Articles

Samsung Galaxy Note 20 ပွဲမှာ ဘာထုတ်ကုန်တွေ မိတ်ဆက်ဦးမှာလဲ

Samsung ဟာ ဩဂုတ်လ ၅ရက်ကျရင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲပြုလုပ်ပါမယ်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အွန်လိုင်းပွဲအဖြစ်ပဲ ပြုလုပ်ပါမယ်။ ပွဲမှာ အဓိက မိတ်ဆက်မယ့်ထုတ်ကုန်က Samsung Galaxy Note စီးရီး ဖြစ်ပါတယ်။ Galaxy Note 20 မှာ ကြီးမားလှပတဲ့ မျက်နှာပြင်နဲ့ S Pen တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ပွဲအတွင်းမှာ earbuds အသစ်ကနေ စမတ်နာရီနဲ့ ခေါက်စမတ်ဖုန်းတွေလည်း မိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။

Samsung Galaxy Note 20 စီးရီး

Samsung ဟာဒီနှစ် ဩဂုတ် Unpacked ပွဲမှာ Note 20 ဖုန်း ၂မျိုး မိတ်ဆက်နိုင်ပါတယ်။ SamMobile ဖော်ပြချက်အရ ပုံမှန် Note 20 ဖုန်းမှာ မျက်နှာပြင် ၆.၄၂လက်မ 2345x 1084 display ပါဝင်နိုင်ပါတယ်။ Note 20 Ultra မှာတော့ မျက်နှာပြင်ကွေးပါဝင်လာပါမယ်။ အခြားသတင်းတွေက Note 20 Plus လို့ရည်ညွှန်းတဲ့ ဖုန်းမှာတော့ ၆.၈၇လက်မ 2345x 1084 display ပါဝင်လာနိုင်ပါတယ်။ 

Samsung ဟာ ရုရှားဘာသာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ Note 20 Ultra ပုံကို မတော်တဆ ဖော်ပြမိခဲ့ပါတယ်။ Note 20 Ultra ကင်မရာအစိတ်အပိုင်းကို ဒီဇိုင်းပြောင်းလဲထားပါတယ်။ ကင်မရာ ၃လုံးပါဝင်လာပြီး စတုတ္ထမြောက် sensor ကတော့ 3D ToF sensor ဒါမှမဟုတ် laser autofocus ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နာမည်ကျော် သတင်းအချက်အလက်ဖော်ထုတ်သူ Ice Universe ကလည်း Note 20 ပုံတွေ ဖြန့်ချိထားတယ်။ Note 20 ဟာ Note 20 Ultra ထက် ကင်မရာ အစိတ်အပိုင်း မထင်ရှားသလို အနားကွေးတွေ မပါဝင်ဘူးလို့ သိရတယ်။ 

Ice Universe ရဲ့နောက်ထပ် ဖော်ပြချက်အရ Note 20 Plus (Note 20 Ultra ဖြစ်နိုင်) အဓိက ကင်မရာကတော့ 108-megapixel ဖြစ်ပါတယ်။ ဖုန်းရဲ့ zoom lens က 50x အထိပါဝင်ပြီး 13-megapixel ဖြစ်တယ်။

Note 20 ရဲ့ stylus ဒီဇိုင်းက မပြောင်းလဲဘူးလို့ Jimmy is Promo က ဗီဒီယိုမှာ ဖော်ပြထားပါတယ်။ Note 20 မှာ Snapdragon 865 ဒါမှမဟုတ် 865 Plus ပရိုဆက်ဆာပါဝင်လာနိုင်ပါတယ်။ Note 20 ဖုန်းတွေမှာ 5G ပါဝင်လာတယ်။ ကောလာဟလတွေအရ Note 20 Plus မျက်နှာပြင် refresh rate ကတော့ 120Hz ဖြစ်ကာ ရုပ်ထွက်အရည်အသွေး 1440p ဖြစ်ပါတယ်။

Samsung ခေါက်စမတ်ဖုန်း

Samsung ဟာ ပွဲအတွင်း Galaxy Z Flip 5G နဲ့ မျိုးဆက်သစ် Galaxy Fold စတဲ့ ခေါက်စမတ်ဖုန်းကို မိတ်ဆက်နိုင်ပါတယ်။ 

Galaxy Z Flip 5G ဖုန်းမှာ မြန်ဆန်တဲ့ Snapdragon 865 Plus ပရိုဆက်ဆာလာနိုင်ပါတယ်။ ဖုန်းရဲ့ အချက်အလက်တစ်ချို့ကို နာမည်ကျော် သတင်းဖော်ထုတ်သူ Evan Blass ကဖော်ပြထားတယ်။

Samsung ဟာ မျိုးဆက်သစ် Galaxy Fold ဖုန်းကို လုပ်ကိုင်နေတယ်လို့ SamMobile ကဖော်ပြထားပါတယ်။ ဒါပေမယ့် Unpacked ပွဲမှာ မိတ်ဆက်ဖို့ မရှိဖူးလို့ သတင်းတစ်ချို့ကပြောပါတယ်။

Galaxy Z Fold 2 ဓာတ်ပုံလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဓာတ်ပုံအရ Galaxy Z Fold 2 မျက်နှာပြင်က ပိုမိုကြီးမားပါမယ်။ အတွင်းဘက်မျက်နှာပြင်မှာ selfie ကင်မရာကို အလွန်သေးငယ်တဲ့ punch hole ထဲထည့်သွင်းထားပါတယ်။ Galaxy Z Fold 2 မှာ 5G ထောက်ပံ့မှုပါဝင်ပါမယ်။

စမတ်နာရီများ

Samsung ဟာ Galaxy Watch ကိုမိတ်ဆက်ပြီးနောက် Galaxy Watch 2 ကိုကျော်ပြီး Galaxy Watch 3 ကိုပဲ မိတ်ဆက်ဖွယ်ရှိပါတယ်။ Samsung Galaxy Watch 3 မှာ လှည့်နိုင်တဲ့ ဘေးဘောင်နဲ့ ခလုတ်တွေလည်း ပါဝင်လာနိုင်ပါတယ်။ Samsung ဟာ Galaxy Watch 3 အပြင် fitness tracker အသစ်တစ်မျိုးကိုလည်း မိတ်ဆက်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Samsung Galaxy Buds Live Earbuds

ဒီနှစ်အစောပိုင်းမှာ Samsung က ကြိုးမဲ့ earbuds ဖြစ်တဲ့ Galaxy Buds Plus ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ Samsung Galaxy Buds Live နဲ့ပတ်သက်တဲ့အချက်အလက် WinFuture နဲ့ Gizmodo UK ကနေ ထွက်လာပါတယ်။ နားကြပ်မှာ ဆူညံသံလျှော့ချပေးမယ့် စနစ်ပါဝင်ပြီး ဒီဇိုင်းကလည်း ပဲစေ့နဲ့ ဆင်ပါတယ်။

Samsung Galaxy Tab S7 နဲ့ S7 Plus

Samsung ဟာနှစ်စဉ် Galaxy Tab စီးရီး tablet တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဩဂုတ်လ Unpaced ပွဲမှာတော့ Tab S7 နဲ့ S7 Plus တို့ကို ထုတ်ဖော်ပြသနိုင်တယ်လို့ SamMobile ကဖော်ပြခဲ့ပါတယ်။

Source-TheVerge

Leave a Reply

Your email address will not be published.

Back to top button