Mobile Phones

108MP ကင်မရာ ပါဝင်လာမယ့် Xiaomi Mi 10T Pro

Xiaomi Mi 10T နဲ့ 10T Pro ဖုန်းတွေဟာ Amazon စပိန်ဝက်ဘ်ဆိုက်မှာ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းတွေကို တရုတ်ပြည်ပြင်ပမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Xiaomi ဟာ Mi 10T ကတော့ ယူရို ၅၅၀ကျသင့်ပြီး Snapdragon 865 chipset ကို RAM 6GB နဲ့ storage 128GB ပေါင်းစပ်ထားပါတယ်။ အဓိက ကင်မရာကတော့ 64MP ဖြစ်ပါတယ်။

Xiaomi Mi 10T Pro မှာတော့ အလားတူ chipset ကိုအသုံးပြုထားပြီး အဓိက ကင်မရာ 108MP sensor ပါဝင်လာပါမယ်။ ဈေးနှုန်းကတော့ ယူရို ၆၄၀ကျသင့်ပါမယ်။ Mi 10T Pro မှာတော့ 8/128GB ဗားရှင်းဖြစ်ပြီး 256GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပါတယ်။

Source- GSMArena

Leave a Reply

Your email address will not be published.

Back to top button