NewsUncategorized
Samsung Galaxy Note 9 အတွက် One UI 2.1 ထွက်ရှိ

Samsung Galaxy Note 9 အတွက် One UI 2.1 ကို ဖြန့်ချိပေးနေပြီလို့ ဂျာမန်သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ Samsung Galaxy Note 9 update အသစ်နံပါတ်က N960FXXU5ETF5 ဖြစ်ပြီး ဖိုင်အရွယ်က 1.2GB ရှိပါတယ်။ အခု update ထဲမှာ feature သစ်တွေပါဝင်လာပြီး လုံခြုံရေး patch လည်းထည့်သွင်းထားတယ်
One UI 2.1 ရဲ့ အဓိက လုပ်ဆောင်ချက်တွေက ကင်မရာ app ထဲမှာ Single Take, Pro video နဲ့ AR Zone mode အပြင် Quick Share လည်းပါဝင်လာပါတယ်။ လာမယ့်အပတ်အတွင်း အခု update ကို ဒေသအသီးသီးဆီ ဖြန်မှာပါ။ Samsung Galaxy S9 နဲ့ S9+ သုံးစွဲသူတွေလည်း ရရှိမယ်လို့ သိရပါတယ်။
Source- GSMArena