NewsUncategorized
iPhone သုံးစွဲသူတွေအတွက် အသံသွင်း Tweet သုံးခွင့်ပေးလိုက်တဲ့ Twitter

Twitter ဟာ iOS သုံးစွဲသူတွေ အသံသွင်း tweet အသုံးပြုနိုင်အောင် ခွင့်ပြုလိုက်ပါတယ်။ အခု feature ကစမ်းသပ်နေဆဲပဲ ရှိသေးတယ်လို့ သိရပါတယ်။
သုံးစွဲသူက Tweet တစ်ခုကို စတင်ရေးသားတဲ့အခါ လှိုင်းပုံစံ icon ကိုနှိပ်ပြီး အနီရောင်ခလုတ်ကို နှိပ်ကာ အသံသွင်းနိုင်ပါတယ်။ အသံသွင်းပြီးတာနဲ့ Done ကိုနှိပ်လိုက်တာနဲ့ အသံဖိုင်ကို tweet လုပ်နိုင်ပါမယ်။ Twitter က tweet ပြုလုပ်တဲ့အခါ စာလုံးရေ ၂၈၀ကန့်သတ်ထားသလို အသံဖိုင်ကို စက္ကန့် ၁၄၀ ကန့်သတ်ထားပါတယ်။
လူတွေက အသံသွင်း tweet တွေကို အလွယ်တကူ နားထောင်နိုင်ပါတယ်။ Twitter ကအခု feature ကို iOS ပေါ်က လူအနည်းငယ်မှာပဲ စမ်းသပ်နေပါတယ်။ လာမယ့်အပတ်အနည်းငယ်အတွင်း iOS သုံးစွဲသူတွေ အားလုံး tweet လုပ်နိုင်မယ်လို့ developer တွေက ကတိပေးထားပါတယ်။
Source- PhoneArena