Articles

Huawei P40 Pro နဲ့ဘာတွေလုပ်နိုင်လဲ

Huawei P40 Pro ဟာဒီဇိုင်းပိုင်း လှပပြီး သပ်ရပ်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Huawei P40 Pro မှာ App Gallery ပါဝင်ပေမယ့် app များစွာကို ထောက်ပံ့ထားနိုင်ပါတယ်။

စိတ်ကြိုက်မိုဘိုင်းဂိမ်းတွေ ကစားနိုင်

Huawei P40 Pro မှာ Kirin 990 5G SoC အသုံးပြုထားပြီး RAM 8GB နဲ့ storage 256GB တို့ပါဝင်လာပါတယ်။ ဒါကြောင့် စိတ်ကြိုက်ဂိမ်းတွေကို ကစားနိုင်ဖို့ စွမ်းအင်နဲ့ memory ကတော့ လုံလောက်တာထက် ပိုပါတယ်။ App Gallery ကတစ်ဆင့် Asphalt 9 ကို download ရယူနိုင်ပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါး Candy Crunch လိုမျိုးဂိမ်းကိုလည်း ကစားလို့ရပါတယ်။

အကြိုက်ဆုံး TV အစီအစဉ်တွေ

သင်က ကေဒရာမာ ပရိသတ်တစ်ယောက်ဆိုရင်တော့ Viu ကိုရွေးချယ်နိုင်ပါတယ်။ iFlix အတွင်းက နိုင်ငံရပ်ခြား အစီအစဉ်တွေနဲ့ ရုပ်ရှင်တွေအပြင် ဒေသတွင်း တီဗီစီးရီးတွေ ကြည့်လို့ရပါတယ်။ App Gallery မှာ download လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း third-party app တစ်ခုအဖြစ် Netflix ကို download လုပ်နိုင်ပါတယ်။ Huawei P40 Pro  မျက်နှာပြင်အရွယ်အစားက ၆.၅၈လက်မရှိပြီး မျက်နှာပြင်က အလွန်ကောင်းမွန်ပါတယ်။

လူမှုရေးမီဒီယာကို တာဝန်ရှိရှိ သုံးစွဲခြင်း

AppGallery ဒါမှမဟုတ် အခြားနေရာကနေ Facebook, Twitter, Instagram, Snapchat နဲ့ Kumu တို့ကို ရယူသုံးစွဲနိုင်ပါတယ်။ Huawei P40 Pro ရဲ့ 90Hz screen refresh rate မျက်နှာပြင်ငမှာ လူမှုရေးမီဒီယာသုံးရင် ပိုမိုချောမွေ့တဲ့အတွေ့အကြုံရပါမယ်။ AppGallery မှာသတင်းတွေ ဖတ်နိုင်ဖို့ CNN Breaking US & World News တို့ပါဝင်လာပါတယ်။

ကင်မရာပိုင်း

Huawei P40 Pro ရဲ့ အဓိက ကင်မရာက 50MP ဖြစ်ပြီး 12MP telephoto lens လည်းပါဝင်လာပါတယ်။ ဒါ့အပြင် 40MP wide angle ကင်မရာအပြင် TOF 3D lens တစ်ခုလည်း ထောက်ပံ့ပေးထားပါတယ်။

P40 Pro မှာ feature သစ်တွေလည်း ပါဝင်လာပါတယ်။ AI Remove Reflection ကတော့ ပြတင်းပေါက်ကတစ်ဆင့် ကောင်းကင်ရိုက်ချက်တွေကို ပံ့ပိုပေးပါတယ်။ ဓာတ်ပုံထဲက မလိုအပ်တဲ့ အရာတွေကိုဖယ်ရှားပစ်ဖို့ AI Passerby လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။

ဓာတ်ပုံတည်းဖြတ်တဲ့ tool တွေဖြစ်တဲ့ PicsArt ဒါမှမဟုတ် Photogrid ကို AppGallery မှာအလွယ်တကူ ယူနိုင်ပါတယ်။

TikTok ကြယ်ပွင့်

Huawei P40 Pro ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။ ဒါကြောင့် selfie ပုံနဲ့ ဗီဒီယိုကောင်း‌တွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် TikTok ကို AppGallery ကနေ download လုပ်ပြီး ကြယ်ပွင့်တစ်ဦး ဖြစ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အွန်လိုင်းရှော့ပင် app တွေဖြစ်တဲ့ Lazada နဲ့ Shopee တို့လည်း AppGallery မှာရှိပါတယ်။

ငွေကြေးကို စီမံခန့်ခွဲပါ

AppGallery ပေါ်က GCash နဲ့ PayMaya တို့ကတစ်ဆင့် အွန်လိုင်းငွေပေးချေမှုတွေ လုပ်နိုင်ပါတယ်။ အခုလို လူစုလူဝေးရှောင်ကြဉ်တဲ့ကာလ လူတွေနဲ့ ထိတွေ့မှုနည်းလေ ကောင်းလေပါပဲ။ BDO, Citibank နဲ့ Landback လိုမျိုး Banking app တွေလည်း ရယူနိုင်ပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button