ArticlesMobile Phones

Samsung ရဲ့ အသစ်ထွက်လာမယ့် နာမည်ကြီး Galaxy S21 ဆိုတာ ဘယ်လို စမတ်ဖုန်းအမျိုးအစားလဲ

Samsung ဟာ လအနည်းငယ်အတွင်း (ဇန်နဝါရီလမှာ) Galaxy S21 မိတ်ဆက်ဖို့ရှိတဲ့အတွက် သတင်းအချက်အလက်တွေ တောက်လျှောက်ဆိုသလို ထွက်နေပါတယ်။ အခုဆိုရင်တော့ Samsung Galaxy S21 တွေရဲ့ အသေးစိတ်အချက်နဲ့ feature တွေ ထွကလာပါတယ်။ Samsung Galaxy S21 တရားဝင် စာနယ်ဇင်း သရုပ်ဖော်တွေကို တွေ့ထားတယ်လို့ Android Police ကလည်း ဖော်ပြခဲ့ပါတယ်။

 

အသေးစိတ်အချက်များ Galaxy S21, O1 Galaxy S21+, T2 Galaxy S21 Ultra, P3
မျက်နှာပြင် 6.2-inch FHD+ LTPS, 120hz 6.7-inch FHD+ LTPS, 120hz 6.8-inch WQHD+ LTPO, 1-120hz adaptive
Software One UI 3.1 based on Android 11 One UI 3.1 based on Android 11 One UI 3.1 based on Android 11
CPU Snapdragon 875 or Exynos 2100 Snapdragon 875 or Exynos 2100 Snapdragon 875 or Exynos 2100
ဘက်ထရီ 4,000 mAh 4,800 mAh 5,000 mAh
ကျောဘက်ကင်မရာ Ultra wide: 12MP
Main: 12MP
Telephoto: 64MP
Ultra wide: 12MP
Main: 12MP
Telephoto: 64MP
Ultra wide: 12MP
Main: 108MP, Gen 2 sensor
3X Optical: 10MP
10X Optical: 10MP
ဖုန်းကွန်ရက် 5G, Wi-Fi 6, Bluetooth 5.1 5G, Wi-Fi 6, Bluetooth 5.1 5G, Wi-Fi 6E, Bluetooth 5.1
အရောင် Phantom Violet, Phantom Pink,
Phantom Gray, and Phantom White
Phantom Silver, Phantom Black,
and Phantom Violet
Phantom Black and Phantom Silver

 

Samsung ဟာ Galaxy S21 ကိုတော့ ၃မျိုး ထုတ်လုပ်ပါမယ်။ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra ဖြစ်ပြီး ကုတ်နာမည်တွေကတော့ O1, T2 နဲ့ P3 တို့ပဲ ဖြစ်ပါတယ်။ 

Galaxy S21 နဲ့ S21+ ဖုန်းမှာတော့ 120Hz, FHD+ format နဲ့ LTPS (အပူချိန်နည်းပါးတဲ့ ပိုလီခရစ္စတယ်လိုင်း ဆီလီကွန်) display ပါဝင်လာပါတယ်။ S21 မျက်နှာပြင်ကတော့ ၆.၃လက်မရှိပေမယ့် S21+ ကတော့ ၆.၇လက်မရှိပါတယ်။ S21 Ultra မှာလည်း 1-120Hh, WQHD+ format နဲ့ LTPO မျက်နှာပြင်ပါဝင်သလို အရွယ်အစားက ၆.၈လက်မရှိပါတယ်။ Ultra မော်ဒယ်မှာတော့ S Pen ပါဝင်လာပါမယ်။

ဖုန်းအားလုံးမှာ Androidd 11 အခြေခံ One UI 3.1 အသုံးပြုထားပါတယ်။ ဒါ့အပြင် Snapdragon 875 ဒါမှမဟုတ် Exynos 2100 ကိုပဲ အသုံးပြုထားနိုင်ပါတယ်။

ဘက်ထရီပိုင်းမှာတော့ S21 မှာတော့ 4,000mAh ဖြစ်ပြီး S21+ မှာတော့ 4,800mAh ပါဝင်လာနိုင်ပါတယ်။ Ultra  မှာတော့ 5,000mAh ပါဝင်လာပါမယ်။ ဖုန်းအားလုံးမှာ 25W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါမယ်။

S21 နဲ့ S21+ ကျောဘက်ကင်မရာကတော့ 12MP, 12MP ultrawide နဲ့ 64MP telephoto ဖြစ်ပါတယ်။ Ultra ရဲ့အဓိက  ကင်မရာကတော့ 108MP ဖြစ်ပြီး Gen 2 sensor အပြင် 10MP3X optical telephoto နဲ့ 10MP optical telephoto နဲ့ 12MP ultrawide တို့ပါဝင်တယ်လို့ သိရပါတယ်။

Samsung ဟာ Galaxy S21 နဲ့ 21+ အတွက် 5G, Wi-Fi 6 နဲ့ Bluetooth 5.1 ထည့်သွင်းထားပါတယ်။ Ultra မှာတော့ Wi-Fi 6E ပါဝင်တယ်လို့ သိရပါတယ်။ Samsung ရဲ့ပြောကြားချက်အရ  Wi-Fi 6E ဟာ သာမန် Wi-Fi 6 ထက် နှစ်ဆမြန်တယ်လို့ သိရပါတယ်။

Source- AndroidPolice, CNET

 

Leave a Reply

Your email address will not be published.

Back to top button