ArticlesMobile Phones
Trending

Apple က မိတ်ဆက်လိုက်တဲ့ iPhone 13 ဆိုတာ

iPhone 13 အကြောင်းစပြီးပြောရမယ်ဆိုရင် iPhone 13 ဟာ Dual camera system နဲ့ အသွင်သစ်ပုံစံအဖြစ်မြင်တွေ့ရမှာပါ။ ကင်မရာ Lens တွေကို အရင်ကလို ဒေါင်လိုက်မဟုတ်တော့ပဲ ခပ်စောင်းစောင်းအနေအထားနဲ့ ပုံစံဖန်တီးထားပြီး Aluminum Frame ကိုလည်း လှလှပပမြင်တွေရမှာပါ။ ကာလာအရောင်တွေအနေနဲ့ အရောင် ၅ မျိုး ရွေးချယ်နိုင်ပြီးတော့ Pink , blue , Midnight Starlight နဲ့ Product red ဆိုပြီးတော့ အားလုံးအရောင်သစ်တွေအနေနဲ့ ပုံဖော်ထားပါတယ်။

True depth camera system ကိုလည်း ပြန်လည်မွမ်းမံထားတဲ့အသွင်သစ်နဲ့ Display area ကို ပိုမိုကျယ်သွားအောင် ဖန်တီးထားပါတယ်။ iPhone 13 နဲ့ iPhone 13 Mini နှစ်မျိုးစလုံးမှာ Super Retina XDR Display ကိုပဲသုံးထားပြီးတော့ အဲ့ဒိ Display တွေဟာ လင်းအားထုတ်ပေးနိုင်မှုအနေနဲ့ 800 nits ထက်ကိုပိုပြီး 28% လောက်ပိုမိုတောက်ပအောင်ထုတ်ပေးနိုင်တာကြောင့် outdoor အနေအထားမှာသုံးလို့ပိုပြီးအဆင်ပြေလာမှာဖြစ်ပါတယ်။

နောက်ထပ်အသစ်အနေနဲ့က Super Retina XDR Display မှာ ပိုမိုတောက်ပလာတဲ့အပြင်ကိုမှ Dolby vision, HDR 10 နဲ့ LG လိုစနစ်တွေကိုလည်း ထောက်ပံပါဝင်လာတဲ့အတွက် Display က ထုတ်ပေးတဲ့ရုပ်ထွက်တွေဟာ ပိုမိုကြည့်လို့ကောင်းလာမှာဖြစ်ပါတယ်။

A15 Bionic ဟာဆိုရင် စွမ်းဆောင်ရည်ပိုကောင်းအောင်နဲ့ ပါဝါစားသုံးမှုပိုပြီးခံနိုင်ရည်ရှိအောင် စနစ်တစ်ခုလုံးကို တီထွင်ဖန်တီးထားပါတယ်။ A 15 မှာ Five nanometer technology ကိုသုံးထားပြီးတော့ transistorsပေါင်း ၁၅ ဘီလီယံနီးပါလောက်ပါဝင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ iPhone ကိုအသုံးပြုပြီး များပြားတဲ့လုပ်ဆောင်မှုတွေ အသုံးပြုရင်တောင်မှ ချောချောမွေ့မွေ့ အသုံးပြုနိုင်မှာဖြစ်သလို စွမ်းအင်မြင့်မားတဲ့ New six core CPU ကြောင့် ဂိမ်းအကြီးကြီးတွေကိုလည်း Graphic ကောင်းကောင်း စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကစားနိုင်မှာပါ။ A15 Bionic မှာပါဝင်တဲ့ နောက်ဆုံးပေါ် 4 Core GPU ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီ 16 core neural engine ကလည်း Machine learning အတွက် ကောင်းကောင်းကြီးလုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့်မို့ A15 bionic ရဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကို တိုးတက်လာပြီး Display engine အတွက်ကော Video တွေကို encoder နဲ့ decoder လုပ်တဲ့အခါမှာကော အဲ့ဒိစနစ်နှစ်ခုကို တစ်ပြိုင်တည်းသုံးစွဲနေရင်တောင် အဆင်ပြေပြေသုံးနိုင်မှာပါ နောက်ပြီး တကယ့် အလန်းစား Camera စနစ်တွေပေါ်မှာတောင် A15 ရဲ့ လုပ်ဆောင်မှုတွေဟာ တော်တော်လေးကို စွမ်းအားမြင့်တာကိုမြင်တွေ့ရမှာပါ။

iPhone 13 မှာပါတဲ့ Wide camera အသစ်က ဘယ်လိုအခြေအနေမျိုးမှာမဆို ရိုက်ကူးနိုင်အောင် ဖန်တီးပေးထားပါတယ်။ wide ကင်မရာက 12 MP အရည်အသွေးရှိပြီး 1.7 Micron pixel sensor ကနေအလင်းကို ပိုပြီးဖမ်းယူပေးနိုင်တဲ့အပြင် aperture က F 1.6 အရည်အသွေးရှိပါတယ်။ iPhone 12 pro Max မှာ မိတ်ဆက်ခဲ့ဖူးတဲ့ အလန်းစားနည်းပညာဖြစ်တဲ့ image stabilization နည်းပညာကိုလည်း iPhone 13 နဲ့ iPhone 13 mini မှာ ထည့်သွင်းပေးထားပါတယ်။

iPhone 13 မှာ Ultrawide camera အသစ်ကို ထည့်သွင်းထားပြီး လင်းအားနည်းတဲ့အနေအထားမှာ ရိုက်ကူးရင်တောင် ပုံရိပ်တွေမှာ Noise ထမှုကို နည်းသွားအောင် ဖန်တီးထားပါတယ်။

iPhone 13 မှာ လုံးဝအသစ်ဖြစ်တဲ့ နည်းပညာတစ်ခုပါဝင်လာပြီး အဲဒါကတော့ Cinematic mode ပဲဖြစ်ပါတယ်။ Cinematic mode ကိုသုံးပြီး ရိုက်ကူးလိုက်တာနဲ့ ပုံရိပ်ကို ဖမ်းယူတဲ့အခါမှာ Subject တွေပေါ်မှာရှိနေတဲ့ Focus ကို သူတို့ရွေ့လျားတဲ့အတိုင်း လိုက်ပြီး Focus ဖြတ်ပေးနေမှာဖြစ်ပါတယ်။ Focus ရဲ့ အလှည့်အပြောင်းတွေကလည်း တစ်ချိန်ထဲမှာ အလိုအလျောက်ပြောင်းလဲနေမှာဖြစ်ပြီး Subject တစ်ခုကနေ အခြား Subject ကို ပြောင်းလဲတဲ့အခါမှာ တော်တော်လေး မြန်ဆန်မှာပဲဖြစ်ပါတယ်။

Cinematic mode လုပ်လုပ်ပုံက ဗီဒီယိုရိုက်ကူးနေတဲ့အချိန် Subject တစ်ခု Frame ထဲဝင်လာတာနဲ့ အဲဒိ Subject တွေ ဘာလုပ်တယ်ဆိုတာက ဖုန်းက အလိုအလျောက်သိပြီး Focus ကို စပြီးလုပ်ဆောင်တော့တာပဲဖြစ်ပါတယ်။ Subject ရဲ့ အနည်းအဝေးပေါ်မှာမူတည်ပြီး iPhone က အလိုအလျောက် Focus ကို အပြောင်းအလဲလုပ်ပေးသွားမှာဖြစ်ပါတယ်။

iPhone 13 နဲ့ iPhone 13 Mini မှာဆိုရင်လည်း အသုံးပြုသူတွေပိုပြီးအသုံးဝင်မယ့် ဘက်ထရီစနစ်ပါဝင်လာပြီး တစ်နေလုံးအသုံးခံနိုင်တဲ့ ဘက်ထရီစနစ်ပါဝင်လာပါတယ်။

iPhone 13 Mini မှာဆိုရင် ဘက်ထရီစနစ်က အရင်က ဘက်ထရီစနစ်ဖြစ်တဲ့ iPhone 12 Mini ထက် ၁ နာရီခွဲပိုပြီး ဘက်ထရီအသုံးခံနိုင်မှာဖြစ်သလို iPhone 13 ဟာဆိုရင်လည်း iPHone 12 ထက်တောင်မှ ၂ နာရီခွဲလောက် ပိုပြီးဘက်တရီအသုံးခံနိုင်မှာပဲဖြစ်ပါတယ်။

iPhone 13 Mini ကို ရောင်းချမှာကတော့ ဒေါ်လာ ၆၉၉ ကနေစပြီး ရောင်းချမှာဖြစ်ပြီး iPhone 13 ကိုတော့ ဒေါ်လာ ၇၉၉ နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အရင်တုန်းက 128 GB အထိ အများဆုံးရှိခဲ့တာကနေ 512 GB အထိတောင် ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

Back to top button