Mobile PhonesReviews
Trending

OPPO F19 Review : Entry Level ထက်ပိုတဲ့ နောက်ထပ် Level တစ်ခု

Techviews.pro Rating

တည်ဆောင်မှု ပုံစံဒီဇိုင်း - 80%
Display ကွာလတီ - 70%
Software နဲ့ စွမ်းဆောင်ရည် - 60%
ကင်မရာ - 50%
ဘက်ထရီ - 80%

68%

Total Score

Good

User Rating: 4.4 ( 2 votes)

OPPO ရဲ့ F19 စမတ်ဖုန်းဟာ F19 Series ထဲမှာဆိုရင် အခြေခံအကျဆုံးစမတ်ဖုန်းပဲဖြစ်ပါတယ်။ F19 Series ထဲမှာဆိုရင် F19 Pro ရှိပါဦးမယ်။ F19 ဈေးနှုန်း ၄၁၉၉၀၀ ကျပ်နဲ့ရောင်းချတာဖြစ်တဲ့အတွက် အဲဒိ ဈေးနှုန်း Range ထဲမှာဆိုရင် တော်တော်လေး ပြိုင်ဆိုင်ပြီးရောင်းချရမယ့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဖုန်းဝယ်ယူမယ့်သူတွေအနေနဲ့လည်း အဲ့ဒိဈေးနှုန်းထဲမှာ ရွေးချယ်ဝယ်ယူဖို့ ယှဉ်ပြိုင်းရွေးချယ်ဖို့ဆိုရင် Xiaomi, Realme နဲ့ Samsung ထဲမှာလည်း ရှိနေနိုင်ပါသေးတယ်။ အဲဒါဆိုရင် F19 ဖုန်းဟာ ဘယ်လိုဖုန်းမျိုးဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်…

OPPO F19 : တည်ဆောင်မှု ပုံစံဒီဇိုင်း

OPPO F19 စမတ်ဖုန်းကို အရောင်အနေနဲ့ ကာလာ ၂ ရောင် ရွေးချယ်နိုင်မယ် Midnight blue နဲ့ Prism black ဆိုပြီးတော့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်အခု Review အနေနဲ့ပြောပြမှာက Midnight blue အရောင်နဲ့ F19 အကြောင်းပြောပြမှာပါ။ ဖုန်းရဲ့အရောင်အသွေးနဲ့ ပတ်သတ်လို့ကတော့ တော်တော်လေးကြည့်ကောင်းတဲ့ ဖုန်းတစ်လုံးပါ။ ဒါပေမယ့်လို့ အနောက်ဘက် Glass cover က အလင်းပြန်လွန်းတာကိုတွေ့ရပြီးတော့ လက်ရာတွေလည်းတော်တော်လေးထင်ပါတယ်။ ဖုန်းကိုကိုင်ရတာလည်း လက်ထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့ကိုင်လို့ကောင်းပြီး ပေါ့ပေါ့ပါးပါးရှိတယ်။ အခြားဖုန်းတော်တော်များများထက် ပေါ့တယ်လို့ခံစားရတယ်။ နောက်ပြီးတော့ ဖုန်းဟာ ပါးပါးလျလျနဲ့ အရောင်အသွေးလှလှပပရှိနေတာက ကိုယ့်ရဲ့ဖုန်းတစ်လုံးကို တန်ဖိုးကြီးဖုန်းတစ်လုံးအဖြစ် မှတ်ချက်ပြုနိုင်မှာဖြစ်ပါတယ်။

ဖုန်း ပါကင်ဘူးထဲမှာ ကာဗာတစ်ခုပါဝင်ပြီးတော့ Screen guard တော့ အသင့်ကပ်ပြီးသားဖြစ်တဲ့အတွက် Screen ကိုအတော်အသင့်ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကာဗာနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်ဘဝင်သိပ်မတွေ့တာတော့ရှိတယ်။ အဲဒါကဘာလည်းဆိုတော့ ကာဗာက Charging port ကိုဖုံးနေတဲ့အတွက် အဲ့တစ်ခုက ဖုန်းအားသွင်းရင် တော်တော်လေးအလုပ်ရှုပ်ပါတယ်။

F19 ဟာ 4G Sim နှစ်ခုထည့်နိုင်ပြီးတော့ Micro SD card ကိုပါ ထည့်နိုင်တဲ့ Sim tray ဒီဇိုင်းကိုသုံးထားပါတယ်။ ဖုန်းရဲ့အောက်ဘက်မှာတော့ USB Type C Charging port နဲ့ 3.5 mm headphone jack ပါဝင်ပါတယ်။ နောက်ပြီး ဘူးထဲမှာ နားကျပ်တစ်စုံလည်းပါပါသေးတယ်။

OPPO F19 : Display ကွာလတီ

OPPO F19 မှာသုံးထားတဲ့ Display က ၆.၄၃ လက်မအရွယ်အစားရှိပြီး 2400 x 1800 pixel ရုပ်ထွက်ထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့ Display အမျိုးအစားက AMOLED အမျိုးအစားဖြစ်တဲ့အတွက် သူ့ကနေထုတ်ပေးတဲ့ ရုပ်ထွက်အရည်အသွေးတွေ၊ ကာလာရောင်ထွက်တွေ၊ အလင်းအမှောင်တွေက တော်တော်လေးကောင်းမွန်ပါတယ်။ Display Panel ကတော့ Standard အနေနဲ့ 60 hz refresh rate ကိုထုတ်ပေးနိုင်ပါတယ်။ ဒါကသူနဲ့ ဈေးတန်းတူယှဉ်ရောင်းနေတဲ့ အခြားစမတ်ဖုန်း Brand တွေထဲမှာ သူရောင်းနေတဲ့ဈေးနဲ့ 120 hz ထုတ်ပေးနိုင်တဲ့ Display သုံးထားတဲ့ဖုန်းတွေတောင်ရှိပါတယ်။ ဒါပေမယ့်လို့ Panel က လုပ်ပေးနိုင်တာကတော့ အကယ်လို့ ဂိမ်းကစားတဲ့အချိန်မှာ 180 hz အထိတော့ထပ်တိုးရနိုင်မှာပါ။ ပိုပြီးချောချောမွေ့မွေ့ဂိမ်းကစားနိုင်မှာပေါ့။

F19 ရဲ့ Display မှာတော့ အခြား Screen ခြစ်ရာပြုရာတွေကို ကာကွယ်ပေးမယ့် အရာတွေ တပ်ဆင်ပေးထားတော့မတွေ့ရပါဘူး။ အဲ့အစား screen guard ဖလင်တစ်ခုကို screen ပေါ်မှာကပ်ပေးလိုက်ပါတယ်။

F19 ရဲ့ Screen to body ratio ကတော့ 90.8 percent ရှိတဲ့အတွက် မဆိုးဘူးလို့ပြောရမှာပဲ။ ဒါပေမယ့်လို့ Display ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ bazel တွေကတော့ အချိုးညီညီရှိမနေတာကိုတွေ့ရတယ်။ ဖုန်းရဲ့ အပေါ်ဘက်ဘေးဘောင်နဲ့ အောက်ဘက်ဘေးဘောင်မှာ အောက်ဘက်ဘေးဘောင်က ပိုပြီးထူနေတာကိုတွေ့ရတယ်။ Display မှာ pouch hole ကင်မရာတစ်လုံးကိုလည်း ထည့်ပေးတာကိုတွေ့ရတယ်။

OPPO F19 : Software နဲ့ စွမ်းဆောင်ရည်

OPPO F19 မှာ သုံးထားတာ Android OS 11 ကိုသုံးထားပြီးတော့ colorOS ကို ဖုံးအုတ်ထားပါတယ်။ Default theme ဟာ သုံးရတာရိုးရှင်းပြီးတော့ ကျွန်တော်ပိုသဘောကျတယ်။ theme store မှာတော့ မတူညီတဲ့ Theme တွေ ရှာဖွေနိုင်ပြီး Free အနေနဲ့ သုံးနိုင်သလို ဝယ်ယူပြီးလည်း သုံးနိုင်ပါတယ်။ ကျွန်တော် မတူညီတာတွေ ၂ ခု ၃ ခုလောက် စမ်းသုံးကြည့်ခဲ့ပေမယ့် Default theme ဟာ အကောင်းဆုံးဖြစ်တာကိုတွေ့ရတယ်။

F19 မှာ Bloatware များစွာပါဝင်တာကိုတွေ့ရတယ်။ သင့်အနေနဲ့ အချို့ app တွေကို ဖျက်ပစ်လိုက်ပေမယ့်လည်း အဲ့ဒိ app အချို့ဟာ နေရာတစ်နေရာမှာ ရှိနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ F19 ဟာ FM radio ကိုလည်း အထောက်အပံ့ပေးထားပြီးတော့ ဒါကလည်းအသုံးဝင်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် Redmi note 10 pro Max လိုတော့ IR Blaster မပါပါဘူး။

Performance အနေနဲ့ ကြည့်မယ်ဆိုရင်လည်း F19 မှာ Snapdragon 662 Soc ဟာ ကောင်းမွန်တယ်လို့ပြောရမှာပါ။ App တွေကိုလည်း ကောင်းကောင်း run နိုင်တယ်။ ပြဿနာမရှိတာကိုတွေ့ရတယ်။ နောက်ပြီး RAM 6GB နဲ့ Memory 128 GB ကလည်း လုပ်ဆောင်မှုအားလုံးအတွက် ကောင်းကောင်းကြီးအထောက်အကူပေးနိုင်ပါတယ်။

ဂိမ်းကစားဖို့အတွက်ကတော့ အရမ်းကြီး အကောင်းကြီးတော့မဟုတ်ပါဘူး။ ဂိမ်းအများစုကို Run နိုင်တယ်။ ဒါပေမယ့်လို့ ဂိမ်းအကြီးတွေဖြစ်တဲ့ Genshin Impact , Asphalt 9 နဲ့ Free Fire တို့လို ဂိမ်းတွေကို ကစားတဲ့အခါမှာတော့ ရုပ်ထွက်မှာ နည်းနည်းလေး စိတ်ကျေနပ်လောက်တဲ့အနေအထားကိုတော့ ရမှာမဟုတ်ပါဘူး။ နောက်ပြီး Software error တစ်ခုဖြစ်မယ်ထင်ပါတယ်။ အချို့ဂိမ်းတွေမှာ ရုပ်ထွက်တွေ လှလှပပ ကစားနိုင်ပေမယ့် Black bar တစ်ခု ဘယ်ဘက်မှာရှိနေတာကို သဘောမကျပါဘူး။ F19 ကိုတော့ Hardcore gamer တွေအတွက်တော့ Recommend မပေးချင်ပါဘူး။ Game mode ပါတယ်ဆိုပေမယ့်လည်း စိတ်အရမ်းကျေနပ်စရာတော့မရှိပါဘူး။ ပုံမှန် ဂိမ်းလေးတွေ ကစားဖို့အတွက်ကတော့ ကောင်းကောင်းအထောက်အကူပေးနိုင်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

F19 ရဲ့ colorOS မှာဆိုရင် အချို့သော Gesture control တွေအဆင်ပြေပြေသုံးနိုင်ပါတယ်။ screenshot ရိုက်ဖို့  three-finger downward motion လိုဟာတွေ Music control လုပ်နိုင်တာတွေ ကင်မရာပွင့်အောင်လုပ်တဲ့ Gesture တွေကောင်းမွန်တယ်။ နောက်ပြီး ကိုယ်နှစ်သက်ရာ Gesture တွေကိုလည်း Setting ထဲမှာ သွားပြီး သတ်မှတ်ထားနိုင်ပါသေးတယ်။

OPPO F19 : ကင်မရာ

F19 မှာ ကင်မရာ ၃ လုံးတပ်ဆင်ထားတယ်။ အဓိကကင်မရာ 48 MP ရှိပြီး Depth Sensor ကင်မရာက 2 MP နဲ့ Micro ကင်မရာက 2 MP အရည်အသွေးရှိပါတယ်။ အရှေ့ကင်မရာကတော့ Pouch hole အနေနဲ့ ရှိပြီး 16 MP အရည်အသွေးရှိပါတယ်။

အနောက်ဘက်ကင်မရာ setup က နေ့ဘက်အချိန်တွေအတွက်ဆိုရင် ဗီဒီယိုအတွက်ပဲဖြစ်ဖြစ် ဓာတ်ပုံအတွက်ပဲဖြစ်ဖြစ် ရိုက်ကူးရင် အရည်အသွေးကောင်းကောင်းထုတ်ပေးနိုင်ပါတယ်။ အရောင်ထုတ်ပေးနိုင်မှုအရည်အသွေးကိုကြည့်မယ်ဆိုရင်လည်း အနောက်ဘက်ကင်မရာတွေက အရောင်အသွေးကောင်းကောင်းထုတ်ပေးနိုင်တယ်။ ဒါပေမယ့်လို့ AI feature ကို ဖွင့်လိုက်မယ်ဆိုရင်တော့ Saturation တွေ တိုးလိုက်တဲ့အတွက် အချို့သော နေရာတွေမှာ အရောင်ကွဲလွဲတာတွေဖြစ်သွားတာကိုတွေ့ရတယ်။ နောက်တစ်ခုသတိထားမိတာက ကင်မရာမှာ Ultrawide photo mode ဆိုတာမပါပါဘူး။ Setting ထဲမှာလည်း မတွေ့ပါဘူး။ Micro Mode နဲ့ ဓာတ်ပုံရိုက်ကြည့်တဲ့အခါမှာလည်း ပုံကောင်းတွေရတယ်။ Flash ဖွင့်ပြီး Micro mode နဲ့ ရိုက်ကြည့်တဲ့အခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ Micro ဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။

Low light အနေအထားမှာဆိုရင်လည်း Night mode မဖွင့်ပဲနဲ့တောင် ကောင်းမွန်တဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်တယ်။ Night mode အရမ်းလိုအပ်လို့ ဖွင့်ပြီးရိုက်ကူးမယ်ဆိုရင်လည်း အရမ်းကြီးအထောက်အကူတော့ မပေးနိုင်ပါဘူး။ Noise တွေတော့ ရှိပါတယ်။ Contrast နဲ့ Sharpness ကတော့ ကျသွားမှာပါ။

Selfie ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဓာတ်ပုံတွေက လှပတာကိုတွေ့ရတယ်။ Portrait mode ဟာ Daylight အနေအထားပါ တော်တော်လေး အဆင်ပြေပြေရိုက်ကူးနိုင်ပါတယ်။ နောက်ပြီး Bokeh effect ကလည်း ကောင်းမွန်ပါတယ်။ Low light အနေအထားမှာ Selfie ရိုက်မယ်ဆိုရင်တော့ ဖုန်း Screen ကနေ အလင်းတွေ ထုတ်ပေးထားရင်တောင် Noise တွေ ရှိနေသေးတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လို Pro mode ကိုသုံးလို့ရတဲ့အတွက်ကြောင့် အကယ်လို့ ကြိုက်နှစ်သက်သလို ပြင်ဆင်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဗီဒီယိုရိုက်ကူးတဲ့အခါမှာလည်း နေ့ဘက်မှာရိုက်ကူးရင် အထင်ကြီးစရာ ဗီဒီယိုအရည်အသွေးကို ရရှိတယ်။ ဒါပေမယ့်လို့ ညအချိန်ရိုက်ကူးရင်တော့ သိပ်ပြီးစိတ်ကျေနပ်စရာကောင်းတဲ့ Video footage တွေကို ရမှာမဟုတ်ပါဘူး။ ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးရင် 1080p at 30 fps နဲ့ 720p at 30 fps ဆိုပြီး mode ၂ မျိုးပြောင်းလဲရိုက်ကူးနိုင်ပါမယ်။ နောက်ပြီး Slow motion mode လည်းပါဝင်ပါတယ်။

နောက်ပြီး ဒီဖုန်းရဲ့ ကင်မရာမှာ အသင့်သုံးစရာ Mode ၂ ခုပါသေးတယ်။ အဲဒါက text scanner နဲ့ Sticker mode တွေပဲဖြစ်ပါတယ်။ ပထမဦးဆုံး Mode ဖြစ်တဲ့ Text scanner က ပုံမှာပါတဲ့ စာတွေကို ကင်မရာကနေ scan လုပ်မယ့် Function ပဲဖြစ်ပါတယ်။ သိပ်တော့ ထွေထွေထူးထူးမဟုတ်ပါဘူး သင့်အနေနဲ့ စာတွေကို ကင်မရာနဲ့လှမ်းရိုက်မယ် ဖုန်းက Scan လှမ်းဖတ်မယ်ဒီလောက်ပါပဲ Optical Character Recognition လည်း မပါပါဘူး။ ဒါကြောင့်မို့ သူ့ကို Text scanner လို့ခေါ်တာ ဘာလုပ်ဖို့အတွက်လည်းတော့မသိပါဘူး။ နောက် Mode တစ်ခုဖြစ်တဲ့ Sticker mode ကတော့ Snapchat style sticker တွေကို ထုတ်ပေးမယ့် Mode တစ်ခုပဲဖြစ်ပါတယ်။

OPPO F19 : ဘက်ထရီ

F19 ဖုန်းရဲ့ အလေးချိန်နဲ့ အရွယ်အစားကို ကြည့်ပြီး ဒီဖုန်းမှာ 5000 mAh ပမာဏရှိတဲ့ ဘက်ထရီပါဝင်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ပါဘူး။ ဘက်ထရီအသုံးခံနိုင်မှုက ပုံမှန်သုံးစွဲမှုနှုန်းနဲ့ဆိုရင် F19 ရဲ့ ဘက်ထရီအသုံးခံနိုင်မှုက တစ်နေ့လုံးနီးပါးကောင်းကောင်းရပါတယ်။ ဒါပေမယ့်လို ဂိမ်းအကြီးကြီးတွေ ဆော့လိုက်မယ်ဆိုရင်တော့ ဘက်ထရီက တစ်နေ့လုံးတော့ အသုံးမခံတော့ပါဘူး။ ဒါပေမယ့်ကောင်းတာတစ်ခုက သူ့မှာ 33W fast charger ပါတဲ့အတွက် ဘက်ထရီအပြည့်ဖြည့်ဖို့ ၁ နာရီလောက်တောင် မကြာပါဘူး။

ပုံမှန်သုံးစွဲမှုအတွက်ဆိုရင်တော့ ဖုန်းရဲ့ အပူချိန်က မရှိသလောက်ပဲ အေးအေးဆေးဆေးသုံးနိုင်တယ်။ ဒါပေမယ့် ဂိမ်းအရမ်းကစားလိုက်မယ်ဆိုရင်တော့ အပူချိန်က တော်တော်လေးတက်လာတာကိုတွေ့ရတယ်။ လက်ထဲမှာ မကိုင်နိုင်လောက်တဲ့အထိ ပူလာတာမျိုးတော့မဟုတ်ပါဘူး။ ဖုန်းပူလာတဲ့ပုံစံက ဖုန်းရဲ့ အနောက်ဘက် အောက်ခြေကနေ ကင်မရာဘက်ကို တစ်ဖြည်းဖြည်းပူလာတဲ့ပုံစံပါပဲ။

OPPO F19 : ဝယ်သင့်မဝယ်သင့်

ဒီအချိန်မှာ ဖုန်းဝယ်ဖို့ တိုက်တွန်းရတာ နည်းနည်းတော့ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ အများအားဖြင့် F Series တွေဟာ ဘယ်တော့မှ ၄ သိန်းမကျော်ပါဘူး Pro version ဆိုရင်တော့ ကျော်တာပေါ့နော်။ အခုအချိန်မှာ ဒေါ်လာဈေးကြောင့် Electronic ပစ္စည်းတွေ ဈေးခုန်တက်နေတော့ အခု F19 ကလည်း အရင်ဖြစ်နေကြပုံမှန်ဈေးထက်ကို မြင့်တက်သွားပြီး Lower midrange ဖုန်းတစ်လုံးအတွက် ဝယ်ယူဖို့တော်တော်လေး စဉ်းစားရမယ့်ဖုန်းတစ်လုံးဖြစ်ပါတယ်။

68/100
Total Score
  • တည်ဆောင်မှု ပုံစံဒီဇိုင်း
    80/100 Very good
  • Display ကွာလတီ
    70/100 Good
  • Software နဲ့ စွမ်းဆောင်ရည်
    60/100 Normal
  • ကင်မရာ
    50/100 Neutral
  • ဘက်ထရီ
    80/100 Very good

The Good

  • ပါးလွှာပြီး Svelte ဒီဇိုင်း
  • အမြန်အားသွင်းစနစ်နှင့် ကြီးမားတဲ့ဘက်ထရီ
  • Function စုံလင်တဲ့ Software
  • ကောင်းမွန်တဲ့ OLED Display

The Bad

  • 60 hz display သာသုံးထား
  • အလယ်အလတ်အဆင့်သာရှိတဲ့ စပီကာအရည်အသွေး
  • အလင်းအားနည်းတဲ့အချိန် ဓာတ်ပုံကွာလတီမကောင်း

Leave a Reply

Your email address will not be published.

Back to top button