Gadgets

ဘက်ထရီ ၂၁ရက်အထိ တာရှည်ခံတဲ့ ZTE Watch Live

ZTE ဟာတရုတ်နိုင်ငံမှာ Watch Live စမတ်နာရီကို မိတ်ဆက်ခဲ့ပါတယ်။ မျက်နှာပြင်အရွယ် ၁.၃လက်မ TFT LCD အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 240x 240 ရှိပါတယ်။ Watch Live အလေးချိန်က ၂၅ဂရမ်ပဲရှိပါတယ်။ IP68 ပါဝင်တာကြောင့် အကြမ်းခံပြီး ဆီလီကွန်လက်ပတ်သုံးထားပါတယ်။

သတိပေးချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြသပေးသလို သီချင်းနားထောင်တဲ့ control နဲ့ ရုံးတက်၊ ရုံးဆင်းတာကိုလည်း သတိပေးသွားပါမယ်။ ကင်မရာ ရီမုအဖြစ်လည်း သုံးလို့ရပါတယ်။ စမတ်နာရီမှာ weather app ပါဝင်လာသလို နာရီအထားမှားရင် ပြန်ရှာနိုင်ဖို့ buzz တုန်ခါသံလည်း ထည့်ထားပါတယ်။

Watch Live ဟာ ၂၄နာရီ နှလုံးခုန်နှုန်းကို တိုင်းတာပေးပြီး သွေးအောက်စီဂျင်ကိုလည်း တိုင်းတာပေးပါတယ်။ အိပ်စက်မှုကိုလည်း ခြေရာခံပေးပြီး စိတ်ဖိစီးနဲ့ အိပ်စက်မှုကိုလည်း မှတ်တမ်းတင်ပေးပါတယ်။ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံပြီး ၁၄ရက်ကနေ ၂၁ရက်အထိ အသုံးပြုနိုင်ပါတယ်။ သံလိုက် pad ကတစ်ဆင့် အားသွင်းလို့ရပါတယ်။

ZTE Watch Live ကတော့ ၃၅ဒေါ်လာကျသင့်ပြီး ဒီဇင်ဘာ ၃ရက်မှာ ဝယ်နိုင်ပါမယ်။

Source-GSMArena

Leave a Reply

Your email address will not be published.

Back to top button