Gadgets

Apple မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်များအကြောင်းသိသင့်သမျှ

Apple ဟာစက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ကုန်သစ်တွေကိုမိတ်ဆက်လိုက်ပါတယ်။ ဒီနှစ်ပွဲမှာတော့ Apple က Apple Wachနဲ့ iPadတွေကိုပဲသီးသန့်မိတ်ဆက်ခဲ့ပါတယ်။

သွေးအောက်ဆီဂျင်တိုင်းတာပေးတဲ့ Watch Series 6

Apple ကမိတ်ဆက်လိုက်တဲ့ Watch Series 6 မှာတော့ သွေးအောက်ဆီဂျင်ပမာဏကိုတိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာအစဖြစ်တဲ့ အဆုတ်နဲ့ နှလုံးဆိုင်ရာရောဂါတွေကိုလည်းခြေရာခံပေးနိုင်ပါတယ်။

Watch Series 6 မှာတော့ စွမ်းဆောင်ရည် ၂၀ရာခိုင်နှုန်းမြင့်မားတဲ့ S6 ချစ်ပ်ပါဝင်လာသလို Series 5  ထက် လင်းလက်တဲ့ display လည်းပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၉ကျသင့်ပါမယ်။

Watch SE

Apple Watch SE ကတော့ Series 6 ထက်ပိုမိုဈေးသက်သာပြီး ၂၇၉ဒေါ်လာပဲရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် S5 ပရိုဆက်ဆာကိုအသုံးပြုထားပြီးဘေးဘောင်သေးငယ်ကာနောက်ဆုံးပေါ် sensor တွေလည်းပါဝင်လာပါတယ်။

Charger မပါဝင်

Apple ဟာဝတ်ဆင်နိုင်တဲ့ထုတ်ကုန်တွေမှာ charger မထည့်သွင်းပေးထားပါဘူး။ ဒါ့အပြင် iPhone 12 မှာလည်း charger ထည့်သွင်းဖွယ်မရှိဘူးလို့ ကောလာဟလထွက်နေပါတယ်။ Apple က သဘောဝပတ်ဝန်းကျင် အကြောင်းပြချက်ကြောင့် အခုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ အခုအစီအစဉ်ကြောင့် တစ်နှစ်မှာကား ၅၀,၀၀၀နဲ့ ညီမျှတဲ့ ကာဗွန်ထုတ်လွှင့်မှုကိုသက်သာစေမယ်လို့ Apple ကပြောထားပါတယ်။

Apple Fitness+

Apple Watch တွေရဲ့ အကြီးမားဆုံးဝန်ဆောင်မှုကတော့ fitness tracking ပဲဖြစ်ပါတယ်။ Apple က fitness အတွက် လစဉ်ကြေးပေးသွင်းဝန်ဆောင်မှု Fitness+ အသစ်ကိုမိတ်ဆက်လိုက်ပါတယ်။ တစ်လဒေါ်လာ ၃၀ကျသင့်မယ့် Fitness+ ကကျန်းမာကြံ့ခိုင်ရေးဗီဒီယိုတွေပြသပေးမှာဖြစ်ပါတယ်။

Apple One

Apple ကတော့ Apple Music, Apple TV+, Apple Arcade, iCloud storage နဲ့ဝန်ဆောင်မှုများစွာကို bundle တစ်ခုတည်းလစဉ်ကြေးပေးသွင်းအသုံးပြုနိုင်မယ့် Apple One ကိုမိတ်ဆက်လိုက်ပါတယ်။ Apple One ကိုနိုင်ငံပေါင်း ၁၀၀ကျော်အတွက် မိတ်ဆက်လိုက်ပါတယ်။

iPadအသစ်

Apple ဟာမျက်နှာပြင် ၁၀.၂လက်မအရွယ် iPadကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အခုiPadမှာတော့ A12 Bionic ချစ်ပ်ပါဝင်ပြီးအရင်မော်ဒယ်ထက် ၄၀ရာခိုင်နှုန်းမြန်ဆန်ပါတယ်။ iPadအသစ်ကိုစက်တင်ဘာလ ၁၈ရက်မှာ ၃၂၉ဒေါ်လာနဲ့ စတင်ရောင်းချသွားပါမယ်။

iPad Air

iPad Air ထုတ်ကုန်သစ်ကဗတာ့ ဘေးဘောင်သေးငယ်ပြီး USB-C ထောက်ပံ့မှုပါဝင်လာပါတယ်။ iPad Air ကတော့ အရောင်အသွေးစုံလင်ပြီး rose gold အပြင် အစိမ်း၊ အပြာ၊ ငွေနဲ့ space gray အရောင်တွေလည်းထုတ်လုပ်ထားပါတယ်။ Apple ကတော့ iPad Air ပါဝါခလုတ်ထဲမှာ Touch ID ကိုထည့်ထားတယ်။

iPad Air မှာ 5nm နည်းပညာသုံး A14 CPU အသုံးပြုထားပါတယ်။ လာမယ့်လအတွင်း ၅၉၉ဒေါ်လာနဲ့ ရောင်းချပါမယ်။

iOSနဲ့ iPadOS 14

Apple ဟာ iPhone မမိတ်ဆက်ခဲ့ပေမယ့်လည်းiOS 14 ကိုစက်တင်ဘာလ ၁၆ရက်နေ့ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တစ်ရက်တည်းပဲiPadOS 14, watchOS 7 နဲ့ tvOS 14 တို့လည်းထွက်ရှိပါမယ်။

Source- TNW

Leave a Reply

Your email address will not be published.

Back to top button