Mobile PhonesNews
Trending

HM6 Image Sensor သုံး 108MP ကင်မရာပါဝင်တဲ့ realme 9 ကို မြန်မာနိုင်ငံမှာတရား၀င် မိတ်ဆက်

realme Myanmar က realme 9 series ရဲ့ နောက်ထပ်ထုတ်ကုန်အသစ်ဖြစ်တဲ့ realme 9 စမတ်ဖုန်းအသစ်ကို ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှာ အွန်လိုင်းကနေတဆင့် မိတ်ဆက်ပေးလိုက်ပါတယ်။ ဖန်တီးရိုက်ချက်အလင်းစက် ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အဆိုပါမိတ်ဆက်ပွဲမှာ realme 9 ဟာ Flagship Camera ရိုက်ကူးမှုအတွေ့အကြုံတွေ ရရှိနိုင်မယ်လို့ ဆိုထားပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့ဆိုရင် ကမ္ဘာ့ပထမဆုံး လှိုင်းတွန့်ရုပ်ကြွဒီဇိုင်း (Ripple Holographic Design) အသွင်အပြင်ရှိတဲ့ realme 9 ကို ၅၃၉,၉၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။
realme 9 မှာဖန်တီးထားတဲ့ လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းဟာ ကန္တာရ သဲခုံလွှာလေးတွေကိုအခြေခံပြီးတော့ ဆန်းသစ်တဲ့ Plasma Atom အပေါ်လွှာထပ်လောင်းခြင်း နဲ့ UV-Nano ပုံရိုက်ခြင်းလုပ်ဆောင်မှုတို့ဆီကနေ ခက်ခဲ့တဲ့ထုတ်လုပ်မှုအဆင့်ဆင့်တို့ကိုကျော်ဖြတ်ပြီး ဖန်တီးထားခြင်းဖြစ်တယ်လို့သိရပါတယ်။ လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းနဲ့ ခမ်းနားတဲ့ realme 9 ဟာ 178 g အလေးချိန်ရှိပြီးတော့ 7.99mm အထူသာရှိတဲ့အတွက် သွယ်လျပါးလွှာပြီး လှပတင့်တယ်ခြင်း ခံစားချက်ကို ရရှိစေတယ်လို့သိရပါတယ်။

realme 9 ရဲ့ နောက်ထပ်ထူးခြားချက်ဟာဆိုရင် ဓာတ်ပုံရိုက်ကူးမှုတွေမှာ လုပ်ဆောင်ချက် အသစ်တွေနှင့်အတူ ရုပ်ထွက်အားနဲ့ အလင်းဝင်အားတို့ကို ပိုမိုကောင်းမွန်စွာရရှိစေဖို့နဲ့ ပရိုဆန်တဲ့ 108MP ကင်မရာအမျိုးအစား ကိုအသုံးပြုပေးထားတယ်လို့သိရပါတယ်။ realme 9 အတွက် အထူးထုတ်လုပ်ပေးထားတဲ့ Samsung ရဲ့ HM6 Image Sensor ကို ထည့်သွင်းအသုံးပြုထားတာကြောင့် အရင်က HM2 Image Sensor ထက် အလင်းစုပ်ယူ အားဖြည့်မှုအပိုင်းမှာ ၁၂၃ ရာခိုင်နှုန်းအထိ ပိုမိုအားကောင်းသွားစေမှာဖြစ်ပါတယ်။ realme 9 မှာပါဝင်တဲ့ HM6 Image Sensor က Nanopixel Plus နည်းပညာကိုအသုံးပြုထားတာဖြစ်ပြီး 9-sum Pixel Binning အားသာချက်ကြောင့် လုံလောက်ပြည့်ဝတဲ့ အလင်းအားကိုရရှိစေပြီးတော့ အလင်းရောင်အားနည်းတဲ့ ပတ်ဝန်းကျင်တွေမှာ ပိုမိုပြတ်သားကြည်လင်တဲ့ ပုံတွေကို ရိုက်ကူးနိုင်စေမှာပဲဖြစ်ပါတယ်။ ဓာတ်ပုံတစ်ခု အတွက် အဓိကအဟန့်အတားဖြစ်တဲ့ Noise (ပုံဖွယ်ခြင်း) ကိုပါ အနည်းဆုံးအဖြစ်လျှော့ချပေးထားနိုင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ဓာတ်ပုံရိုက်ကူးခြင်းကို realme 9 နှင့်အတူ ရရှိစေမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် HM6 Image Sensor မှာ Hardware အခြေပြု In-sensor Ultra Zoom စနစ်ပါဝင်တာကြောင့် အဝေးမြင်ကွင်းတွေကို ၃ဆချဲ့ယူရိုက်ကူးနိုင်သလို အနုစိပ် အရည်အသွေးကိုရရှိစေမှာပဲဖြစ်ပါတယ်။ မြင်ကွင်းကျယ်ရိုက်ကူးမှုအတွက်ဆိုရင် ၁၂၀ ဒီဂရီအထိမြင်ကွင်းကျယ်စေတဲ့ Super Wide ကင်မရာကို ထည့်သွင်းပေးထားပြီး Street Photography Mode 2.0 မှာဆိုရင်လည်း လူငယ်တွေအကြိုက် filter တွေကို အသုံးပြုပြီး ဖန်တီးမှုများစွာ စိတ်ကြိုက်လုပ်ဆောင်နိုင်မယ်လိုသိရပါတယ်။

realme 9 ရဲ့ Display ဟာဆိုရင်လည်း အရောင်ရွှန်းစိုတဲ့ 90Hz Super AMOLED မျက်နှာပြင်နဲ့အတူ လက်ဗွေဖတ်စနစ်ကို မျက်နှာပြင်အောက်တွင် ထည့်သွင်းပေးထားပါတယ်။ အဲ့ဒိလက်ဗွေဖတ်စနစ်မှာပဲ ကျန်မာရေးအတွက် အသုံး၀င်တဲ့ feature တစ်ခုဖြစ်တဲ့ နှလုံးခုန်တိုင်းတာပေးမည့် Heart-rate ဆင်ဆာ ကိုပါထည့်သွင်းပေးထားပါတယ်။

Leave a Reply

Your email address will not be published.

Back to top button