ArticlesMobile PhonesReviews
Trending

Samsung Galaxy A32 5G Review : ဈေးသက်သာမယ် စိတ်ကျေနပ်မယ်

Techviews.pro Rating

Design - 70%
Display - 50%
Camera - 70%
Performance - 70%
Battery - 85%

69%

Total Score

Good

User Rating: 2.75 ( 1 votes)

Samsung Galaxy A32 ဆိုတာ Samsung ကနေ ထုတ်ခဲ့သမျှထဲမှာ အခုအချိန်ထိစျေးအသက်သာဆုံး 5G ဖုန်းပဲဖြစ်ပါတယ်။ A32 ဖုန်းဟာ 5G ဖုန်းဆိုပေမယ့် အခြားအရာတွေမှာ အကောင်းဆုံးတွေပေါင်းစပ်ထားတဲ့ဖုန်းတစ်လုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လို့ Flagship Smart phone ကြီးတစ်လုံးလောက် လုပ်ဆောင်မှုတွေ သိပ်မလိုဘူးလို့ ဆုံးဖြတ်ထားရင် Social scrolling youtube video ကြည့်တာဖြစ်ဖြစ် ဓာတ်ပုံဗီဒီယို ရိုက်ကူးတာဖြစ်ဖြစ် အလုပ်အတွက် သင်တင့်လျောက်ပတ်တဲ့ ဖုန်းတစ်လုံးဆိုရင် A32 [ာ အကောင်းဆုံးဖြစ်နေမှာပါ။ 5G ဖုန်းတစ်လုံးကို ကိုင်ထားတယ်ဆိုပြီး ဂုဏ်ဆာလို့ရတာပေါ့။ ကဲ အဲ့တော့ Samsung A32 5G ဖုန်းဟာ ဘယ်လိုဖုန်းတစ်လုံးဖြစ်မလဲဆိုတာ ကြည့်ကြရအောင်

A32 5G vs A32 LTE : မတူကွဲပြားမှု

Samsung A32 ဖုန်းမှာ 4G LTE အမျိုးအစားရှိတယ်လို့ပြောခြင်းအားဖြင့်စတင်ပါမယ်။ ဆက်သွယ်မှုမြန်နှုန်းနှေးကွေးပေမယ့်လည်း A32 LTE မှာတော့ ပိုမိုကောင်းမွန်တဲ့အချက်တစ်ခုပါတယ်။ အဲ့ဒါက 90Hz 1080P AMOLED မျက်နှာပြင်ဖြစ်ပြီးတော့ LCD ကို A32 5G ဗားရှင်းမှာ ရိုးရိုးရှင်းရှင်းသုံးထားတာကိုတွေ့ရတယ်။ ကျွန်တော်အမြင်အရတော့ Samsung ဟာ 5G model အတွက်ကုန်ကျစရိတ်ကိုလျှော့ချရန်လိုအပ်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်။  ဒါကြောင်ပဲ display ကိုအလွန်အမင်းချန်လှပ်ထားခဲ့တာဖြစ်နိုင်တဲ့လို့မြင်တယ်။ ဒီအချက်က ကျွန်တော့်အနေနဲ့ သိပ်တော့ ကောင်းမွန်တယ်လို့တော့ မထင်ဘူး။ A32 LTE နဲ့ A32 5G မှာ အခြားပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံးဟာ တူညီကြတာကိုတွေ့ရပါတယ်။

Design

ဒီဇိုင်းအရတော့ Samsung A32 ဟာတကယ့် hipster ပါပဲ။ တစ်နည်းပြောရရင် ဖုန်းရဲ့ အနောက်ဘက်ဒီဇိုင်းကကတောက်ပနေတဲ့ပလတ်စတစ်တစ်မျိုးဖြစ်ပြီး အနောက်ဘက် ကင်မရာ အစုအဖွဲ့မှာတော့ အရင်ကပုံစံတွေအတိုင်းမဟုတ်ဘဲ Bumper မပါပဲ အဲဒီအစား  ကင်မရာမှန်ဘီလူးတစ်ခုစီကနေ အနောက်ဘက်ကာဘာက အနည်းငယ်ထွက်လာတဲ့ပုံစံဖန်တီးထားပါတယ်။  ဒါ့အပြင် fingerprint sensor ကဘေးဘက် ဘောင်မှာ Power button နဲ့အတူတူဖန်တီးထားတာကြောင့် Fingerprint ကို Power button နဲ့အတူတူထားတာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမှာပါ။ A32 ထွက်လာမယ်ဆိုတော့ ဓာတ်ပုံထဲမှာမြင်ခဲ့ရတာ Glass cover ဒါမှမဟုတ် Samsung ရဲ့ မူပိုင် Matte ကာလာနဲ့ ပလပ်စတစ်ကာဗာနဲ့ထွက်လာနိုင်ပြီး Display ရဲ့ ဘေးဘောင်လေးတွေကလည်း ပါးပါးလျှားလျှားနဲ့ ဖြစ်မယ်လို့ မျှော်လင်ခဲ့ကြပါတယ်။

တကယ့်လက်တွေအပြင်မှာတွေ့ရတာတော့ အနည်းငယ်ထူတယ်လို့ခံစားပြီး ဖုန်းကိုကိုင်လိုက်တာနဲ့ သင်ကိုယ်တိုင်သတိထားမိလိုက်တာက ထူတယ်ဆိုတဲ့ခံစားချက်ပါပဲ။ အဲဒိအချက်လေးသာမရှိရင် ပိုပြီးမိုက်တဲ့ ဒီဇိုင်းရှိတဲ့ ဖုန်းတစ်လုံးဖြစ်မှာပါ။

Display

ဒီနေမှာစပြီး Samsung က ကျွန်တော်တို့ကို အချင့်မရဲဖြစ်စေမှာပဲဖြစ်ပါတယ်။ A32 5G အမျိုးအစားမှာ 720×1600 pixel display တပ်ဆင်ထားပြီး 60Hz နှုန်းဖြင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက ၆.၄ လက်မအရွယ်အစားအတွက်တော့ အများကြီးအံ့သြစရာတော့မဟုတ်ပါဘူး။ ဒါ့အပြင်မှ Display ရဲ့ အမျိုးအစားက AMOLED Display တော့မဟုတ်ပါဘူး။ IPS LCD အမျိုးအစားပဲဖြစ်ပါတယ်။ IPS LCD အမျိုးအစားဖြစ်တော့ ကျွန်တော်တို့အနေနဲ့ အချင့်မရဲဖြစ်ပေမယ့် အဆိုးအဝါးကြီးတော့မဟုတ်ပါဘူး။ အရောင်ထွက်လေးတွေကောင်းတယ် ပြင်ပ လင်းအားများတဲ့နေရာမှာ သုံးရင်လည်း အဆင်ပြေသင့်တော်တယ်။ Color ထုတ်ပေးနိုင်တာလည်း ကောင်းမွန်ပါတယ်။ ပုံမှန် User သုံးအတွက်ကတော့ HD အရည်အသွေးကို ရနိုင်တဲ့ Display တပ်ဆင်ထားတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Camera

Samsung A32 ရဲ့ ကင်မရာအခြေအနေက ပေးရတဲ့ ဈေးနဲ့ တန်တယ်လို့ ပြောရမှာပါ။ ကင်မရာတွေကကျောဘက်မှာလေးလုံးပါပြီး တစ်ခုကတော့ depth sensor ပါဝင်တဲ့ ကင်မရာဖြစ်တယ်။ အဓိက Main ကင်မရာမှာ 48MP နဲ့ Ultrawide မှာ 8MP ရှိပြီး 5MP ရှိတဲ့ macro ကင်မရာတွေကိုတပ်ဆင်ထားတယ်။ A32 5G ဖုန်းက Flagship ဖုန်းတစ်လုံး မဟုတ်တာကြောင့် ကျွန်တော်တို့ အများကြီး မျှော်လင့်မထားခဲ့ကြပေမယ့်လည်း ဒီဖုန်းဟာ ကင်မရာအရည်အသွေးမှာ ကောင်းကောင်းကြီးလုပ်ဆောင်နိုင်တာကို ရိုးရိုးသားသားအံ့အားသင့်ခဲ့ကြရပါတယ်။ A32 မှာ  optical stabilization လိုမျိုး သော့ချက်ကျတဲ့ အစိတ်အပိုင်းအနည်းငယ်မပါရှိပေးမယ့် လည်း A32 ဆီကနေ ကျွန်တော်တို့ မျော်လင့်တာထက်ပိုရရှိခဲ့ပါတယ်။ ကင်မရာကို လက်တွေအသုံးပြုရိုက်ကြည့်တဲ့အခါမှာ အရောင်တွေက ကြည့်ရတာအဆင်ပြေပါတယ်။ ဒါပေမယ့် Main Sensor ကတခါတလေမှာ Dynamic range နဲ့အနည်းငယ် အခက်တွေ့တာကို တွေ့ရတယ်။

ဒါပေမယ့်လည်း ဓာတ်ပုံရိုက်တဲ့သူအနေနဲ့ Zoom တွေ အရမ်းကြီးဆွဲမရိုက်ဘူး ဆိုရင်တော့ လှပတဲ့ဓာတ်ပုံတွေကိုရမှာပါ အဲလိုမှမဟုတ်ဘဲ Zoom ဆွဲရိုက်တာနဲ့ ဓာတ်ပုံအရည်အသွေးက ဆွဲယူသလောက်တဖြည်းဖြည်းကျသွားမှာပါ။

Zoom ကို ၁၀ ဆလောက်ဆွဲပြီးရိုက်လိုက်မယ်ဆိုရင်တော့ သင့်အနေနဲ့ ဓာတ်ပုံအစား ပန်းချီဆန်တဲ့ ပုံတစ်ပုံကို ဖုန်းကထုတ်ပေးပါလိမ့်မယ်။ Portrait mode ကို သုံးပြီးရိုက်ကူးကြည့်တဲ့အခါမှာ ဘယ်လိုဖြစ်မယ်ထင်သလဲ။ ကျွန်တော် ရိုက်ကြည့်တဲ့အခါ အခုလိုပုံတစ်ပုံကိုရခဲ့တယ်။ အရမ်းကောင်းမွန်တဲ့ ကင်မရာမဟုတ်ပေမယ့်လည်း Samsung ရဲ့  Software လုပ်ဆောင်မှုတွေကြောင့် သင့်ရဲ့ ကောင်းမွန်လှတဲ့ မှတ်သားစရာနေ့လေးတစ်နေ့ကို အကောင်းဆုံးဓာတ်ပုံတစ်ပုံအဖြစ်နဲ့ သိမ်းဆည်းထားနိုင်မှာပါ။

ထွက်လာတဲ့ ဓာတ်ပုံကို ကြည့်ရတာတော့ Background blur အနေအထားကလည်းကောင်းမွန်ပြီး အရှေ့က Subject ကို အကောင်းဆုံး Cut လုပ်ပြီးခွဲထုတ်နိုင်တာကိုတွေ့ရတယ်။

Ultrawide ကင်မရာကလည်း ကောင်းမွန်ပါတယ်။ ကာလာအရောင်ထွက်လည်းကောင်းမွန်တယ်။ လက်ခံနို်ငလောက်တဲ့ Dynamic range လည်းရှိတယ်။ ဒါပေမယ့် Detail တွေတောနည်းနည်းပျောက်နေတာကိုတွေ့ရတယ်။

နောက်ဆုံးကျွန်တော်တို့ Micro ကင်မရာနဲ့ ရိုက်ကြည့်တဲ့အခါ A52 လောက်တော့အကောင်းစား ကင်မရာမျိုးမဟုတ်ပေမယ့် ရရှိတဲ့ ဓာတ်ပုံက သုံးလို့ရတဲ့ကောင်းမွန်တဲ့ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

နောက်ပြီး Low light အနေအထားမှာ ရိုက်ကြည့်တဲ့အခါမှာ Noise တွေအရမ်းများပြီး အရောင်တွေ ရောထွေးသွားတာကိုတွေ့ရတယ်။ ဒါကြောင့် Night mode ကတော့ Low light အနေအထားကို အများကြီး အကူအညီမပေးနိုင်ပါဘူး။

အရှေ့ဘက်ကင်မရာကကော ဘယ်လိုအနေအထားရှိမလဲဆိုတော့ ရိုးရိုးသားသားပြောရရင် ပြင်ပအလင်းများတဲ့နေရာတွေမှာသုံးရင်တော့ ပုံကောင်းတွေရတာတွေ့ရတယ်။

အရောင်တွေကလည်းကောင်းတယ်။ Sharpness တွေကလည်း ကောင်းမွန်တယ်။

ဒါပေမယ်လို့ လင်းအားနည်းအနေအထားမှာတော့ Noise တွေ နည်းနည်းများတာကိုတွေ့ရတယ်။ Night mode နဲ့ စမ်းကြည့်တဲ့အခါမှာလည်း သိပ်တော့ အကူအညီမရပါဘူး။

Performance

Samsung A32 ရဲ Performance ကိုကြည့်မယ်ဆိုရင် ဒီဖုန်းဟာ မဆိုးဘူးလို့ပြောရမှာပါ။ သင့်အနေနဲ့ အရမ်းစွမ်းဆောင်ရည်မြန်တဲ့ ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ A32 က သင်အကြိုက်တွေ့မယ့်ဖုန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဗီဒီယိုကြည့်မယ် သာမန်ဂိမ်းတွေကစားဖို့ပဲရည်ရွယ်ထားတယ်ဆိုရင်တော့ လုံလောက်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Galaxy A32 5G မှာအလယ်အလတ်တန်းစား Mediatek Dimensity 720 chip ကိုတပ်ဆင်ထားပါတယ်။ ဒါဟာတကယ်ကိုအကောင်းစား Chipset ကြီးမဟုတ်ပေမယ့် အဆင်ပြေပြေလုပ်ဆောင်မှုကောင်းတဲ့ Chipset တစ်ခုပါ။ GeekBench ရမှတ်မှာ အဓိကတစ်ခုတည်းတွင်ရမှတ် ၄၇၄ မှတ်နဲ့ multi-core ရမှတ် ၁၅၅၁ မှတ်ရရှိခဲ့ပြီး A52 4G ထက်အနည်းငယ်သာကွာဟပါတယ်။ ပေါ့ပေါ့ပါးပါး ဂိမ်းတွေနဲ့ နှင့်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို စွမ်းဆောင်ပေးနိုင်တဲ့ အလယ်လတ်တန်းစားဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Battery

ဘက်ထရီသက်တမ်းအရကြည့်ရင် A32 5G ဟာတကယ်ကိုအံ့သြစရာကောင်းပါတယ်။ A42 ဟာ 5000 mAh ဘက်ထရီတပ်ဆင်ထားပြီးပုံမှန်အတိုင်း ၂ ရက်ကြာအသုံးပြုနိုင်ပါတယ်။  စကားမစပ်ပြောရမယ်ဆိုရင် ဒါဟာအံ့သြစရာကောင်းတယ်လို့ပြောနေတာကဒါကLong lasting battery မို့လို့ပါ၊ ကျွန်တော်တို့ Samsung ကကြိုးစားခဲ့တဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုရမှာပါ။ ကျနော်တို့ 60Hz မှာ ဝဘ် browsing လုပ်ပြီး ဘက်ထရီစမ်းသပ်မှုပြုခဲ့တဲ့အခါ  18 နာရီ မိနစ် 40 ခန့်ကြာအသုံးခံခဲ့ပါတယ်။ အဲ့ဒိနည်းအတိုင်း အကြိမ်ကြိမ်စမ်းသပ်ကြည့်တဲ့အခါမှာ ၁၂ နာရီနဲ့ ၁၄ နာရီကြား အသုံးခံတာကိုတွေ့ရပါတယ်။  အဲဒိနောက်မှာ Youtube ဖွင့်ပြီး စမ်းသပ်ကြည့်တဲ့အခါ ၁၁ နာရီနှင့် ၂၅ မိနစ်လောက်အသုံးခံနိုင်တာကိုတွေ့ရတယ်။ A32 5G ဟာ ကြီးမားတဲ့ဘက်ထရီနှင့်အတူ 720p တွဲဖက်သောကြောင့် တာရှည်ခံတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

အားသွင်းမြန်နှုန်းကလည်း သင့်တင့်လျောက်ပတ်တဲ့ အားသွင်းစနစ်ဖြစ်ပါတယ်။ ဖုန်းအားသွင်းစနစ်က အမြန်ဆုံးအားသွင်းစနစ်မဟုတ်ပေမယ့်လည်း ဘာအားသွင်းစနစ်မှမပါတာထက်စာရင် 15 W အားသွင်းစနစ်က အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung ဂေဟစနစ် ဖြစ်တဲ့ Long Lasting battery ဖုန်းတစ်လုံးကို သုံးမယ်ဆိုရင် A32 က တစ်လုံးအပါအဝင်ဖြစ်ပါတယ်။

သုံးသပ်ချက်

ထူးခြားချက်တစ်ခုက Galaxy A32 ဟာ Flagship ဖုန်းတစ်လုံးလို အကောင်းဆုံးတော့မဟုတ်ပါဘူး။ သင့်အနေနဲ့ Sim Card 2 ကဒ်အပြင် Memory SD ကတ်လည်း ထည့်သွင်းသုံးနိုင်ပါတယ်။  A32 မှာ 5G အထောက်အပံ့ပါဝင်ပေမယ့်လည်း sub6 အမြန်နှုန်းကိုကန့်သတ်ထားတာကိုတွေ့ရတယ်။ ရိုးရိုးသားသားပြောရရင်ဒီဖုန်းရဲ့အကောင်းဆုံးအချက်ကတော့သူ့ရဲ့ကောင်းမွန်တဲ့ဘက်ထရီနဲ့ Samsung ရဲ့ One UI 3.0 ပါပဲ။ ရေစိုခံတာဖြစ်ဖြစ် ပိုကောင်းတဲ့ ကင်မရာတွေကို သိပ်မလိုအပ်တာပဲဖြစ်ဖြစ် A52 ထက်ဈေးသက်သာချင်တဲ့ဆိုရင် ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။ ဒါကြောင့် Samsung Galaxy A32 ဟာကောင်းမွန်တဲ့ဖုန်းတစ်လုံးပါ။ ပိုကောင်းတဲ့ဗီဒီယိုတွေအတွက် OLED မျက်နှာပြင်သုံးတာပဲဖြစ်ဖြစ် ကင်မရာစနစ်မှာ optical stabilization ထည့်သွင်းလိုက်မယ်ဆိုရင် ပိုကောင်းသွားမှာပါ။ ဒါပေမယ့် သင့်အနေနဲ့ 5G စနစ် ၊ ၂ ရက်ကြာအသုံးခံတဲ့ ကြီးမားသောဘက်ထရီပါဝင်တဲ့ ဖုန်းကိုရှာနေတယ် ဈေးလည်း သက်သာချင်တယ်ဆိုရင် ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်လုံးပါပဲ။

69/100
Total Score
  • Design
    70/100 Good
  • Display
    50/100 Neutral
  • Camera
    70/100 Good
  • Performance
    70/100 Good
  • Battery
    85/100 Amazing

The Good

  • ဘက်ထရီသက်တမ်းကတော့ အကောင်းဆုံးထက် ပိုပါတယ်။
  • နားကြပ်ပေါက်ပါဝင်ပါတယ်။
  • Micro SD ကဒ်အထိုင်တစ်ခုပါဝင်တယ်။
  • 5G အထောက်အပံ့ပါဝင်ပါတယ်။
  • Main ကင်မရာက 4K 30fps အထိရိုက်ကူးနိုင်ပါတယ်။
  • အရှေ့ဘက်ကင်မရာက အတော်အတန်ကောင်းမွန်တဲ့ကင်မရာဖြစ်ပါတယ်။

The Bad

  • Display ကစျေးပေါပြီးနည်းပညာအဟောင်းသုံးထားတာပါ။ အရည်အသွေးနဲ့ resolution ကတော့မကောင်းဘူး။
  • တောက်ပတဲ့ပလတ်စတစ်ကိုယ်ထည်ကာဗာဖြစ်တဲ့အတွက်ခြစ်ရာနဲ့ လက်ဗွေရာတွေပိုထင်စေတယ်။
  • Optical Image Stabilization ကို ကင်မရာမှာ မပါဝင်ပါဘူး။
  • အလင်းအားနည်းတဲ့အခါ ရိုက်ကူးပါက Nosie များပါတယ်။
  • Low light အနေအထားမှာ Display က လင်းအားထုတ်ပေးနိုင်မှု လုံလုံလောက်လောက်မရှိပါဘူး။

Leave a Reply

Your email address will not be published.

Back to top button