Mobile Phones

Flip ကင်မရာပါဝင်လာတဲ့ Asus Zenfone 7 နဲ့ 7 Pro

Asus Zenfone 7 ကတော့ gaming ဖုန်းမဟုတ်ပေမယ့် Pro ဗားရှင်းမှာတော့ ROG Phone 3 လိုမျိုး Snapdragon 865+ chipset အသုံးပြုထားပါတယ်။ Asus Zenfone 7 နဲ့ 7 Pro ရဲ့အထူးခြားဆုံး feature ကတော့ ကင်မရာဖြစ်ပါတယ်။

Asus ဟာ မနှစ်က ဖုန်းမှာ ပါဝင်တဲ့ flip ကင်မရာကို Zenfone 7 နဲ့ 7 Pro မှာတော့ အဆင့်မြှင့်တင်လိုက်ပါတယ်။ အဲဒီ flip ကင်မရာမှာ မော်တာ အသေးစားအသုံးပြုထားပါတယ်။ ကင်မရာအစိတ်အပိုင်းကို အဓိက ကိုယ်ထည်နဲ့ ခိုင်မြဲစွာ ဆက်ထားပြီး ၅နှစ်တိုင် တစ်ရက်ကို အကြိမ် ၅၀၀ လှည့်နိုင်တယ်လို့ Asus ကအာမခံထားပါတယ်။

Asus Zenfone 7 နဲ့ 7 Pro မှာ 80mm lens tele ကင်မရာ၊ 3x optical zoom ပါဝင်လာပါတယ်။ Asus Zenfone 7 Pro မှာတော့ optical image stabilization ပါဝင်လာပါတယ်။

Zenfone 7 နဲ့ 7 Pro အဓိက ကင်မရာကတော့ 64MP Sony IMX686 နဲ့အတူ 2×1 OCL autofocus ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုမှာတော့ 30fps နဲ့ 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်သလို 4K နဲ့ 120fps slow motion ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် HDR ဗီဒီယို mode အပြင် night mode algorithm လည်းတိုးတက်လာပါတယ်။

12MP ultrawide-angle ကင်မရာမှာ IMX363 sensor ပါဝင်ပါတယ်။ ဒါ့အပြင် autofocus အပြင် Dual Pixel AF လည်းပါဝင်လာပါတယ်။ အဲဒီ sensor ကြောငင့် 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး HyperSteady Video လည်းအသုံးပြုထားပါတယ်။ အခုကင်မရာကို macro ရိုက်ကူးနိုင်ပါသေးတယ်။

Zenfone 7 နဲ့ selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။ flip လုပ်နိုင်တဲ့ ကင်မရာကို အသုံးပြုထားတာကြောင့် သီးသန့် selfie ကင်မရာမပါဝင်ပါဘူး။ ကင်မရာတွေထဲက ultrawid sensor နဲ့ selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။

ZenFone 7 ဖုန်းတွေမှာ Samsung ထုတ် AMOLEd panel ပါဝင်ပြီး မျက်နှာပြင်အရွယ်စား ၆.၆၇လက်မဖြစ်ကာ Gorilla Glass 6 ပါဝင်လာပါတယ်။ မျက်နှာပြင်အရည်အသွေးက 1080p+ (20:9) ဖြစ်ပါတယ်။ မျက်နှာပြင်မှာ 90Hz refresh rate ပါဝင်လာပါတယ်။

Asus Zenfone 7 နဲ့ 7 Pro ကတော့ စက်တင်ဘာလမှာ တစ်ကမ္ဘာလုံးဆီ ရောင်းချပါမယ်။ ထိုင်ဝမ်ဈေးကွက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Zenfone 7 ရဲ့ RAM 6GB နဲ့ storage 128GB ကတော့ ၇၅၀ဒေါ်လာကျသင့်ပြီး Pro ရဲ့ 8/256GB ဗားရှင်းကတော့ ဒေါ်လာ ၉၅၀ကျသင့်နိုင်ပါတယ်။

Source-GSMArena

Leave a Reply

Your email address will not be published.

Back to top button