Articles

Sony ရဲ့ ဒီဂျစ်တယ်သီးသန့် PlayStation 5 ကမှားယွင်းတဲ့ စိတ်ကူးလား

Sony က ဒီတစ်ပတ်အတွင်း PlayStation 5 ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့သလို PS5 သီးသန့်ဂိမ်းတွေကိုလည်း အမြည်းမိတ်ဆက်ခဲ့ပါတယ်။ PlayStation Camera, မီဒီယာ remote နဲ့ ကြိုးမဲ့ headset အပါအဝင် ဂိမ်းစက်နဲ့ တွဲဖက်သုံးနို်ငတဲ့ ထုတ်ကုန်ကိုလည်း ပြသလိုက်ပါတယ်။

Sony က PS5 မော်ဒယ် ၂မျိုးကို ရောင်းချပါမယ်။ မော်ဒယ်တစ်ခုမှာ HD Blu-ray drive ပါဝင်ပြီး အခြားမော်ဒယ်ကတော့ ဒီဂျစ်တယ်ပဲ ပါဝင်ပါတယ်။ အရင်နှစ်တွေတုန်းက ဒီဂျစ်တယ်သီးသန့်ပဲ ပါဝင်တဲ့ ဂိမ်းစက် ၂ကြိမ်တိုင်တိုင် ဈေးကွက်ထဲဝင်ရောက်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီဂျစ်တယ်နဲ့ ဂိမ်းတွေကို ဝယ်ယူပြီး download ဆွဲရတာ အလွန်သက်တောင့်သက်သာရှိပါတယ်။ လူအများစုက ခွေတွေကိုလည်း ဆက်လက်ဝယ်ယူနေကြပါတယ်။ PS5  Digital Edition ကတော့ ပုံမှန် PS5 ဂိမ်းစက်ထက် ဒေါ်လာ ၅၀ ဒါမှမဟုတ် ၁၀၀နီးပါး သက်သာနိုင်ပါတယ်။

ဂိမ်းစက်အတွက် အခွေထည့်နိုင်တဲ့ optical မီဒီယာလုပ်ဆောင်ချက်က  အကျိုးကျေးဇူးများစွာရှိပါတယ်။ ဂိမ်းခွေ disc တွေက တာရှည်ခံပြီး အင်တာနက် ချို့ယွင်းနေချိန်မှာ media ထဲဝင်ပြီး ကစားနိုငင်ပါတယ်။

Sony က PS5 အတွက် Ultra HD Blu-ray player ကိုထောက်ပံ့ထားပါတယ်။ PS4 မှာတုန်းက 1080p Blu-ray ပဲပါဝင်တယ်။ PS5 ပေါ်မှာ 4K HDR ရုပ်ရှင်တွေ ကြည့်နိုင်ပါပြီ။ ဒါ့အပြင် PS5 Disc ဗားရှင်းမှာ စိတ်ကြိုက် Blu-ray, DVD နဲ့ CD တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။  PS5 မှာ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ PS4 ထက် PlayStation ဂိမ်းတွေမကစားနိုင်ပေမယ့် ဆယ်စုနှစ်များစွာအတွင်း ထွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဂီတကိုတော့ လက်လှမ်းမီအောင် ပြုလုပ်ပေးထားပါတယ်။

ခွေမပါတဲ့ ဂိမ်းစက်တွေက ဈေးကွက်ထဲ ဝင်ရောက်ဖူးပါတယ်။ အလားတူစိတ်ကူးမျိုးကို Sony ကတစ်ကြိမ် ကြိုးစားခဲ့ပါတယ်။ Xbox One S နဲ့ Xbox One X အပါအဝင် Xbox One ရဲ့ ခွေမပါတဲ့ ဗားရှင်း Xbox One S All-Digital ဆိုပြီး ထွက်ခဲ့ဖူးတယ်။ အဲဒီဂိမ်းစက် ပုံမှန်ဗားရှင်းထက် ဒေါ်လာ ၅၀သက်သာပေမယ့် ပရိသတ်တွေက မကြိုက်ကြပါဘူး။

Xbox ရဲ့ကြိုးစားမှုမတိုင်ခင် လွန်ခဲ့တဲ့နှစ် အနည်းငယ်က Sony က download သီးသန့် PSP Go ကိုဖြန့်ချိခဲ့တယ်။ Sony PSP Go ကအလွယ်တကူသယ်နိုင်တဲ့ ဂိမ်းစက်ဖြစ်ပြီး download အပေါ်မှာပဲ အမှီပြုထားပါတယ်။ ဒါ့အပြင် storage ကလည်း အကန့်အသတ်ရှိတာကြောင့် PSP Go ဂိမ်းက ကျရှုံးခဲ့ပါတယ်။ ဂိမ်းတွေရဲ့ ဒီဂျစ်တယ် download အစောပိုင်းကာလဖြစ်တာကြောင့် storage ပြဿနာက အမြဲကြုံတွေ့ရတဲ့ ပြဿနာပါ။

ယနေ့ခေတ်မှာလည်း storage ကအကန့်အသတ်ရှိတုန်းပါ။ PS5 ရဲ့ SSD ကတော့ 825GB ရှိတယ်လို့ သိရပါတယ်။ Spider-Man က 53GB ရှိပြီး Call of Duty: Modern Warfare က 65GB ဖြစ်သလို Final Fantasy 7 Remake ကလည်း 85GB ရှိပါတယ်။ PS5 ဂိမ်းတွေကို အခွေနဲ့ ဝယ်ထားရင် ကစားလိုတဲ့အချိန်မှာ ကစားနိုင်ပါမယ်။

Source- PCMag

Leave a Reply

Your email address will not be published.

Back to top button