ArticlesHow to

သင့်ရဲ့ ကုန်ပစ္စည်းတွေ ဟင်းပွဲတွေကို စမတ်ဖုန်းနဲ့ ဘယ်လိုအလှပဆုံးရိုက်ကူးမလဲ။

အကယ်လို့ သင့်အနေနဲ့ Pinterest တို့ Instagram တို့ မကြာခဏသုံးဖြစ်မယ်ဆိုရင် အဲ့ဒိ Social Media ထဲမှာ Flat Lays လို့ခေါ်တဲ့ အပေါ်စီးကနေ ကုန်ပစ္စည်တွေကို လှလှပပ ရိုက်ထားတာကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ တကယ်တော့ သင့်အနေနဲ့ မသိသေးတာက အဲလို ရိုက်ကူးကြတယ်ဆိုတာ ကိုယ့်တိုင်ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို Social Media ပေါ်မှာ လူစိတ်ဝင်စားအောင် ရိုက်ကူးကြရတဲ့ လူတိုင်းစိတ်ဝင်စားလာကြတဲ့ Smart Phone Photography တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒိလို ကုန်ပစ္စည်းလှလှပပ ရိုက်နိုင်ဖို့ အပေါ်စီးကနေ လှလှပပ ရိုက်ကူးနိုင်ဖို့အတွက် အွန်လိုင်းပေါ်မှာ များပြားလှစွာသော Tutorial တွေ ရှိပေမယ့်လည်းတစ်ကယ့်တကယ်ရိုက်ကူးတဲ့အခါမှာတော့ လူတိုင်းဟာ ပုံကောင်းတွေရဖို့ ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။

အကြောင်းတစ်စုံတစ်ရာတိုက်ဆိုင်လို့ ကုန်ပစ္စည်းဓာတ်ပုံတွေဖြစ်ဖြစ် ကိုယ်ချက်ထားတဲ့ ဟင်းပွဲပုံလေးတွေဖြစ်ဖြစ် ဝါသနာအရသော်လည်း အလုပ်အကိုင်အတွက်သော်လည်းကောင်း ရိုက်ကူးဖို့အကြောင်းဖန်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလို ဓာတ်ပုံလေးတွေအကောင်းဆုံးရိုက်ကူးနိုင်မယ့်နည်းလမ်းအချို့ကို ဝေမျှပေးချင်ပါတယ်။ အကယ်လို့သင်ကိုယ်တိုင်လည်း အရင်က လေ့လာဖူးတယ်ဆိုရင် ကျွန်တော်ပြောပြမယ့် အကြောင်းအရာလေးတွေကို ထပ်ပေါင်းထည့်နိုင်မယ်လို့ ယူဆပါတယ်။

မရိုက်ခင်ပြင်ဆင်ရမယ့်အရာများ

အရင်ဆုံးသင့်ရဲ့ ဖုန်းကို ဖွင့်ပြီးတော့ ကိုယ်ရိုက်ကူးလိုတဲ့ပုံစံလေးက ဘယ်လိုဖြစ်မလဲဆိုတာကို အနီးစပ်ဆုံးသူများတွေ ဘယ်လိုရိုက်ကူးထားလည်းဆိုတာရှာဖွေပြီး ကိုယ်ဘယ်လိုရိုက်သင့်တယ်ဆိုတာကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။ Instagram, Pinterest သို့မဟုတ် Google image လိုနေရာတွေမှာ ရှာဖွေပြီး အကောင်းဆုံးရိုက်ကူးထားတဲ့ Flat Lays ပုံတွေကို ရှာဖွေပြီး ကိုယ်ရိုက်ချင်တဲ့ပုံစံကို စဉ်းစားကြည့်နိုင်ပါတယ်။ အကောင်းဆုံးပုံကို ရှာတွေပြီဆိုရင် သူတို့ရဲ့ ပြင်ဆင်မှုပုံစံ ရိုက်ကူးတဲ့ Angle နဲ့ သူတို့ဘယ်လို ကုန်ပစ္စည်းကိုနေရာချတယ်ဆိုတာကို မှတ်သားပြီး အဲ့ဒိအတိုင်းလိုက်လုပ်နိုင်သလို အဲ့ဒိထဲမှာကိုယ့်ရဲ့ ဖန်တီးမှုတွေကိုလည်း ထပ်ပေါင်းထည့်နိုင်ပါတယ်။

အဲဒိလို လေ့လာပြီးသွားပြီဆိုရင် စတင်ပြီးသင်ဟာ ကိုယ်ရိုက်လိုတဲ့ Themes တစ်ခုကို ဆုံးဖြတ်ရတော့မှာပဲဖြစ်ပါတယ်။ ဥပမာပြောရရင် သင့်အနေနဲ့ ဓာတ်ပုံထဲမှာ ဘယ်အရာကို Highlight လုပ်ချင်လည်းပေါ့။ စားစရာမှာပါတဲ့ အသားကိုလား။ ကုန်ပစ္စည်းဆိုရင် အရောင်ကိုလား စသဖြင့်ပေါ့ ရွေးချယ်ရပါမယ်။ အဲလိုအားလုံးစဉ်းစားပြီးပြီဆိုရင် သင့်ရဲ့ ပစ္စည်းတွေကို နေရာချဖို့လုပ်ရတော့မှာပဲဖြစ်ပါတယ်။

အဲဒိလို နေရာချတဲ့အခါမှာ သင့်အနေနဲ့ လုပ်ဆောင်ရမှာတွေက Color palette ကို လိုက်ဖက်အောင် ရွေးချယ်ရမှာပါ။ ကုန်ပစ္စည်အဖြူကို နောက်ခံအဖြူပေါ်နေရာချတာမျိုးပေါ့။ နောက်တစ်ခုက ကုန်ပစ္စည်းတွေ Balance ဖြစ်ဖို့လည်းလိုပါတယ်။ အကြီးအသေးယှဉ်ထားတာမျိုး စသဖြင့် ကိုယ်ရဲ့ နေရာချတဲ့ Setting ကို Balance ဖြစ်နေဖို့လည်း ပြင်ဆင်ရပါလိမ့်မယ်။ ဒီအချက်တွေဟာ Flat Lays ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် အခြေခံကြတဲ့ ပြင်ဆင်ရမယ့် အချက်တွေပဲဖြစ်ပါတယ်။ အမြဲတမ်းသတိထားရမယ့် သတင်းစကားကတော့ Flay lays ဓာတ်ပုံတစ်ပုံရိုက်ကူးမယ်ဆိုရင် ဖြစ်သလို ရိုက်ကူးလို့လုံးဝမရဘူးဆိုတာပါပဲ။

ရိုက်ကူးခြင်း

ကိုယ့်ရဲ့ ကုန်ပစ္စည်းကို နေရာချပြီးပြီ စားပွဲပေါ်မှာလည်းအားလုံး အဆင်သင့်ဖြစ်ပြီးပြီဆိုရင် စတင်ရိုက်ကူးပါမယ်။ ကျွန်တော်သာ ရိုက်ကူးဖြစ်မယ်ဆိုရင် အမြဲတမ်းရိုက်ကူးမယ့်အချိန်ကို မနက်ပိုင်း ဒါမှမဟုတ် ညနေစောင်းပိုင်းအချိန်တွေကိုပဲ ရွေးပြီးရိုက်ကူးဖြစ်မှာပါ။ ဘာလို့လည်းဆိုတော့ အလင်းအရမ်းမကြမ်းတဲ့အချိန်ပေါ့။ နေ့လည်အချိန်တွေ ရိုက်ကူးရတာဟာ အရိပ်တွေက အရမ်းကို ထင်ရှားပြီး ပုံတွေကိုလည်း Contrast အရမ်းတက်စေမှာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ Flat Lays ဓာတ်ပုံရဲ့ အရည်အသွေးပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ဖြစ်စေနိုင်လို့ပါပဲ။

အကယ်လို့ လင်းအားနည်းလို့ ရိုက်ကူးမယ်ဆိုရင် Flash ကို ဖွင့်ပြီး မရိုက်ပါနဲ့။ အလင်းအားနည်းနည်းပိုကောင်းမယ့် နေရာကို ရွေ့ပြီးရိုက်ကူးလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ပြတင်းပေါက်ရှိတဲ့ နေရာမှာ ပစ္စည်းတွေကို နေရာချပြင်ဆင်ထားတာမျိုးပေါ့။ ဒါမှမဟုတ် အရိပ်‌လေးနည်းနည်းကြပြီး လင်းအားကောင်းတဲ့နေရာမျိုးမှာ နေရာချပြီးရိုက်ကူးနိုင်ပါတယ်။

သင့်ရဲ့ ကုန်ပစ္စည်းတွေကို နေရာချတဲ့အခါမှာလည်း ခပ်ကြဲကြဲလေးနေရာချတာဟာ ပိုပြီးကောင်းမွန်စေပါတယ်။ ပစ္စည်းတွေ အရမ်းပွတ်သိပ်ထည့်သွင်းတာလည်း မကောင်းမွန်ပါဘူး။ ခပ်ရှင်းရှင်းနဲ့ ကိုယ်ပြချင်တဲ့ ပစ္စည်းကို Highlight ပိုဖြစ်အောင် နေရာချထားခြင်းက Flat Lays ပုံကောင်းတစ်ပုံရစေမှာပဲဖြစ်ပါတယ်။

မှန်ကန်တဲ့ အကွာအဝေးကနေ ရိုက်ကူးပါ။

ကင်မရာတွေမှာ မတူညီတဲ့ Focal Length တွေရှိကြပါတယ်။ ဒါကြောင့်မို့ Flat Lays ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါ စမတ်ဖုန်းကိုသုံးတာပဲဖြစ်ဖြစ် ကင်မရာမှာသုံးတဲ့ Lens ကြောင့်ပဲဖြစ်ဖြစ် အချို့ဓာတ်ပုံတွေဟာ Distort ဖြစ်နေတဲ့ ဓာတ်ပုံတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ စမတ်ဖုန်းကင်မရာမှာ Wide Lens သုံးထားတယ်ဆိုရင် ရိုက်ကူးတဲ့အခါမှာ နည်းနည်းလေ ခက်ခဲနိုင်ပါတယ်။ Distorting ကြောင့် ကုန်ပစ္စည်းတွေ အနားမညီတာမျိုးတွေ ကြုံရနိုင်ပါတယ်။

အကယ်လို့သင့်တော်တဲ့ အကွာအဝေးကနေ ရိုက်ကူးနိုင်ဖို့ ထိုင်ခုံပေါ်မှာ မတ်တပ်ရပ်ခြင်း၊ အနည်းနည်းလေး မြင့်တဲ့နေရာမှာနေခြင်း၊ လှေကားလေးသုံးပြီးအပေါ်မှာနေခြင်း စသဖြင့် အပေါ်စီးကနေ Flat Lays ပုံတွေရိုက်ကူးနိုင်ပါတယ်။ သင့်အနေနဲ့ မတ်တပ်ရပ်ပြီး ရိုက်ကူးရင် ပုံကောင်းတွေရနိုင်တယ်လို့ တွေးထင်နေမယ်ဆိုရင်တော့ Flat Lays ဓာတ်ပုံကောင်းတွေ ရနိုင်ခြင်းကို နှုတ်ဆက်လိုက်ရမှာပဲဖြစ်ပါတယ်။

နောက်တာပါ။ အချို့ပုံတွေကို မတ်တပ်ရပ်ပြီးလည်း ရိုက်ကောင်းရိုက်နိုင်ပါလိမ့်မယ်။ ကောင်းမွန်တဲ့အကွာအဝေးတစ်ခုက ရိုက်နိုင်ဖို့ ရှာဖွေပြီးပြီဆိုရင် သင့်အနေနဲ့ 1x Zoom နဲ့ ရိုက်မယ်ပြီးတော့မှ Crop လုပ်မယ် ဒါမှမဟုတ် 3x Optical Zoom နဲ့ ရိုက်ကူးမယ် စသဖြင့် အမျိုးမျိုးရွေးချယ်ရိုက်ကူးနိုင်ပါတယ်။ ကွန်တော်အခုရိုက်ကူးထားတာကတော့ ကျွန်တော်ဖုန်းနဲ့ 1x ကော 3x ကောနှစ်မျိုးလုံးသုံးပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့်ရိုက်ကူးနေစဉ်အတွင်းကိုယ့်ကိုယ်ကိုဟန်ချက်ညီဖို့လိုပါတယ်။ စမတ်ဖုန်းကင်မရာအားလုံးဟာတူညီနေတာတော့ မဟုတ်ပါဘူး အချို့စမတ်ဖုန်းတွေဟာ optical နဲ့ digital zoom features တွေသုံးတဲ့အခါ focus ထိန်းဖို့တော်တော်လေး ရုန်းကန်ကြရပါတယ်။

သင့်ရဲ့ မှန်ကန်တဲ့ရိုက်ချက်နဲ့ သင့်ရဲ့စမတ်ဖုန်းကိုအပြစ်တင်လို့မရဘူးဆိုတာ ဓာတ်ပုံကောင်းတွေ မရရှိတဲ့အပေါ်မှာ ကြိုတင်ပြီးစဉ်းစားထားရမှာပဲဖြစ်ပါတယ်။ မတူညီတဲ့အခြေအနေတွေကို သင်ကိုင်တွယ်တဲ့ပုံစံမှာ သင်အနေနဲ့အမြဲလိုက်လျောညီထွေဖြစ်အောင်နေဖို့လိုပါတယ်။

ရိုက်ကူးပြီး ပြင်ဆင်ခြင်း

Editing ကောင်းကောင်းလုပ်ပါ၊ မလွန်ကဲပါစေနဲ့။

ဓာတ်ပုံတွေတောက်ပသွားအောင် ပုံကြမ်းတွေကို upload လုပ်ပြီး ပြင်ဆင်ဖို့ မမေ့ပါနဲ့။ Editing app တစ်ခုထဲကို ထည့်သွင်းပြီးပြီဆိုရင် တစ်ချက်တည်းနဲ့ App တွေက ပြုပြင်မွမ်းမံပေးနိုင်ပါတယ်။ ပုံမှန်ပုံတစ်ပုံကို

တစ်ခုသတိထားရမှာက အရမ်းကြီး ပြုပြင်လိုက်လာဆိုတာကိုပါ။ သင့်ရဲ့ ကုန်ပစ္စည်းရဲ့ အရောင်နဲ့ မတူညီသွားတာ ပိုမိုပြီးအရောင်ကွဲလွဲသွားတာတွေက သင့်အရဲ့ အလုပ်အတွက် ကောင်းမွန်စေမှာတော့မဟုတ်ပါဘူး။ ဒါကြောင့်မို့ သင့်အနေနဲ့လည်း ပြင်ပ အရောင်အသွေး နဲ့ တူညီအောင်လို့ ချိန်ညှိပေးဖို့လိုအပ်ပါတယ်။ အဲလို ညှိပြီးရင်လည်း အခြားဓာတ်ပုံတွေပြင်တဲ့အခါမှာ ကိုယ်ချိန်ညှိလိုက်တဲ့ ဟာကိုပဲ ပြန်သုံးခြင်းဖြင့် အခြားပုံတွေကို ပြင်တဲ့အခါမှာ အရောင်ညှိပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ ရိုက်ကူးပြီးရင် Photo editing ဟာလည်း Flat lays ဓာတ်ပုံကောင်းတွေရရှိဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာပါဝင်နေပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button