Articles

VIVO V23 5G ဆိုတာ ဘာလည်း

vivo V23 5G သည် လတ်လတ်ဆတ်ဆတ် မိတ်ဆက်ထားသော စမတ်ဖုန်းမဟုတ်ပါ။ အမှန်တကယ်မျာ ၎င်းသည် တရုတ်နိုင်ငံတွင် vivo S12 နာမည်ဖြင့် V23ကို 2021 ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ ထို့အပြင်၊ ၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီ 2022 တွင် တစ်ကမ္ဘာလုံးသို့ စတင်ရောင်းချခဲ့သည်။

သို့သော် တရုတ်နှစ်သစ်ကူးပြီးပြီးချင်းမှာပဲ vivo V23 5G ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပြီး “ဒါဟာ သင်လက်လွတ်မခံချင်တဲ့ ဖုန်းဖြစ်ပါတယ်”။

Box ထဲမှာဘာတွေပါလည်း

vivo V20 နှင့် V21 ပါရှိသော “V” Box များနှင့် မတူဘဲ၊ V23 5G ၏ Box သည် V23 အမှတ်တံဆိပ်၏နောက်ကွယ်တွင် သိမ်မွေ့သော “23” နံပါတ်ပါသည့် တောက်ပြောင်ပြီး နက်ပြာရောင် Box ဖြင့် ထည့်သွင်းထားသည်။

ထို holographic chiseled text styling အသစ်သည် ကောင်းမွန်တဲ့ အထိအတွေ့တစ်ခုလည်း ဖြစ်ပါသည်။

Box ကို ဖွင့်လိုက်သည့်အခါ ဖုန်းနှင့် စတင်ပြီးထိတွေနိုင်မည်ဖြစ်သည်။

Box ထဲမှ ဖုန်းကိုယူလိုက်သည်နှင့်အောက်ဘက်တွင် သင့်ဖုန်း၏ အစောပိုင်းကာကွယ်မှုအဖြစ် လုပ်ဆောင်ပေးသည့် ပျော့ပျောင်းသော ဆီလီကွန်အိတ်ကို တွေ့ရမည်။

ယင်းတို့၏အောက်တွင် စာရွက်စာတမ်းများပါဝင်သည်။

အံ့သြစရာကောင်းသည်မှာ ယနေ့ခေတ်စမတ်ဖုန်းအသစ်အများစုမှာ မရနိုင်သည့် ကောင်းမွန်သောအချက်များ တွေရှိနေရတုန်းဖြစ်သည်…

… 44W vivo FlashCharge adapter ကဲ့သို့သော အားသွင်းကိရိယာ အပါအဝင်။

Box အတွင်းရှိ နောက်ထပ်ရှားပါးပစ္စည်းနှစ်ခုမှာ 3.5mm မှ USB-C Adaptor ပါသော 3.5mm ကြိုးတပ်နားကြပ်များ ထည့်သွင်းထားသည်။

နောက်ဆုံးမှာ SIM tray ထုတ်ကိရိယာနှင့် vivo FlashCharger အတွက် USB-C မှ USB-A ကေဘယ်လ်တစ်ခု ရှိပါသည်။

ပါဝင်ပစ္စည်အားလုံး မြင်ရစေရန် vivo V23 5G အသစ်၏ box ထဲမှ ပါဝင်ပစ္စည်အားလုံးကို ဖော်ပြပေးလိုက်ပါတယ်။

Photochromic လား? အဲ့ဒါဘာတုန်း?

vivo V23 5G ၏ထူးခြားချက်တစ်ခုမှာ ၎င်း၏ “အရောင်ပြောင်းလဲခြင်း” Fluorite AG Glass Back (ဟုတ်သည်၊ ပလပ်စတစ်မဟုတ်ပါ၊ သို့မဟုတ် တစ်မျိုးမျိုးရောနှောထားခြင်းမဟုတ်ပါ)။ ၎င်းတို့၏ ဆန်းသစ်သော photochromic နည်းပညာကြောင့် ဖုန်း၏အရောင်သည် အလင်းဝင်သောအခါတွင် ပြောင်းလဲနိုင်သည်။

Vivo V20 Pro

တကယ်တော့၊ ဒါက အလင်းရင်းမြစ်ပေါ်မူတည်ပြီး ကွဲပြားတဲ့အရိပ်တွေပြရုံနဲ့ အရင်တုန်းက သင်မြင်ခဲ့ရတဲ့ gradient စမတ်ဖုန်းတွေနဲ့ အများကြီးကွာခြားပါတယ်။

အရိပ်အယောင် သို့မဟုတ် အလင်းရောင်နည်းသော ပတ်ဝန်းကျင်တွင် ကိုင်ဆောင်ထားသည့်အခါ၊ ဖုန်းသည် ၎င်း၏ပုံမှန် “Sunshine Gold” အရောင်အတိုင်းဖြစ်သည်။

ဖုန်းကို တိုက်ရိုက်အလင်းရောင်အောက်တွင် (သဘာဝအလျောက်ဖြစ်စေ အတုဖြစ်စေ) သုံးစက္ကန့်မှ ငါးစက္ကန့်ခန့် ထားလိုက်သည်နှင့် မှော်ပညာသည် စတင်သည်။

ပိုမိုကောင်းမွန်သော ပြကွက်တစ်ခုကို ပြရမည်ဆိုပါက ထိတွေ့ထားသော stencil သည် နေရောင်တိုက်ရိုက်ထိမှန်ခြင်း (သို့မဟုတ် တောက်ပသောဓာတ်မီးမျှသာ) ကို ထိမှန်သောအခါတွင် နောက်ကျော၏အရောင်ပြောင်းပုံဖြစ်သည်။

ဓာတ်ပုံရိုက်ထားသည့် မှတ်တမ်းမရှိပေမယ့် ဖုန်းကို ကာ်ဗာတပ်ဆင်ခြင်းမပြုဘြအသုံးပြုအခါ ကျွန်တော့်၏ လက်ချောင်းအရာများမှာ ဖုန်းနောက်ကျောတွင် အမှတ်အသားများကျန်ရှိခဲ့ပါသည်။ ထိုကြောင့် ၎င်းကိစ္စကို ကိုင်တွယ်မည်ဆိုပါက ဖုန်းအတွင်းတွင်ပါဝင်လာသော ဆီလီကွန်ကာဗာကို တပ်ဆင်ပြီးကာကွယ်နိုင်သည်။

ဒီဇိုင်းဆင်တူမှုကတော့ ထူးထူးခြားခြားပါပဲ။

ငြင်းနိုင်သည်ဖြစ်စေ မငြင်းနိုင်သည်ဖြစ်စေ V23 ဖုန်းသည် အထူးသဖြင့် သတ္တုဘေးဘောင်များမှာ iPhone 12 သို့မဟုတ် 13 Pro စီးရီးများနှင့် ဆင်တူသည် —၊ အဲ့ဒါကိုတော့ ကျွန်တော် အထူးတလည်ပြောမနေတော့ပါ။

ရိုးရိုးသားသားပြောရမည်ဆိုပါက vivo သည် ၎င်းတို့၏နောက်ဆုံးပေါ် အလယ်အလတ်တန်းစားဖုန်းတွင် ထိုကဲ့သို့ အထင်ကြီးလောက်စရာ ကောင်းသည်များကို ယူဆောင်လာနိုင်ခဲ့ခြင်းကြောင့်ပါပဲ။ ထိုအရာများကြောင့်လည်း ခေတ်မီ လူလတ်တန်းစားများအတွက် စျေးပေါသည်ဟု ခံစားရမှာ မဟုတ်ပါဘူး။

တောက်ပြောင်တဲ့ဘောင်ပါတဲ့ iPhone လို့ ထင်မှားမိလိမ့်မယ်…

…သို့သော် အောက်ခြေရှိ USB-C အပေါက်နှင့် ဆင်းမ်ကတ်ဗန်းကို သင်မြင်သောအခါတွင် iPhone မဟုတ်ပါဘူး။ (သို့ မဟုတ် Apple မှ အနာဂတ် iPhone များကို USB-C ဖြင့် တင်ပို့ရန် EU ၏ စီရင်ချက်ကို လိုက်နာရန် ဆုံးဖြတ်ပါက ပါဝင်လာနိုင်သည်)။

အသံအတိုးအကျယ်အတွက် ပါဝါခလုတ်များမှာ ညာဘက်မှာသာရှိပါသည်။ ICYMI၊ iPhone များရှိ အသံအတိုးအကျယ်ခလုတ်များကို ဘယ်ဘက်ခြမ်းတွင် ထားရှိထားပါသည်။

ပိုရင်းနှီးနေသလိုခံစားနေရပါသလား? iPhone-esque အသွင်အပြင်ကို ပြီးမြောက်စေရန်အတွက် ၎င်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် သေးငယ်သော notch (ဟုတ်ကဲ့၊ Punch-hole မဟုတ်ဘဲ) ပါရှိပါသည်။

Face ID ကို Apple ကဲ့သို့ “TrueDepth” စနစ်အစား၊ V23 ဖုန်းတွင် ဆယ်လ်ဖီကင်မရာနှစ်လုံးပါရှိသည် — ပြီးခဲ့သည့် 2020 တွင် ကျွန်တော်သုံးသပ်ခဲ့သော vivo V20 Pro တွင် ၎င်း၏ပွဲဦးထွက်ကို ပြသခဲ့သည်။

သင်အနေနှင့်ထပ်မံစိတ်ဝင်စားပါက မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို အသုံးပြုနိုင်သေးသည်။ သို့သော်လည်းပါဝင်သည့် FaceID စနစ်မှာ အခြားAndroid စမတ်ဖုန်းအများစုကဲ့သို့ပင် လုံခြုံမှုနည်းပါးသော 2D ရုပ်ပုံကို အသုံးပြုဖွင့်ပေးသည့်စနစ်ဖြစ်သည်။

၎င်းအပြင် Touch ID စနစ်လည်းပါဝင်လာပြီး FaceID scanner ကိုအသုံးမပြုနိုင်သည့် outdoor နေရာများတွင် မျက်နှာဖုံးတပ်ထားနေစဉ် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။

အမြင်အာရုံကောင်းမွန်ခြင်း

စနစ်ထည့်သွင်းပြီး Lock ဖွင့်ပြီးသည်နှင့် Android 12 ကိုအခြေခံထားသော vivo ၏ FunTouch OS 12 ဗားရှင်းအသစ်မှ သင့်ကိုကြိုဆိုနေမည်ဖြစ်သည်။ အမှန်အတိုင်းဝန်ခံရမည်ဆိုပါက ယနေ့ခေတ်တွင် အခြားသော Android skin များနှင့်မတူတော့ဘဲ ရှင်းလင်းသည့်မြင်ကွင်းကိုမြင်ရမည်။ အကယ်၍ သင်သည် ယခင်က iPhone ကိုအသုံးပြုဖူးပါက၊ UI ၏အောက်ခြေရှိ ဘားတစ်ခုကိုမြင်ရမည်ဖြစ်ပြီး အဆိုပါ ဘားကိုAndroid ကလည်း ယူဆောင်လာခြင်းကြောင့် Navigate လုပ်ရသည်မှာလည်း အတော်လေးဆင်တူမည်ဖြစ်သည်။

App drawer သို့မဟုတ် iOS ကဲ့သို့ပင်မမျက်နှာပြင်ပေါ်တွင် အက်ပ်များကို တိုက်ရိုက်ပြသရုံဖြင့်လည်း ရွေးချယ်အသုံးပြုနိုင်သည်။

Android စမတ်ဖုန်းများသည် အဆိုပါ “screen chin” ကို ဖယ်ရှားနိုင်လျှင် အမှန်တကယ် ကောင်းမွန်ပါသည်။

၎င်း၏ တောက်ပသော 6.44-လက်မ AMOLED Full HD+ မျက်နှာပြင်ဖြင့် တောက်ပသောနေရောင်အောက်တွင်ပင် ရုပ်ထွက်ပေါ်လွင်ပြီး ရင်သပ်ရှုမောဖွယ်ကြည့်ရှုနိုင်သည်။ မီနူးများနှင့် အက်ပ်များမှတစ်ဆင့် scroll ကြည့်ခြင်းသည်ပင် ၎င်း၏ 90Hz panel ရဲ့ အထိအတွေကိုသိနိုင်သည်။

ဖုန်း၏အောက်ခြေတွင် မိုနိုစပီကာတစ်ခုသာပါရှိပြီး၊ ကောင်းမွန်သော ဘေ့စ်နှင့် treble ပမာဏဖြင့် လုံလောက်စွာ ကျယ်လောင်သည့်အသံကို နားဆင်နိုင်သည်။

စွမ်းအားများဖြင့် တောက်လောင်နေခြင်း

စာရွက်ပေါ်တွင်၊ ၎င်းသည် 6nm လုပ်ငန်းစဉ်အပေါ် အခြေခံထားသည့် MediaTek Dimensity 920 5G ချစ်ပ်ဆက်ကို အသုံးပြုထားသည်။ Chipset သည် ၎င်း၏ဖုန်းအဆင့်အတန်းအတွင်းတွင် အကောင်းဆုံးမဟုတ်သော်လည်း၊ ၎င်းသည် အက်ပ်နှင့်ဂိမ်းအများစုကို ကောင်းမွန်စွာအသုံးပြုနိုင်ကြောင်း ကျွန်တော်အာမခံပါသည်။ V23 ၏ UI သို့မဟုတ် ဘေးချင်းကပ်လျက် လုပ်ဆောင်နေသည့် အက်ပ်များကို Scroll လုပ်ကြည့်သည့်အခါ မလိုအပ်သော နောက်ကျကျန်မှုများနှင့် ထစ်ခြင်းများကို သတိပြုမိသည်။

ယခုဆောင်းပါးသည် သုံးသပ်ချက်စစ်စစ် ဆောင်းပါးမဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေ ကျွန်တော်၏ အစောပိုင်း ဘက်ထရီနှင့် အားသွင်းစမ်းသပ်မှုများကို သင့်အား ပြောပြနိုင်ပါသည်။

V23 ၏ 4200mAh ဘက်ထရီသည် ပေါ့ပေါ့ပါးပါးနှင့် အလယ်အလတ်အသုံးပြုခြင်းများအတွက် အနည်းဆုံး တစ်ရက်တာ ကြာရှည်ခံနိုင်သည်။

ဖုန်းဘက်ထရီ 38% ကျန်နေသည့်အချိန် သီချင်းဖွင့်ထားမည်ဆိုပါက အနည်းဆုံး တစ်နာရီခန့်ကောင်းကောင်းသုံးနိုင်သေးသည်။ ဘက်ထရီရာခိုင်နှုန်း 11% လျှော့ကျသွားပြီးနောက် ဗီဒီယိုဖွင့်ကြည့်သည့်အခါ ၂၅ မိနစ်ခန့်အကြာတွင် အားကုန်သွားသည်။

အကယ်၍ အားသွင်းဖို့အတွက် အမြန်လိုအပ်နေပါက 44W FlashCharge အားသွင်းစနစ်သည် သင့်အားကောင်းကောင်းအထောက်အကူပေးနိုင်ပါသည်။

စမ်းသပ်ချက် ၁ (0%မှ စတင်)

  • 2 minutes = 1%
  • 5 minutes = 6%
  • 10 minutes = 24%
  • 15 minutes = 33%
  • 30 minutes = 69%
  • 45 minutes = 91%
  • 52 minutes = 98%
  • 54 minutes = 99%
  • 60 minutes = 100%

စမ်းသပ်ချက် ၂ (0%မှ စတင်)

  • 2 minutes = 6%
  • 5 minutes = 14%
  • 10 minutes = 25%
  • 15 minutes = 35%
  • 30 minutes = 64%
  • 45 minutes = 90%
  • 52 minutes = 97%
  • 54 minutes = 98%
  • 60 minutes = 100%

တစ်နာရီအားသွင်းလိုက်သည်နှင့် vivo V23 5G အား ၎င်း၏အမြင့်ဆုံးဘက်ထရီပမာဏအထိ အားအပြည့်သွင်းနိုင်သည်။

#PhotoDump

Vivo V23 5G တွင် ကင်မရာစုစုပေါင်း ၅ လုံးပါဝင်ပြီး ကျောဘက်တွင် ကင်မရာ ၃ လုံးပါဝင်သည်။

64MP f/1.9 wide (ပင်မ) အာရုံခံကိရိယာ
8MP f/2.2 ultra-wide ထောင့်မှန်ဘီလူး
2MP f/2.4 macro မှန်ဘီလူး တို့ဖြစ်ကြသည်။

အရှေ့ဘက်ကင်မရာများမှာ သေးငယ်သော notch ပေါ်တွင် တပ်ဆင်ထားသော selfie ကင်မရာနှစ်လုံးရှိသည်- 50MP f/2.0 wide နှင့် Wide angle ပိုကျယ်သော 8MP f/2.3 ultra-wide မှန်ဘီလူးတို့ဖြစ်သည်။

သီးခြားဆောင်းပါးတွင် vivo V23 5G ၏ကင်မရာစွမ်းရည်များအကြောင်း အသေးစိတ်ကို ကျွန်ုပ်တင်ပြပါမည်။ အခုအချိန်မှာတော့ vivo V23 5G ကိုအသုံးပြုထားတဲ့ အစောပိုင်းနမူနာဓာတ်ပုံအချို့ဖြစ်ပါတယ်။

ဒါကတော့ နေ့အလင်းရောင်နဲ့ အစားအသောက်ပုံလေးတွေပါ…

… ညမုဒ်ရိုက်ချက်အချို့။

ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်မှု

V23 series ဖုန်းတွေသည် အရောင်အားဖြင့် ၂ ရောင်စီဖြင့် စျေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပါသည်။ V23 5G တွင် Stardust Black နှင့်Sunshine Gold ၊ V23e တွင် Moonlight Shadow နှင့် Sunshine Coast Editions ဆိုပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ V23 series ကို မြန်မာနိုင်ငံတွင် မတ် ၅ ရက်နေ့မှ စတင်ပြီး V23 5G – ၁,၀၉၉,၈၀၀ ကျပ်၊ V23e – ၆၂၉,၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.

Back to top button