဲပြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ F21 Pro မှာ ကင်မရာပိုင်း ဘာတွေ ထူးခြားနေလဲဆိုတာကို ဆက်ပြီးပြောပြပါ့မယ်။

Sony ရဲ့ Ultrasensing IMX709 ပါဝင်လာတဲ့ Selfie ကင်မရာ

OPPO က F series တွေမှာ Selfie နဲ့ပတ်သတ်ပြီး နာမည်ကောင်းတွေ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ အခု F21 Pro မှာလည်း ထူးခြားချက်အနေနဲ့ Sony ရဲ့ Ultra-sensing IMX709 ကို 32MP Selfie ကင်မရာမှာ စသုံးထားတာပဲဖြစ်ပါတယ်။ ဒီ Sensor ရဲ့ လုပ်ဆောင်ချက်က Pixel Binning လုပ်တဲ့အခါမှာ ယခင်က RGGB Sensor မှာထက်ပိုပြီး RGBW ဖြင့်လုပ်ဆောင်တဲ့အတွက် အလင်းကို 16 Light Detector အဖြစ် Pixel 16 ကွက်နဲ့ ဖမ်းယူတာကြောင့် အလင်းကို ပိုသိပြီး အလင်းအားနည်းတဲ့အနေအထားမှာတောင် ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ 

HDR စနစ်မှာဆိုရင်လည်း ပိုမိုကောင်းလာပြီး အလင်းအမှောင်ကို အကောင်းဆုံးအလိုအလျောက် ချိန်ညှိပေးနိုင်တာကြောင့် Dynamic Range က ပိုကောင်းလာပြီး အလင်းကို ကျောပေးထားတဲ့ အနေအထားမှာတောင် Subject က အလင်းအမှောင်ကောင်းကောင်း ထိန်းချုပ်ပေးနိုင်တာ တွေ့ရပါတယ်။

အံ့ဩစရာ Micro နည်းပညာ

OPPO F21 Pro မှာ အမှန်တကယ်ကို ထူးခြားတဲ့ နည်းပညာတစ်ခုက Micro ကင်မရာပဲဖြစ်ပါတယ်။ သေးငယ်လွန်းလှတဲ့ အရာတွေကို Micro ကင်မရာနဲ့ 15 ဆ သို့မဟုတ် အဆ ၃၀ အထိ ဆွဲယူရိုက်ကူးနိုင်ပြီး ရလာတဲ့ ဓာတ်ပုံတွေကလည်း Detail တွေ ကောင်းမွန်တာကို တွေ့ရတယ်။ Micro Photography ကို ကြိုက်ကြတဲ့သူတွေ သဘောကျမယ့် ကင်မရာနည်းပညာပဲဖြစ်ပါတယ်။ ကျွန်တော် ဒီ Microlens နဲ့ပတ်သက်ပြီး တခြား Article တစ်ပုဒ်မှာ အသေးစိတ်ပြောထားတာရှိပါတယ်။ 

Portrait ဓာတ်ပုံကောင်းတွေ

Portrait ဓာတ်ပုံဟာ အလှဓာတ်ပုံရိုက်တဲ့အခါမှာ တကယ့်ကို မရှိမဖြစ်ပါပဲ။ ကင်မရာမှာဆိုရင် Focal Length 1.2 လောက်ဆိုရင် တော်တော်ကြီးကို ကောင်းမွန်တဲ့ Bokeh Effect ကို ရရှိနေပြီဖြစ်ပါတယ်။ ဖုန်းကင်မရာတွေမှာတော့ Bokeh Effect ကို AI နဲ့ ဖန်တီးထားပြီး Depth Sensor ကနေ လုပ်ဆောင်ပေးပါတယ်။ OPPO F21 Pro မှာ Selfie ကင်မရာမှာကော အနောက်ဘက်ကင်မရာမှာပါ Portrait ဓာတ်ပုံတွေအတွက် လုပ်ဆောင်မှုကောင်းတွေ ပါဝင်နေတာ တွေ့ရပါတယ်။

Bokeh Effect လုပ်ဆောင်မှုတွေကို AI နဲ့ လုပ်ဆောင်ရာမှာ Lens Blur နဲ့ အနီးစပ်ဆုံး တူညီအောင် လုပ်ဆောင်ပေးထားတာ တွေ့ရတယ်။ အရှေ့ဘက်ကင်မရာမှာကော အနောက်ဘက်ကင်မရာမှာပါ Portrait Mode ကို သုံးပြီး ရိုက်ကူးနိုင်ပါတယ်။ F Number ကိုလဲ ကိုယ်လိုအပ်သလို ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။ နောက်ပြီး Filter တွေလဲ ပါဝင်ပြီး ကြိုက်နှစ်သက်တဲ့ Filter ကို ရွေးချယ်နိုင်ပြီး ကျွန်တော်ကတော့ Bokeh Flare Portrait နဲ့ B&W Filter ကို ကြိုက်တယ်။

Ultra HD နဲ့ 64MP ဓာတ်ပုံအရည်အသွေး

OPPO F21 Pro မှာ အနောက်ဘက်ကင်မရာ 64MP ပါဝင်ပါတယ်။ ရိုက်သမျှကို 64MP နဲ့ ရိုက်ကူးတာမဟုတ် ဘဲ 64MP ကို ရွေးပြီးမှ ရိုက်ကူးရတာပါ။ အရင် 64MP နဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ AI အထောက်အပံ့တွေ မပါဝင်ပါဘူး။

အခုနောက်ပိုင်းဖုန်းတွေမှာတော့ AI တွေ HDR တွေကို ပေါင်းစပ်ပေးလိုက်ပြီး Resolution မြင့်တဲ့ ပုံတွေမှာ AI အထောက်အပံ့တွေ ပါဝင်လာတဲ့အတွက် အရောင်အသွေးအထောက်အပံ့တွေပါ ပိုကောင်းသွားပါတယ်။ နောက်ပြီး Ultra Clear 108MP ပုံရိပ်တွေ ရရှိဖို့ ရိုက်ကူးမယ်ဆိုရင်လဲ Resolution Pixel တစ်သောင်းကျော်တဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

အခြားအသုံးဝင်တဲ့ ရိုက်ကူးမှုစနစ်များ

OPPO F21 Pro မှာ Night Mode, Pro နဲ့ Video စနစ်တွေကလည်း အဆင့်မီတဲ့ လုပ်ဆောင်မှုတွေ ပါဝင်ခဲ့ပြီး ရလဒ်တွေလဲ ကောင်းတာတွေ့ရတယ်။ Night mode ဆိုရင် လက်နဲ့ ကိုင်ရိုက်တဲ့အခါမှာ တုန်ခါနေခြင်း မရှိဘဲ လုပ်ဆောင်ချက် မြန်ဆန်တာ တွေ့ရတယ်။ ရတဲ့ဓာတ်ပုံတွေလဲ ကောင်းပါတယ်။

နောက်ပြီး ဗီဒီယိုရိုက်ကူးတဲ့အခါမှာ Full HD အထိ ရိုက်ကူးနိုင်ပြီး ရိုက်တဲ့အခါမှာ တုန်ခါနေတာမျိုး မရှိဘဲ လက်နဲ့ ကိုင်ရိုက်လို့ အဆင်ပြေပါတယ်။ နောက်ပြီး Pro Mode ကလည်း Photography သမားတွေ ရိုက်ကူးလို့ အဆင်ပြေတဲ့ အနေအထားမှာ ရှိပါတယ်။

OPPO F21 Pro ရဲ့ အခြားစိတ်ဝင်စားစရာအချက်များ

OPPO F21 Pro မှာ Performance အနေနဲ့ Qualcomm Snapdragon 680 (6nm) ကိုသုံးထားပြီး 8/128 GB ဆိုပြီးဈေးကွက်ဝင်လာပါတယ်။ ဘက်ထရီစနစ်မှာဆိုရင်လည်း 4500 mAh ဘက်ထရီပါဝင်လာပြီး 33W SUPERVOOC Flash Charging ကို အထောက်အပံ့ ပေးထားပါတယ်။

OPPO F21 Pro ကို ၆၂၉၉၀၀ ကျပ်နဲ့ရောင်းချနေပြီး OPPO ရဲ့  ဘယ် စမတ်ဖုန်းကိုမဆို  ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ အထိ သတ်မှတ်ကာလအတွင်း ဝယ်ယူသူ Customer တွေအတွက်  Million Winners Monsoon Promotion ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီ သတ်မှတ်ကာလအတွင်း အပတ်စဉ်တိုင်းမှာ ဆုငွေ ၁ သန်း ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးအပြင် တခြား ဆုလက်ဆောင်တွေ ကံထူးနိုင်မဲ့ အစီအစဉ် တစ်ခုကို OPPO Myanmar Facebook Page ကနေ စတင်မိတ်ဆက်ပေးနေပြီဖြစ်ပြီး ပထမဆု ၁ သန်း ကျပ် (၉ ဆု)၊ ဒုတိယဆု OPPO Watch (41mm) ဆု (၁၅ ဆု)၊ တတိယဆု OPPO Band ဆု (၃၀ ဆု) တို့ကို ကံထူးနိုင်မှာဖြစ်ပါတယ်။

ဒါ့ အပြင် OPPO ကနေ Customer တွေအတွက် F21 Pro၊ A76၊ A55၊ A16K ဖုန်းတွေကို သတ်မှတ်ကာလအတွင်း ဝယ်မယ်ဆိုရင် လျှော့ဈေးနဲ့ လက်ဆောင်များ ပေးအပ်သွားမည့် နောက်ထပ် အထူး အစီအစဥ်တစ်ခုလဲ ထပ်မံရှိသေးပါတယ်။ ဒီအထူးအစီအစဥ်တွေနဲ့ ပတ်သက်၍ အသေးစိတ်အချက်အလက်တွေ၊ ပါဝင်ကံစမ်းနိုင်တဲ့ အချက်အလက်တွေကို ပိုမိုသိရှိလိုပါက OPPO Myanmar ၏ Official Facebook Page မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button