ကလေးတွေ ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်အောင် ဘယ်လိုသင်ကြားပေးမလဲ

ကွန်ပျူတာဆိုတာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ World Wide Web ကသတင်းအချက်အလက်တွေ စီးဆင်းအဝေးပြေးလမ်းမကြီး ဖြစ်ပေမယ့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ မိဘတွေက ကွန်ပျူတာ၊ အင်တာနက်ကြောင့် ကလေးတွေ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အနာတရ မဖြစ်စေဖို့ ကြိုတင်ကာကွယ်မှုလုပ်သင့်ပါတယ်။
ကလေးတွေအတွက် ကွန်ပျူတာကို လုံခြုံအောင် ထားနိုင်မယ့် အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရည်အသွေးကောင်းတဲ့ ကွန်ပျူတာကို ဝယ်ယူပါ။ ညွှန်ကြားချက်အတိုင်း ကွန်ပျူတာကို ဆင်သင့်ပါတယ်။ သင့်တော်တဲ့ အလင်းရောင်ဖြစ်စေဖို့ ကွန်ပျူတာကို နေရာချပြီး သင့်တော်တဲ့ အမြင့်နဲ့ အကွာအဝေးမှာ ထိုင်ခုံကိုနေရာချပါ။

(၂) ကလေးမျက်လုံးနဲ့ ကိုက်ညီစေဖို့ ကွန်ပျူတာ screen control နဲ့ချိန်ညှိပေးပါ
(၃) ကလေးကို ကွန်ပျူတာရှေ့ ထိုင်နည်းမှန်ကန်အောင် ပြသပေးပါ။ ကွန်ပျူတာကို အသုံးပြုတဲ့အခါ keyboard နဲ့လက်တစ်တန်းတည်း ဖြစ်ရပါမယ်။ ကွန်ပျူတာ အသုံးပြုပုံမမှန်တာကြောင့် အရိုး၊ ကြွက်သားနဲ့ ကိုယ်နေဟန်ထားမှာ အနာတရ ဖြစ်တာတွေ တားဆီးနိုင်ဖို့ အင်တာနက်အကူအညီရယူပါ။
(၄) လုံခြုံရေးအစီအမံနဲ့ မိဘက ထိန်းချုပ်မှုတွေနဲ့ ပတ်သက်တာတွေ ဖတ်ပါ။ ကလေးက မသင့်တော်တဲ့ ဝက်ဘ်ဆိုက်ကို မကြည့်နိုင်ဖို့ ထိန်းချုပ်ထားသင့်ပါတယ်။ ကလေးကြည့်တဲ့ ဝက်ဘ်ဆိုက်တွေကို အချိန်ပေးပြီး စစ်ဆေးသင့်ပါတယ်။ အသက်ပေါ် အခြေခံပြီး content တွေကို ကန့်သတ်နိုင်ဖို့ MSN premium နဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူနဲ့ စစ်ဆေးနိုင်ပါတယ်။

(၅) ကလေးအရွယ် အချိုးကျစေမယ့် စားပွဲနဲ့ ထိုင်ခုံကို ဝယ်ပါ။ ထိုင်ခုံကို ချိန်ညှိပြီး ကိုယ်နေဟန်ထားမှန်၊ မမှန် စောင့်ကြည့်သင့်ပါတယ်။
(၆) Browser settings ကိုချိန်ညှိသင့်ပါတယ်။ ကလေးတွေ ကျောင်းဝက်ဘ်ဆိုက်တွေကို ကွန်ပျူတာပေါ်မှာ home page အဖြစ်ထားရှိသလို favorite အဖြစ်လည်း ကြည့်နိုင်ပါတယ်။
(၇) ကလေးတွေကို BBC history for kids လိုမျိုး မာတီမီဒီယာမျိုးစုံပါတဲ့ သင်ကြားရေး ဝက်ဘ်ဆိုက်တွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ကလေးတွေ ရင်းနှီးပြီး ပျော်ရွှင်စေမယ့် ဝက်ဘ်ဆိုက်တွေ များစွာ ရှိပါတယ်။
(၈) ကလေးနဲ့အတူ ကွန်ပျူတာကို အသုံးပြုပါ။ ကလေးတွေနဲ့ ကွန်ပျူတာမှာ ဂိမ်းအတူကစားအပြင် Discovery Channel လိုမျိုး ဝက်ဘ်ဆိုက်တွေကို ကြည့်သင့်ပါတယ်။

(၉) ကလေးတွေကို အီးမေးလ် အသုံးပြုနည်းနဲ့ message ပေးပို့တာတွေကို သင်ကြားပေးသင့်ပါတယ်။ ကလေးတွေ သင်ကြားမှုနယ်ပယ်ကို ချဲ့ထွင်ဖို့ ကွန်ပျူတာ အသုံးချနည်းကို သင်ကြားပေးပါ။
(၁၀) ကွန်ပျူတာကို စည်းကမ်းတကျ အသုံးပြုပုံကို စွဲမှတ်အောင် သင်ကြားပေးပါတယ်။ ကွန်ပျူတာ အသုံးပြုချိန်ကို သတ်မှတ်ပေးပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို နားလည်၊ လိုက်နာအောင် ညွှန်ကြားသင့်ပါတယ်။
Source- Streetdirectory