Mobile Phones

vivo က V23e ကို Limited edition အနေဖြင့် အရောင်အသစ်ကို မိတ်ဆက်သွားမည်

vivo ၏ V23 စီးရီးတွင် ၎င်း၏ စွမ်းဆောင်ရည်ကောင်းမွန်သော Features များကြောင့် မြန်မာပြည်စျေးကွက်တွင်း အောင်မြင်မှုတစ်ခုအနေဖြင့် ရပ်တည်နိုင်ခဲ့သည်။ စတင်ရောင်းချချိန်မှစ၍ V23e ၏ အဓိက Features များဖြစ်သည့် ဓာတ်ပုံပညာနှင့် ဒီဇိုင်းအား တွဲဖက်ပေါင်းစပ်ထားပေးသောကြောင့် သုံးစွဲသူများအတွက် သဘောကျနှစ်သက်ခဲ့သော စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့သည်။ V23e သည် ငွေကုန်ကြေးကျ သက်သာပြီး ခေတ်မှီဆန်းသစ်တဲ့ နည်းပညာ သုံးစွဲချင်သူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုလည်းဖြစ်သည်။ ယခုအခါ vivo မှ လူတိုင်းနှစ်သက်စေမည့် အရောင်အသစ်ဖြစ် V23 series ၏ V23e ကို Limited edition ဖြင့် မကြာခင် မြန်မာပြည်စျေးကွက်ထဲတွင် မိတ်ဆက်ပေးမည် ဖြစ်ပါသည်။

ယခုထွက်ရှိမည့် V23e တွင် ယခင် အရောင်များမှ ပါဝင်ခဲ့သည့်အတိုင်း အရည်အသွေးမြင့် ကင်မရာစနစ်ဖြစ်သည့် 50MP AF Portrait Selfie Features ပါရှိတာကြောင့် သုံးစွဲသူများအတွက် အကောင်းဆုံး Selfie ဓာတ်ပုံများရရှိမည်ဖြစ်သည်။ Fluorite AG glass ဖြင့် အထူ 7.41 မီလီမီတာသာရှိသော ပေါ့ပါးပြီး လှပသည့် ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော စမတ်ဖုန်းဖြစ်သည်။ ယခု အသစ်ထွက်ရှိမည့် V23e တွင် အရည်အသွေးမြင့် လုပ်ဆောင်ချက်များအားလုံးပါဝင်ပြီး မတူညီကွဲပြားလှပသော အရောင်ဖြင့် ပေါင်းစပ်ထားသည်။ 

V23e တွင် အခြားသော ဖြစ်လုပ်ဆောင်ချက်များသည့် AI Extreme Night Portrait နှင့် ရှေ့ကင်မရာတွင် Multi-Style Portrait တို့ လည်း ပါဝင်ထားပါသည်။ စွမ်းဆောင်ရည်မြှင့်တင်ထားသော Double Exposure mode၊ Dual-View Video နှင့် Steadiface Selfie video mode တို့သည်လည်း ရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ ကျောဘက်ကင်မရာမှ Bokeh Flare Portraits နှင့် Super Night Mode တို့ပါဝင်သည့် 64MP Night camera ဖြစ်ပါသည်။ V23e မှ Extended RAM 2.0 နှင့် 128GB RAM တို့ဖြင့်ရရှိနိုင်ပြီး အမှတ်တရများအားလုံးကို လုံလောက်စွာသိမ်းဆည်းနိုင်သည့်အပြင် 44W Flashcharge နှင့် Funtouch OS 12 တို့ပါ ပါ၀င်ပေါင်းစပ်ဖန်တီးထားသောကြောင့်   ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်း ဖြစ်သည်။ 

 vivo မှ  မကြာခင်မိတ်ဆက်ပေးတော့မည့် V23e Limited Edition တွင် ဘယ်လို အရောင်အသစ် ဆန်းဆန်းပြားပြားဖြင့် ထွက်ရှိမည်ဆိုတာ စိတ်ဝင်စားနေကြပြီး သုံးစွဲသူများကြိုက်နှစ်သက်သော နည်းပညာနဲ့ ဒီဇိုင်းဖန်တီးမှုအပိုင်းတွင် ပြီးပြည့်စုံစွာပါ၀င်ဖို့ မျှော်လင့်ထားပါသည်။

Leave a Reply

Your email address will not be published.

Back to top button