Mobile Phones

ဒီဇိုင်းဆန်းသစ်လှပပြီး ကောင်းမွန်သော ကင်မရာစနစ်များပါဝင်သည့် Vivo V20 စမတ်ဖုန်းသစ် မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် ၎င်း၏ flagship V-series ၏ ဖုန်းအမျိုးအစားအသစ်အား ယနေ့တွင် မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့သည်။ vivoမှ စမတ်ဖုန်းများ၏ ပရီမီယံအရည်အသွေးအား အဆင့်မြှင့်တင်သည့်အနေနှင့် professional အဆင့်မီပြီး စွမ်းအားမြင့် Autofocus (AF) နည်းပညာပါဝင်သော 44MP Eye Autofocus ကင်မရာအား ထည့်သွင်းတပ်ဆင်ပေးထားကြောင်းသိရသည်။

အသစ်ထွက်ရှိလာသည့် V20စမတ်ဖုန်းမှာ ပါးလွှာပေါ့ပါးပြီး 7.38mm သာရှိသည့် Ultra-Sleek AG Glass ဒီဇိုင်းဖြစ်သဖြင့် လူငယ်များအကြိုက် သွက်လက်မြန်ဆန်သည့် လူနေမှုပုံစံကို ကိုယ်စားပြုသည်။ ထို့အပြင် လုပ်ဆောင်မှုအလွန်ကောင်းမွန် သော 64MP နောက်ကင်မရာတွင် Super Night Mode ပါဝင်သောကြောင့် Zoom ပမာဏများစွာ ဆွဲသည့်တိုင် အလွန် ကြည်လင်ပြတ်သားသည့် ရုပ်ပုံအရည်အသွေးအား ရိုက်ချက်တိုင်းတွင် ရရှိနိုင်မည်ဖြစ်သည်။ 33W Flash Charge ဘတ်ထရီ စနစ်ပါဝင်သဖြင့် V20 အသုံးပြုသူများမှာ တနေ့တာလုံး ကြာရှည်စွာ အသုံးပြုနိုင်စေမည်လည်းဖြစ်သည်။

vivo အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ အကြိုက်ပေါ်မူတည်ပြီး အချိန်နဲ့အမျှ နည်းပညာတွေကို တိုးမြှင့်ပေးနေပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူတွေရဲ့ selfie ရိုက်ကူးမှုလိုအပ်ချက်တွေ၊ ဓာတ်ပုံရေစီးကြောင်းတွေ၊ ဆန်းသစ်တီထွင်လိုတဲ့ ဆန္ဒ တွေကို ကောင်းစွာနားလည်တဲ့အတွက် V20 မှာလည်း vivoက အနာဂတ်မှာခေတ်စားလာမယ့် ဒီဇိုင်းသွင်ပြင်နဲ့  စွမ်းဆောင်ရည် တွေကို ထည့်သွင်းထားပေးပြီး တကယ့်ကို ပရီမီယံအဆင့်ရှိတဲ့ ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ V20 မှာ အဆင့်မြှင့်တင်ထားတဲ့ Autofocus ကင်မရာလုပ်ဆောင်မှုတွေ၊ အလွန်ပါးလွှာပြီး အထာကျတဲ့ ဒီဇိုင်းတွေပါဝင်လာပြီး ဈေးကွက်လိုအပ်ချက်အားလုံးနဲ့ကိုက်ညီအောင်ထုတ်လုပ်ပေးထားပါတယ်။” ဟု Vivo မြန်မာ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့ပါသည်။

V20 ၏ ဈေးကွက်ထိပ်တန်းကင်မရာတွဲဖက်မှုသည် စွမ်းဆောင်မှုအားကောင်းပြီး အလိုအလျောက် သိမြင်နိုင်စွမ်းရှိသည့် Autofocus နည်းပညာကို ထောက်ပံ့ပေးပြီး selfieချစ်သူများအကြိုက် ကမ္ဘာ့ထိပ်တန်း selfie အရည်အသွေးကို ရရှိစေမည် ဖြစ်သည်။

 

အလိုအလျှောက်ထိန်းချုပ်နိုင်သည့် AUTO-FOCUS လုပ်ဆောင်မှုပါဝင်သည့် အဆင့်မြင့် ကင်မရာနည်းပညာ

44MP Eye Autofocus စနစ်ပါသည့်အတွက် တည်ငြိမ်သည့်ရိုက်ချက်များကို အလွယ်တကူရယူနိုင်ပါသည်။ selfie ရိုက်ကူးရာတွင် သုံးစွဲသူကို အဓိက focus အမြဲထားပြီးရိုက်ကူးသည့် စနစ်ပါဝင်သည်။ ကင်မရာတွင် တပ်ဆင်ထားသော Eye Autofocus သည် Advanced Algorithms ဖြင့် လှုပ်ရှားနေသော အရာဝတ္ထုတွေကို ခြေရာခံ၍ ပိုမိုတည်ငြိမ်ကြည်လင်သော selfie ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်း၏ စွမ်းရည်မြင့် အရာဝတ္ထုခြေရာခံခြင်း နည်းပညာသည် ဓာတ်ပုံနှင့် ဗီဒီယို အရည်အသွေးကို ပိုမိုကြည်လင်ပြတ်သားစေသည်။

အဆိုပါလုပ်ဆောင်ချက်သည် အသုံးပြုသူများမှ အနီးကပ်ရိုက်ကူး၍ဖြစ်စေ ပိုမိုဝေးကွာသောနေရာမှ ရိုက်ကူး၍ဖြစ်စေ သုံးစွဲသူအကြိုက် အမျိုးအစားစုံလင်လှပသော ရှုခင်းများရရှိနိုင်ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ selfie ရိုက်ခြင်းကို ကြိုက်နှစ်သက်သူများနှင့် content ဖန်တီးခြင်းတို့ကိုသဘောကျသူများအတွက် အဆင့်မြင့် နည်းပညာ စနစ်များဖြင့် paradigm ကိုပြန်လည်ဆန်းသစ်ထားပါသည်။

မြင့်မားတဲ့ နည်းပညာနဲ့ ရေးဆွဲထားတဲ့ အပါးလွှာဆုံး ULTRA SLEEK DESIGN နဲ့ ဆွဲဆောင်မှုရှိသော အရောင်ပေါင်းစပ်မှု

V20 သည် အပါးလွှာဆုံး ULTRA SLEEK DESIGN နှင့် စတိုင်ကျ‌‌သော အရောင်တွဲစပ်မှုတို့ကြောင့် တန်ဖိုးကြီးအသုံးအဆောင် တစ်ခုအသွင်ဆောင်ပြီး လူငယ်များ၏ နေ့စဉ်ဘဝအတွက် အထစ်အငေါ့မရှိ စမတ်ဖြစ်စေမည့် ဖုန်းတစ်လုံးဖြစ်ပါသည်။ ၁၇၁ ဂရမ်သာ အလေးချိန်ရှိပြီး ၇.၃၈ မီလီမီတာပဲရှိသည့် ပါးလွှာပေါ့ပါးသော ဒီဇိုင်းကြောင့် ထင်ပေါ်နေခြင်းဖြစ်ပါသည်။ ၆.၄၄ လက်မ AMOLED FHD+ ဖန်သားပြင်ကို အသုံးပြုထားသည့်အတွက် အရောင်ထွက်မှန်ပြီး တောက်ပတဲ့ အရောင်များကို နေ့စဉ်ဘဝတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

V20 အား အဆင်မြင့်သော စမတ်ဖုန်းတစ်ခုဖြစ်စေရန် တစ်မူထူးခြားသည့် AG မှန်သားနည်းပညာကို အသုံးပြုထားပြီး တြိဂံပုံသဏ္ဍာန် ကင်မရာများကို တပ်ဆင်ထားကာ လူငယ်တွေအတွက် ပြီးပြည့်စုံသည့် စတိုင်ကျမှုကို ရရှိစေမည်ဖြစ်ပါသည်။

အလုံးစုံပြည့်စုံအောင် အားဖြည့်ထားသည့် Performance

V20 ကို အကောင်းဆုံးအမြန်ဆုံးအသုံးပြုချင်သူများအတွက် ဒီဇိုင်းနှင့် accessory ပိုင်းနှင့် စက်ပိုင်းဆိုင်ရာတွင်ပါ သေချာစွာ ဖန်တီးထုတ်လုပ်ထားပါသည်။ အမြဲတမ်းပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်နဲ့ အသုံးပြုသူတွေအကြား အဆက်မပြတ်စေရန် အတွက် လိုအပ်မည့် features များကို သေချာစွာစဉ်းစားကာ ထည့်သွင်းထားပါသည်။

Processor and storage-V20 သည် Qualcomm® Snapdragon™ 720G processor ဖြင့် အသုံးပြုထားပြီး 8GB RAM နှင့် 128 GB ROM ပါဝင်သဖြင့် application များနှင့် ဂိမ်းများအတွက် ချောမွေ့သောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် ပါသည်။ ထို့အပြင် Funtouch OS 11 (Android 11) ကို အခြေခံသဖြင့် အဆင်ပြေ လှပမှုကိုနှစ်သက်သည့် သုံးစွဲသူ များအတွက်ဖြစ်ပါသည်။

Battery- V20 သည် 4000mAh ဘက်ထရီ၊ 33W Flash Charge ဖြင့် ပံ့ပိုးထောက်ပံ့ပေးထားသောကြောင့် လျှပ်စီးအမြန်နှုန်း ၆၅% ဖြင့် ဘက်ထရီကိုပြန်လည် အားသွင်းနိုင်ပါသည်။ အားသွင်းခြင်းလျှင်မြန်ပြီး ကြာရှည်ခံသည် ဘက်ထရီဖြင့် ထောက်ပံ့ပေးသဖြင့် သုံးစွဲသူများသည် ပိုမိုလွယ်ကူသော မိုဘိုင်းသုံးစွဲမှုအတွေ့အကြုံ နှင့် မည်သည့် အခြေအနေမျိုးမဆို ကိုယ်တိုင် မှတ်တမ်းတင်နိုင်ပါသည်။

စတင်ဖြန့်ဖြူးမည့် အသေးစိတ်အချက်အလက်များ

V20 ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွက် နိုဝင်ဘာ (၅) ရက်နေ့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ base model အနေနဲ့ ငွေကျပ် (၄၉၉,၈၀၀) ဖြင့်စတင်ရောင်းချပေးမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.

Back to top button