NewsUncategorized

ကမ္ဘာတစ်ဝန်းမှာ ရောင်းချတော့မယ့် Xiaomi ရဲ့ Mi Smart Band 5 နဲ့ Mi TWS Earphones Basic

Xiaomi ဟာ ဝတ်ဆင်နိုင်တဲ့နည်းပညာဈေးကွက်မှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ Xiaomi ဟာ Mi Band နဲ့ Bluetooth headset လိုမျိုး ဈေးသက်သာတဲ့ gadget တွေကို ထုတ်လုပ်ထားပါတယ်။ အခုတော့ Xiaomi က ဝတ်ဆင်နိုင်တဲ့ထုတ်ကုန် အသစ် ၂မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Xiaomi Mi Smart Band 5

Xiaomi က တစ်ကမ္ဘာလုံးရောင်းချမယ့် Mi Smart Band 5 အတွက် NFC ကိုမထည့်သွင်းထားပါဘူး။ တရုတ်ပြည်မှာ ရောင်းချတဲ့ Mi Smart Band 5 မှာပဲ NFC ပါဝင်လာပါတယ်။

Mi Smart Band 5 မျက်နှာပြင်အရွယ်အစားက ၁.၁လက်မဖြစ်ပါတယ်။ အခုမော်ဒယ်မှာ widget တွေပါဝင်လာသလို နှလုံးခုန်နှုန်းစောင့်ကြည့်ရေးကလည်း အရင်ကမော်ဒယ်ထက် ၅၀ရာခိုင်းနှုန်း ပိုမိုမှန်ကန်ပါတယ်။

Mi Smart Band 5 ဟာအလွယ်တကူအားသွင်းနိုင်ပါတယ်။ ဒါ့အပြင် ဆီလီကွန်လက်ပတ်ကြိုး ၆မျိုးကိုလည်း ဖြန့်ချိမှာပါ။ Mi Smart Band 5 ရဲ့ home screen အတွက် theme ၆၅ခုကိုလည်း ထည့်သွင်းထားပါတယ်။ တစ်ချို့ဇာတ်ကောင်တွေကတော့ ကာတွန်းဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။

ဘက်ထရီသက်တမ်းက ၁၄ရက်အထိ အသုံးပြုနိုင်ပြီး ရေစိုခံနိုင်ရည်ကတော့ ATM5 အဆင့်ရှိပါတယ်။ Mi Smart Band 5 မှာပါဝ်ငတဲ့ ကင်မရာ remote shutter key လုပ်ဆောင်ချက်ကို အသုံးပြုပြီး အဝေးကနေ selfie ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

Mi Smart Band 5 ဟာ အိပ်စက်တာကို ခြေရာခံပေးဖို့ REM sleep ခြေရာခံတဲ့စနစ်ကို အဆင့်မြှင့်တင်ထားပါတယ်။ ဒါ့အပြင် စိတ်ဖိစိးမှု အဆင့်ကို ခြေရာခံပြီး အသက်ရှုလေ့ကျင့်ခန်းတွေလည်း ညွှန်ကြားပေးပါမယ်။ Xiaomi က Mi Smart Band 5 ကိုယူရို ၄၀နဲ့ စတင်ရောင်းချပါမယ်။

Mi TWS Earphones Basic

Mi TWS Earphones Basic မှာတော့ ၁၄.၂မီလီမီတာ dynamic diaphragm တွေပါဝင်ပြီး အသံအရည်အသွေးမြင့်စေဖို့ AAC audio codec ကိုထောက်ပံ့ထားပါတယ်။ ဒါ့အပြင် မိုက်တွေ အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုတွေအတွက် ဆူညံသံလျှော့ချပေးပါတယ်။

အခု bud တွေမှာ touch နဲ့ထိန်းချုပ်နိုင်ပါတယ်။ Smart ear detection နည်းပညာက‌တော့ နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်တာနဲ့ သီချင်းကို pause လုပ်ပေးပြီး နားမှာပြန်တပ်လိုက်ရင် သီချင်းပြန်လာပါမယ်။ Xiaomi ဖုန်းနဲ့ချိတ်ဆက်တဲ့အခါမှာလည်း အလွန်လွယ်ကူပါတယ်။

Mi TWS Earphones Basic ကိုအားတစ်ခါသွင်းရင် ၅နာရီအထိ အသုံးပြုနိုင်ပါမယ်။ နားကြပ်ရဲ့ case နဲ့အားသွင်းနိုင်ပါသေးတယ်။ နားကြပ်ကို USB-C ကနေ အားသွင်းနိုင်တဲ့အတွက် ဖုန်း charger ကိုအသုံးပြုလို့ရတယ်။

MI TWS Earphone ကတော့ ယူရို ၄၀ပဲ ကျသင့်ပါတယ်။

Source- GSMArena

Leave a Reply

Your email address will not be published.

Back to top button