NewsUncategorized

Pixel ဖုန်းတွေအပြင် Xiaomi နဲ့ Oppo အတွက် Android 11 ကိုဖြန့်ချိမယ့် Google

Google ဟာ နောက်ဆုံးပေါ် operating system ဖြစ်တဲ့ Android 11 ကို စတင်ဖြန့်ချိပြီ ဖြစ်ပါတယ်။ Google က Android 11 ကို Pixel ဖုန်းတွေအပြင် OnePlus, Xiaomi နဲ့ Oppo ဖုန်းတွေအတွက်လည်း ဖြန့်ချိသွားပါမယ်။

Android 11 ရရှိမယ့် ဖုန်းတွေကတော့ OnePlus 8 နဲ့ 8 Pro အပြင် Oppo X2 နဲ့ Reno 3 တို့ဖြစ်ပါတယ်။ Xiaomi နဲ့ Realme ဖုန်းတွေထဲက update ရရှိမယ့် မော်ဒယ်တွေတော့ မသိသေးပါဘူး။

Android 11 မှာ လုပ်ဆောင်ချက်များစွာ ပါဝင်တယ်။ Android 11  က စကားပြောဆိုမှု၊ ထုတ်ကုန်ချင်း ချိတ်ဆက်မှုနဲ့ privacy အပေါ် အလေးပေးဆောင်ရွက်ထားတယ်လို့ Google ဘလော့မှာ ထုတ်ပြန်ထားပါတယ်။ Android 11 မှာ screen recording အပြင် media controls ကိုလည်း Quick Settings menu ထဲထည့်သွင်းထားပါတယ်။

Android 11 အတွက် အသုံးအဝင်ဆုံး လုပ်ဆောင်ချက်ကတော့ အခြား app အသုံးပြုချိန်မှာ စကားပြောဆိုမှုကို ဆက်လက်ပြုလုပ်နိုင်မယ့် Bubbles လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသတိပေးချက်တွေရဲ့ အပေါ်မှာ စကားပြောဆိုထားတဲ့ သတိပေးချက်တွေကို ကဏ္ဍတစ်ခုအဖြစ် စုစည်းပေးထားပါသေးတယ်။

Source- TheNextWeb

Leave a Reply

Your email address will not be published.

Back to top button