ArticlesMobile Phones

Android ဖုန်းတွေအတွက် အရေးအပါဆုံး app (၁၀) ခု

သုံးစွဲသူကိုယ်တိုင် Android စမတ်ဖုန်းအသစ် တစ်လုံးဝယ်ယူပြီး ဘယ်လို app အသစ်တွေ အသုံးပြုချင်ပါတယ်။ ဒါကြောင့် သုံးစွဲသူ နှစ်သက်ပြီး ဖုန်းအတွက် အရေးပါစေမယ့် app တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Maual Camera 

Android ဖုန်းအတွက် အကောင်းဆုံး အပြည့်စုံဆုံး ကင်မရာ app လို့ပြောလို့ရပါတယ်။  ဓာတ်ပုံမရိုက်ကူးခင်မှာ settings များစွာကို ချိန်ညှိထားနိုင်ပါတယ်။

LastPass

ဖုန်းတစ်မျိုး ဝယ်ယူလိုက်ရင် password တွေကိုလည်း အစအဆုံး ပြန်လည် ထည့်သွင်းရပါတယ်။ တကယ်လို့ Google Chrome က autofill လုပ်ဆောင်ချက်ကို အသုံးမပြုချင်ဘူးဆိုရင် သီးခြား password manager ကိုအသုံးပြုလို့ရပါတယ်။ LastPass မှာတော့ လုံခြုံရေးလုပ်ဆောင်ချက်များစွာ ပါဝင်ပြီး လူသုံးများပါတယ်။

Battery Widget Reborn 2020

Androidi စမတ်ဖုန်းရဲ့ ဘက်ထရီနဲ့ ပတ်သက်တဲ့ အချက်အလက် သိချင်ရင် အခု widget ကိုသုံးသင့်ပါတယ်။ အခု app ကို developer တွေက ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေပါတယ်။

Authy

Authy ကတော့ အွန်လိုင်း account တွေကို two-factor authentication နဲ့ကာကွယ်ပေးပါတယ်။ အခု app မှာလည်း password တွေသီးခြား သိမ်းဆည်းထားလို့ ရပါတယ်။

F-Secure Freedome

F-Secure Freedome ကတော့ VPN ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ အနှောင့်အယှက်နည်းပါးတဲ့ VPN app ဖြစ်သလို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

Tile

Tile ဆိုတာက ပျောက်ဆုံး၊ နေရာအထားမှားတဲ့ ပစ္စည်းတွေကို ပြန်လည် ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ပျောက်ဆုံးသွားရင်လည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

Solid Explorer File Manager

စမတ်ဖုန်းအသုံးပြုသူ တစ်ချို့ကတော့ ဖုန်းထဲက ပါဝင်ပြီးသား file manager ကိုပဲ အသုံးပြုကြပါတယ်။ အခြားသူတွေကတော့ file manager တွေကို ပြောင်းလဲသုံးစွဲတတ်ကြပါတယ်။ Solid Explorer File Manager ကတော့ လုပ်ဆောင်ချက် စုံလင်ပြီး password နဲ့ကာကွယ်တာ၊ ဖိုင်တွေကို compress လုပ်ဖို့အတွက်လည်း ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် Dropbox, OneDrive နဲ့ Google Drive လည်းထောက်ပံ့ပေးထားပါတယ်။

Speedtest

ဖုန်းရဲ့ အင်တာနက်ကွန်ရက် မြန်နှုန်းကို စစ်ဆေးနိုင်တဲ့ app ဖြစ်ပါတယ်။ Android သုံးစွဲသူအကြား ရေပန်းစားပါတယ်။

MacroDroid

MacroDroid ကတော့ စမတ်ဖုန်းပေါ် လုပ်ဆောင်ချက်အမျိုးမျိုးကို အလိုအလျောက်ပေးမယ့် app ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Password မှန်အောင် မရိုက်ထည့်နိုင်တဲ့ trigger ကိုအသုံးပြုလိုက်ရင် selfie ဓာတ်ပုံရိုက်ကူးပြီး trigger လုပ်နိုင်ပါတယ်။

Waze

Waze ဟာ Google Maps ကိုအဆင့်မြင့်စွာ အသုံးပြုနိုင်စေမယ့် ကားလမ်းညွှန် app ပဲဖြစ်ပါတယ်။ ခရီးသွားလာသူတွေအတွက် အသုံးဝင်မှာပါ။

Source-ZDNet

Leave a Reply

Your email address will not be published.

Back to top button