Gadgets

ကိုယ်ပိုင် နှာခေါင်းစည်း Apple ထုတ်လုပ်

Apple ဟာ စက်တင်ဘာလ ၁၅ရက်မှာ ပြုလုပ်မယ့် ထုတ်ကုန်သစ် မိတ်ဆက်ပွဲအတွက် ပြင်ဆင်မှု ပြုလုပ်နေပါတယ်။ Apple ဟာ ပွဲအတွင်း ဝန်ထမ်းတွေ ဝတ်ဆင်နိုင်မယ့် ကိုယ်ပိုင် နှာခေါင်းစည်းတစ်ခုကို ထုတ်လုပ်ထားပါတယ်။

အချက်အလက်ဖော်ထုတ်တဲ့ မာ့ခ်ဂါမန်ကလည်း Apple နှာခေါင်းစည်းတွေကို ဓာတ်ပုံနဲ့ ပြသခဲ့ပါတယ်။

Apple နှာခေါင်းစည်းက LG ရဲ့ PuriCare Wearable Air Purifier နှာခေါင်းစည်းလောက် အဆင့်မမြင့်ပါဘူး။ Apple ရဲ့အထူး နှာခေါင်းစည်းမှာ အမှုန်တွေကို စစ်ထုတ်နိုင်တဲ့ အလွှာ ၃ခုပါဝင်လာပါတယ်။ Apple ရဲ့အင်ဂျင်နီယာနဲ့စက်မှုလက်မှု အဖွဲ့ သုတေသနနဲ့ အရာဝတ္ထုပေါင်းများစွာ စမ်းသပ်ပြီး နောက်ဆုံးထုတ်ကုန် အဖြစ်ဖန်တီးထားတာပါ

Apple နှာခေါင်းစည်းက ရေလျှော်နိုင်ပြီး ၅ကြိမ်အထိ ပြန်လည် အသုံးပြုနိုင်တယ်။ မေးစေ့ ထောင့်နားက နေရာက ကြိုးကို လိုသလို အတိုး၊ အလျှော့လုပ်နိုင်ပါတယ်။ ကြိဂံပုံစံ ဒီဇိုင်းကြောင့် မျက်မှန်တပ်သူတွေ မှန်ကို အငွေ့မရိုက်စေပါဘူး။

Source- GadgetMatch

Leave a Reply

Your email address will not be published.

Back to top button