Apple ကိုကျော်ပြီး ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာတဲ့ Xiaomi

IDC ကပြုလုပ်ခဲ့တဲ့ သုတေသနအရ ကမ္ဘာလုံးဆိုင်ရာစမတ်ဖုန်း တင်ပို့ရောင်းချမှုက ၂၀၂၀ တတိယသုံးလပတ်အတွင်း အလုံးရေ ၃၅၃သန်း ရောင်းချခဲ့ပေမယ့် လွန်ခဲ့တဲ့တစ်နှစ်ကထက် တင်ပို့ရောင်းချမှု အနည်းငယ်နည်းပါးနေပါတယ်။
ဒီသုံးလပတ်အတွင်း Samsung ဖုန်းရောင်းအားက အပြုသဘောဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂.၉ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Huawei ကရယူသွားတဲ့ ပထမနေရာကို ပြန်ယူနိုင်ခဲ့ပါတယ်။ Samsung ဟာ စမတ်ဖုန်းဈေးကွက်ဝေစု ၂၂.၇ရာခိုင်နှုန်းနဲ့ ဖုန်းအလုံးရေ သန်း ၈၀.၄သန်းတင်ပို့နိုင်ခဲ့ပါတယ်။ Canalys နဲ့ Counterpoint ကတော့ Samsung ဟာ ၂၀၂၀ တတိယသုံးလပတ်အတွင်း ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Huawei ကတော့ စမတ်ဖုန်းရောင်းအား ဆက်လက်ကျဆင်းခဲ့ပါတယ်။
Huawei ကတော့ အနောက်ဈေးကွက်မှာ ဖုန်းရောင်းချဖို့ ရုန်းကန်နေရသလို ပြည်တွင်းမှာလည်း ဖုန်းရောင်းချမှု ကျဆင်းခဲ့ပါတယ်။ Huawei ရဲ့ခိုင်မာတဲ့ တရုတ်ဈေးကွက်မှာ စမတ်ဖုန်း တင်ပို့ရောင်းချမှု ၁၅ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ IDC ကဖော်ပြခဲ့တယ်။
Huawei ကတော့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ဒုတိယမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒါပေမယ့် Xiaomi ကတော့ ဆက်လက်တိုးတက်နေပြီး ဒုတိယနေရာကို ခြိမ်းခြောက်နေပါတယ်။
IDC အချက်အလက်အရ Xiaomi ဟာ တစ်နှစ်ထက်တစ်နှစ် ၄၂ရာခိုင်နှုန်း တိုးတက်နေပါတယ်။ အခုဆိုရင် Xiaomi က ပထမဆုံးအကြိမ်အဖြစ် ဖုန်းတင်ပို့မှုမှာ Apple ကိုကျော်တက်သွားပါတယ်။ အိန္ဒိယနိုင်ငံအတွင်း Xiaomi ရောင်းအား တိုးတက်လာတာကြောင့်လည်း ဖြစ်ပါတယ်။
Apple ကတော့ iPhone 12 မိတ်ဆက်ထားပေမယ့် ၂၀၂၀ တတိယသုံးလပတ်အတွင်း စမတ်ဖုန်းဈေးကွက်ကို မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ Apple ဟာ သုံးလပတ်အတွင်း ဖုန်းအလုံးရေ ၅သန်းပဲ တင်ပို့ရောင်းချဲ့ပြီး နှစ်စဉ်တိုးတက်မှု ၁၁ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
Source-AndroidAuthority