Mobile Phones

Samsung Galaxy S21 နဲ့ S21 Ultra ဗီဒီယိုအသစ် ထွက်ရှိ

iPhone ဖုန်းသစ်တွေက စတင်ထွက်ရှိလာချိန်မှာပဲ Samsng Galaxy S21 နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထွက်လာပါတယ်။ Samsung ဟာ Apple ရောင်းအားကို ကျော်လွန်ဖို့ စတင်ကြိုးစားတဲ့အနေနဲ့ Galaxy S21 စိတ်ဝင်စားမှုကို ရေချိန်မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။

ပြီးခဲ့တဲ့အပတ်က Samsung Galaxy S21 စီးရီးဖုန်းတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ ထွက်ခဲ့ပါတယ်။ အခုအခါမှာတော့ Galaxy S21 Ultra ပတ်ပတ်လည်ကိုရိုက်ပြထားတဲ့ ဗီဒီယိုထွက်လာပါတယ်။ အဲဒီဗီဒီယိုကတော့ @Onleaks ကနေ ထွက်လာပါတယ်။

ဗီဒီယိုအသစ်မှာတော့ Galaxy S21 Ultra ကို ထောင့်ပေါင်းစုံက ရှင်းရှင်းလင်းလင်းပြသထားပါတယ်။ Galaxy S21 Ultra အောက်ခြေမှာတော့ USB-C port နဲ့ စပီကာတို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ညာဘက်မှာတော့ ပါဝါခလုတ်၊ အသံခလုတ်တို့ပါဝင်လာပါတယ်။ ဖုန်းကျောဘက်က ကင်မရာအစိတ်အပိုင်းက ကြီးမားပြီး ကင်မရာ ၄လုံး flash ပါဝင်လာပါတယ်။

နောက်ထွက်ထွက်လာတဲ့အချက်အရ Galaxy S21 ဖုန်း display တွေက ပြန့်ပြူးတဲ့ မျက်နှာပြင်ကွေးတွေ အသုံးပြုမယ်လို့ Ice Universe ကဖော်ပြခဲ့ပါတယ်။

Source- PocketNow

Leave a Reply

Your email address will not be published.

Back to top button